Pages

Tuesday, 6 September 2016

လူလေး အေးမောင်သို့ ပေးစာ ==============

လူလေး အေးမောင်သို့ ပေးစာ
===================
သို့
လူလေး အေးမောင်

ဘကြီးတော့ ရခိုင်အရေးမှာ ကိုဖီအာနန်ကို ပါဝင်စေတာ သဘောမကျဘူးကွဲ့
ဒီနေရာမှာတော့ လူလေးနဲ့ဘကြီး အယူအဆတူသကွဲ့
ပြောလို့ပြောတာမဟုတ်ဘူး
လူလေးနဲ့ ဘကြီးက တခုခုတော့ တခုခုပဲကွဲ့
အကြောင်းကတော့ ခုတလော လူလေးပြောဆိုနေတဲ့အရာတွေက ဘကြီးအကြိုက်တွေချည်း ဖြစ်နေတာကိုးကွဲ့

အခုရခိုင်က ဘင်္ဂလီအရေးဆိုတာကို အရင်ပြောရအောင်ကွယ်
ဒါက ကိုယ့်ပြည်တွင်းရေးပဲမို့လား
ကိုယ့် တိုင်းရင်းသား ဘင်္ဂလီတွေနဲ့ ရခိုင်တိုင်းရင်းသားညီအကိုအချင်းချင်း အရေးဟာ ဘယ်ပြည်ပနိုင်ငံသားတဦးတယောက်မှ မပါဝင်သင့်ဘူးလေ

မတော်လို့ ရန်ဖြစ်ကြရင်တောင် ကျီစယ်တဲ့သဘောပဲရှိပါတယ်ကွယ်
လူလေးလည်း မှတ်မိမယ်ထင်တယ်
လူလေးရဲ့ ကျေးဇူးရှင် သခင်ကြီးသန်းရွှေနဲ့ ကျုပ်တူကြီးတို့ရဲ့ တချိန်က ဆောင်ပုဒ်တခုကို ဘကြီးကသိပ်ကြိုက်တာကွဲ့

ဘာတဲ့...
ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတာလေ...

အဲသလိုတော့ အဖြစ်မခံနိုင်ပါဘူးကွယ်
အားလည်း မကိုးနိုင်ပါဘူး
လူလေးတို့ရဲ့ ရခိုင်က အရမ်းမျိုးချစ်စိတ်ပြင်းထန်တယ်ဆိုတာ ဘကြီးသိတာပေါ့ကွဲ့

အဲသလိုပြင်းထန်လွန်းလို့ ရခိုင်ကထွက်တဲ့ဂတ်စ်တွေကို တရုတ်ကဝယ်တော့ တရုတ်တွေလာသယ်ရင် ရခိုင်မြေမှာ ပြည်ပနိုင်ငံသားတွေ ခြေချမှာစိုးလွန်းလို့ တခါတည်းအပြီး ပိုက်သွယ်ပေးလိုက်တယ်မို့လားကွယ့်
နားအေးတာပေါ့ကွယ်
မဟုတ်ရင် ကချင်ပြည်နယ်လို တရုတ်ကားတွေတဝီဝီနဲ့ လာသယ်နေတော့ မျက်စိနောက်ပြီး သိက္ခာကျတာပေါ့ကွယ်
ဘကြီးတော့ လူလေးနဲ့ရခိုင်တွေရဲ့ ရဲရင်ထက်မြက်ပြီးပြတ်သားတာကိုတော့ အတော်သဘောကျသကွယ်
တခြားတိုင်းရင်းသားတွေနဲ့တော့ အတော်ကွာသကွဲ့

အပေါ်ကစကားပြန်ဆက်ရရင် ခုလိုကိုယ့်ပြည်တွင်းကိစ္စမှာ ကိုဖီအာနန်လို ကမ္ဘာ့သြဇာကြီးပုဂ္ဂိုလ်မျိုးတွေ ပါဝင်လာတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးကွဲ့
သူက အချိန်တနှစ်ယူပြီး လေ့လာစူးစမ်းနေမှာဆိုတော့ ဒီဘင်္ဂလီတွေ ဘယ်ကရောက်လာသလဲ၊ ဘယ်လိုလူဦးရေအဆမတန်တိုးလာသလဲဆိုတာ သိမှာပဲ
အဲဒီအခါကျရင် ဒီလူတွေက ပြည်ပနိုင်ငံသားတွေပါလို့ ပြောလိုက်ရင် လူလေးတို့သိက္ခာကျတာပေါ့ကွယ်
ဒါက ကိုယ့်ပြည်တွင်းရေးမို့လားကွဲ့
ဘယ်လိုလုပ်ပြီး ပြည်ပနိုင်ငံသားတွေ ဖြစ်နိုင်မှာလဲကွယ်

နောက်အဆိုးဆုံးကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်လို့ နေရပ်ပြန်ပို့သင့်တယ်လို့များပြောချလိုက်ရင် လူလေးတို့ပဲ အရှက်ထပ်ကွဲရမယ့်အရေးကွဲ့
ဒါက ပြည်တွင်းရေးလေကွယ်
ဘယ်က ဘယ်လိုပြည်ပနိုင်ငံကို ပြန်ပို့ဖို့ဖြစ်နိုင်မှာလဲကွယ်
လူလေးတို့အနေနဲ့ ကိုယ့်ညီအကို ဘင်္ဂလီတွေကို အဲသလောက်ထိ မရက်စက်နိုင်ဘူးမို့လားကွဲ့

အခန့်မသင့်လို့ စကားများကြ၊ အဝေမတည့်ဖြစ်ကြတဲ့အရေးမှာ ကြီးကြီးကျယ်ကျယ်လုပ်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးဟောင်း နိုဘယ်ဆုရှင်တယောက်ကို ဝင်ပါစေတာကတော့ ပြည်ပအားကိုးရာ ရောက်ပါတယ်ကွယ်

အဲဒါကြောင့် ပြန်ချုပ်လိုက်မယ်ဆိုရင်တော့..
၁။ ဒီဘင်္ဂလီတွေဟာ ပြည်ပနိုင်ငံသားမဟုတ်ခြင်း
၂။ ပြည်ပပြန်ပို့စရာအကြောင်းမရှိခြင်း
၃။ ကိုယ့်ညီအကိုအချင်းချင်း ဖြေရှင်းရမယ့်ပြဿနာဖြစ်ခြင်း
၎။ ကမ္ဘာကို ချပြစရာမလိုအပ်ခြင်း
၅။ ကမ္ဘာကလည်း စိတ်ဝင်တစားမရှိကြခြင်း
စတဲ့ အချက်တွေကြောင့် ပြည်ပနိုင်ငံသားတွေ ပါကိုမပါသင့်ဘူးလို့ ဘကြီးတော့ ထင်တယ်ကွယ်
လူလေးရဲ့ အမြှော်အမြင်ကြီးမှုကတော့ ဘကြီးလေးစားရပြန်ပေါ့ကွယ်

ဒီကိစ္စမှာ လူလေးရဲ့ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြကြတာမြင်ရတော့ ဘကြီးဖြင့်အားရလိုက်တာကွယ့်
ဒါပဲလေကွယ်...
ကိုယ့်အိမ်တွင်းရေးကို ဘယ်သူ့ဝင်ပါခိုင်းရမှာလဲ
ဟုတ်တယ်မို့လား...
ဒီညီအကိုတွေက ပြီးပျောက်သွားမယ့်ကိစ္စကို ဟိုကောင်မလေးက ​ရေးကြီးခွင်​ကျယ်​လုပ်နေတာကတော့ ဘကြီးနဲ့လူလေးတို့အတွက် ဟာသတခု၊ အပိုအလုပ်တခုဖြစ်နေတာပေါ့ကွယ်

ဒီအရေးမှာ မန်းလေးမဘသနဲ့လည်း သဘောထားတူသကွဲ့
ဘကြီးဖြင့် အစက ကိုဖီအာနန်ကို မမြင်ဖူးဘူးကွဲ့
သူတို့ပြမှပဲ မြင်ဖူးတော့တယ်
ဘယ်နှယ့် နားပေါက်ကြီးနဲ့ နားကပ်နဲ့ ကလပ်တက်တက်နဲ့ဆိုတော့ မသိရင် ရုပ်ရှင်မင်းသားကျနေတာပဲကွယ်
ဘယ်မှာ ငြိမ်းချမ်းရေးလုပ်မယ့် လူကြီးလူကောင်းပုံပေါက်လို့လဲကွဲ့

အခုမြန်မာပြည်လာရမယ်ဆိုမှ နားကပ်တွေချွတ်ပြီး နားပေါက်ကိုပြန်ပိတ်ထားတာ ဘကြီးသိတာပေါ့ကွယ်
ဘကြီးက လူအမှမဟုတ်တာ
ပေါင်းနေတဲ့လူတွေကိုက လူလေးတို့လို ထက်​ထက်​မြက်​မြက်​လူတော်တွေနဲ့ မန်းမဘသလို အထင်ကရအဖွဲ့အစည်းတွေဆိုတော့ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသလို အပေါင်းကြောင့် ဂုဏ်တက်ရတာပေါ့ကွယ်

အဲဒါတွေကြောင့် ဘကြီးကတော့ လူလေးကိုထောက်ခံသလို မန်းမဘသနဲ့ မျိုးချစ်တွေကိုလည်း အားပေးသကွဲ့
အရေးအကြောင်းဆို သူတို့ပဲ အားကိုးရတာကိုးကွဲ့
သူတို့ပြောလို့သာ ကိုဖီအာနန်က နားကပ်ကြီးနဲ့ဆိုတာ သိရတာကိုး
အတော်ကို ဗဟုသုတနဲ့ပြည့်စုံပြီး ထက်မြက်ကြသကိုးကွဲ့
ကျေးဇူးကြီးလိုက်တာကွယ်

နောက်တခု လူလေးကို ချီးကျူးစရာရှိတာက သမ္မတကိစ္စပဲကွဲ့
လူလေးပြောသလို အလှည့်ကျသမ္မတကိစ္စကို ဘကြီးသဘောကျသကွယ်
မဟုတ်ရင် ပြည်သူတင်တဲ့အမတ်တွေကမှ ထပ်ရွေးကြတာဆိုတော့ အတော်ကို ဖြစ်ဖို့မလွယ်ဘူးကွဲ့
ပြည်သူကြည်ဖြူဖို့ဆိုတာ တော်တော်ကို သိက္ခာသမာဓိရှိပြီး ရိုးသားမှဖြစ်မှာကိုးကွဲ့

အဲသလို တင်မှသာ သမ္မတဖြစ်ရမယ်ဆိုရင် လူလေးက မလွယ်ဘူးလေကွယ်
ကိုယ့်လူမျိုးတွေရှိတဲ့ ကိုယ့်မဲဆန္ဒနယ်မှာတောင် မဲရှုံးထားတာဆိုတော့ လွတ်တော်ထဲရောက်ဖို့တောင် အတော်ခက်နေတဲ့ အနေအထားဖြစ်နေတယ်
မဲကလည်း ရှုံးချင်လို့ရှုံးရတာမဟုတ်တာကွယ်
မောင်ဌေးဦးလေးပြောသလို မဲအရနည်းလို့သာ ရှုံးရတာကိုးကွယ့်
လူကြိုက်များပေမယ့်လို့ မဲရနည်းတာကတော့ ဘာတတ်နိုင်မှာလဲကွယ်
ကံအကျိုးမပေးသေးလို့ပဲ သဘောထားရမှာပေါ့
အဲဒါကြောင့် အဲဒါမျိုးတွေ ထပ်မဖြစ်ရအောင် လုပ်ဖို့ကအရေးကြီးတယ်လေကွယ်

ဟော ..
လူလေးပြောသလို အလှည့်ကျသမ္မတသာဆိုရင် ဖာတန်းသွားပြီး ဖာခေါ်သလို အချိန်တန်ရင် အလှည့်ကျ တယောက်တော့ရမှာပဲလေကွယ်
ဘာအရည်အချင်းမှ မလိုဘူး
အလှည့်ထိုင်စောင့်နေရုံပဲ
ဘယ်လောက်ကောင်းလိုက်သလဲကွယ်

ဒါကို အရည်အချင်းတွေ၊ သိက္ခာတွေ၊ ရိုးသားတာတွေရွေးနေတော့ မခက်ပေဘူးလားကွယ်
ဘကြီးကတော့ လူလေးကို ဖြစ်စေချင်တာကွဲ့
လူလေးသာ သမ္မတဖြစ်လို့ကတော့ တူမောင်ကြီးထက်တောင် ဘကြီးကအားပေးရအုံးမယ်
လူလေးရဲ့ ကျော်ကြားမှုနဲ့ ဉာဏ်ပညာအရည်အချင်းအရ ကိုဖီအာနန်လို ကုလအတွင်းရေးမှူးလောက်တော့ သနားတာပေါ့ကွယ်

လူလေးမှာ နားပေါက်လည်း မပါဘူး
အသားလည်း သိပ်မမဲဘူး
မြန်မာစကားလည်း ပြောတတ်တယ်
ဆိုတော့ကာ .. လူလေးမှ ကုလအတွင်းရေးမှူးမဖြစ် ဘယ်သူဖြစ်မလဲကွယ်
မြန်မာနိုင်ငံသမ္မတဆိုတာတောင် လူလေးအတွက် သိမ်ငယ်နေသေးတယ်

လူလေးက နယ်နယ်ရရ ပုဂ္ဂိုလ်​မှမဟုတ်တာကွယ်
တိရိစ္ဆာန်​ ဆရာဝန်လေကွယ်
ဘယ်တိရိစ္ဆာန်ကုကု ပိုက်ဆံရနေတော့ နိုင်ငံရေးကို ဘဝရပ်တည်ဖို့လုပ်နေတာမဟုတ်ဘူးဆိုတာ ဘကြီးယုံတယ်
တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးချင်လွန်းလွန်းလို့သာ ဒီလိုမြန်မာပြည်သေးသေးလေးမှာ လာပြီိး ဒုက္ခခံနေတာမဟုတ်လားကွဲ့
တကယ်ဆိုရင် လူလေးအနေနဲ့ ဒီလိုတိုင်းပြည်တပြည်၊ ပြည်နယ်တခုမပြောနဲ့ ကမ္ဘာကိုတောင် အုပ်ချုပ်လို့ရနိုင်တယ်ဆိုတာ ဘကြီးသိတာပေါ့ကွယ်
ခုလို သေးနုပ်လှတဲ့ တိုင်းပြည်မျိုးနဲ့ လူလေးနဲ့ တန်တောင်မတန်ဘူး
ဒီတခါ လှေစီးဒုက္ခသည်တွေလာရင် လိုက်သာသွားကွယ်
မြန်မာပြည်ကို ငဲ့မနေနဲ့
ဒီလောက်ဖြစ်တဲ့ဟာတွေ ပြစ်သာထားခဲ့လိုက်
လူလေးမရှိမှ လူလေးတန်ဖိုး သိလိမ့်မယ်

ကဲ.. ဒီလောက်ပဲကွယ်
ဆန္ဒပြစရာရှိတာ ပြကြကွယ်
ပိုက်ဆံပေးရမယ်ဆိုလည်း ပေးလိုက်ပေါ့ကွယ်
ဒီလောက်တော့ရင်းရမှာပေါ့

အားပေးလေးစားလျက်_
လူလေးရဲ့ တောကဘကြီး

YaeTayZa #တောကဘကြီး.

0 comments:

Post a Comment