Pages

Saturday, 10 September 2016

၂၀၁၆ဘဏ္ဍာရေးနှစ်၊ အင်းတော်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် စည်ပင်ခွန်ဆောင်ကြသော မော်လူးနှင့်ဟဲနုကျေးရွာ စည်ပင်သာယာနယ်မြေအတွင်း ကျေးရွာများအား ကွန်ကရစ်တံတား၂စင်း နှင့် ပေ၇၀၀ ကတ္တရာလမ်းခင်းခြင်းအား ချထားပေးပြီးဖြစ်သည်။...........see more

၂၀၁၆ဘဏ္ဍာရေးနှစ်၊ အင်းတော်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် စည်ပင်ခွန်ဆောင်ကြသော မော်လူးနှင့်ဟဲနုကျေးရွာ စည်ပင်သာယာနယ်မြေအတွင်း ကျေးရွာများအား ကွန်ကရစ်တံတား၂စင်း နှင့် ပေ၇၀၀ ကတ္တရာလမ်းခင်းခြင်းအား ချထားပေးပြီးဖြစ်သည်။

၂၀၁၆ခုနှစ်အတွက် မော်လူး၊မြို့မလမ်းပေါ်တံတား၁စင်းနှင့်ဟဲနုအောင်ချမ်းသာရပ်ကွက်ရှိ တံတားတစ်စင်းစုစုပေါင်းတံတားနှစ်စင်းတည်ဆောက်နေပြီဖြစ်ပြီးမော်လူးရတနာလမ်းကတ္တရာလမ်းခင်းခြင်းကိုလည်းမကြာမီစတင်တော့မည်ဖြစ်သည်။

၂၀၁၇ဘဏ္ဍာရေးနှစ်အတွက် မော်လူး၊မြို့မလမ်းအားပေ၇၀၀ကတ္တရာလမ်းခင်းမည်ဖြစ်ပြီး ကွန်ကရစ်တံတားနှစ်စင်းကိုတော့ဟဲနုကျေးရွာမှာတည်ဆောက်ခွင့်ရမှာဖြစ်သည်။

စည်ပင်ခွန်ဆောင်သောစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရပ်ကွက်များသို့သာနှစ်စဉ်နှစ်တိုင်း ကွန်ကရစ်တံတားနှစ်စင်းနှင့် ပေ၇၀၀ကတ္တရာလမ်းခင်းခွင့်ရရှိမည်ဖြစ်သည်။

ပြည်သူများထည့်ဝင်သော ပြည်သူ့ဘဏ္ဍာငွေဖြင့်ဆောက်လုပ်၍လည်း ပြည်သူများအတွက်အမှန်တစ်ကယ်လိုအပ်သောနေရာများမှာ လုပ်စေချင်ပါသည်။

ယခုလက်ရှိတည်ဆောက်နေသော တံတားနှစ်စင်းအတွက် သိန်း၂၀စီ ချပေးထားသည်ဟုသိရပါသည်။
သို့သော် တစ်ချို့သော နေရာများမှာဆောက်လုပ်နေသော တံတားမှာအမှန်တစ်ကယ် လိုအပ်သောနေရာဆိုသည်ကို မေးခွန်းထုတ်ချင်သည်။

ဟဲနုအောင်ချမ်းသာရပ်ကွက်၌ဆောက်လုပ်သောတံတားကား လိုအပ်သောနေရာ၊လူသုံးများသောနေရာများ၌ ဆောက်လုပ်ထားခြင်းမဟုတ်ပဲ၎င်းထက်ပို ဆောက်လုပ်သင့်သောနေရာများရှိနေပါလျှက်လူနေအိမ်ခြေလည်းမများ၊တစ်ဖက်ပိတ်လမ်းကြား၌ဆောက်လုပ်နေ၍ ထိုလမ်းမှာအမှန်တစ်ကယ်မလိုအပ်သေးဟုထင်မိသည်။
မည်သည့်အတွက်ကြောင့် ဆောက်လုပ်သည်ကိုတော့ ဆောက်လုပ်ရန် ပြောသည့်လူများပိုသိမည်ဖြစ်သည်။

ပြောရလျှင် ကျနော်တို့ ပါတီဝင်များသည် မိမိလုပ်ပိုင်ခွင့်ရှိသည်ဆိုစေအုံးတော့ တည်ဆောက်ခွင့်မရသေးသည့် အမှန်တစ်ကယ်လိုအပ်သည့်နေရာများအား ဦးစားပေးကာ အခွင့်အရေးကို မိမိကနောက်မှ ယူရမည်ဖြစ်သည်။အများကိုဦးစားပေးရမည်မှာ ကျနော်တို့ပါတီ၏မွန်မြတ်သော အခွင့်အရေးရတိုင်းမယူသော လေးစားစရာကောင်းသည့် စိတ်ဓာတ်ပင်ဖြစ်သည်။

မိမိရပ်ကွက်၌ မိမိအားလူအများအထင်ကြီးလာစေရန် မိမိလုပ်နိုင်သည်အရာဟုလက်မထောင်ကြွားဝါနိုင်ရန် လုပ်ဆောင်သည်ဟုဆိုလျှင်တော့ ကျနော်တို့ အရှိကိုအရှိအတိုင်းအားမနာတမ်းပြောရပေမည်။

အဆိုပါနေရာထက်ပိုအရေးပါသောပိုဆောက်လုပ်သင့်သော စာတိုက်ရုံဘေးတံတားရှိသည်။ သို့မဟုတ်ပဲ ယခုတည်ဆောက်သောတံတားနှင့်ကပ်လျှက် လူ၊ကား၊ဆိုင်ကယ်အသွားများသော မော်လူးနှင့်ကရင်၊မော်လူးနှင့်ဟဲနုရွာချင်းဆက်လမ်းပေါ်က တံတားမှာပို၍ဆောက်လုပ်သင့်သည်ဟုထင်သည်။

ကျနော်တို့သည် အရင်အစိုးရလက်ထက်တုန်းကလည်း မမှန်တာတွေ့လျှင် အခွင့်အရေးသမားများအား ရေးသားဖော်ပြခဲ့ကြသည်။ ကျနော်တို့ပါတီအာဏာရလာ၍လုပ်ပိုင်ခွင့်ရလာချိန်တွင်လည်း အခွင့်အရေးကို တစ်ဖက်စောင်းနင်းမယူမိကြစေဖို့ နဲ့ ဆင်ခြင်နိုင်ကြစေရန် သတိထားမိစေဖို့တင်လိုက်ပါတယ်ခင်ဗျာ.......။
#Maw Luu´s Images
Red Heart Images.

0 comments:

Post a Comment