Pages

Sunday, 4 September 2016

မူဆယ်မြို့နယ် နမ့်စန်ဂိုဒေါင်ကျေးရွာရှိ ဘိန်းစားကွင်း ရှင်းလင်း မူဆယ် စက်တင်္ဘာ ၎

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်စန်ဂိုဒေါင် ကျေးရွာရှိ သင်္ချီုင်းကုန်းအနီး ဘိန်းစားကွင်း၌ မူးယစ်ဆေးဝါး သုံးစွဲl ရောင်းဝယ်နေကြောင်း ဒေသခံတိုင်းရင်းသားများက သတင်းပေးသည့်အတွက် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသန်းထိုက် အနီးကပ် ကြီးကြပ်၍ ရှေ့တန်း ခမရ(၁၁)မှ ဗိုလ်ကြီး သက်ပိုင်ထွန်း ဦးစီးသော တပ်မတော်သားများ ပါဝင်သည့် တပ်စိတ်တစ်စိတ်l မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်း ဦးဆောင်သော ရဲတပ်ဖွဲ့l အမှတ်(၂၂) မူဆယ် မူးယစ်တပ်ဖွဲ့l မူခင်းတပ်ဖွဲ့စိတ်(၂)l မြို့နယ်အုပ်ချုပ်ရေးl မြို့မပြည်သူ့စစ် စသည့်ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက်l နံနက်ပိုင်းတွင် ဘိန်းစားကွင်းသို့ ရောက်ရှိပြီး မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသော အမျိုးသား (၁၁)ဦးအား ဆိုင်ကယ်(၁၀)စီးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီးl WYနှင့် 88&1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြားl ဘိန်းဖြူ  ၀.၃ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး တရားမ၀င်ဆောက်ထားသည့် တဲများအား မီးရှိုဖျက်ဆီးကာ မူဆယ်မြို့မ ရဲစခန်း၌ မူးယစ်ဆေးဝါး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ပူးပေါင်းအဖွဲ့သည် ထပ်မံရရှိထားသောသတင်းအရ အဆိုပါ ကျေးရွာရှိ ဒေါ်ချိန်ရွှေ၏ အိမ်ဝန်းအတွင်း သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ့ရာ နေအိမ်၌ ဒေါ်ချိန်ရွှေl သားနှစ်ဦးဖြစ်သော အားဟွ နှင့် အားချင့် တို့ကို အသင့်တွေ့ရပြီး နေအိမ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၃၀၀ ပြားl 88&1စိတ်ကြွရူးသွပ်ဆေးပြား ၈,၅၅၀ ပြားl ဘိန်းဖြူ ၁၀၄ ဂရမ်l မူးယစ်ဆေးဝါးရောင်းချ၍ ရသည့်ငွေဟု ယူဆရသည့် တရုတ်ငွေ ၄၀,၄၁၀ ယွမ်l မြန်မာငွေ ၅၉,၀၁၄,၀၀၀ ကျပ်l ရွှေ ၃.၁၁ ကျပ်သားနှင့် SURFကားတစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ဒေါ်ချိန်ရွှေl အားဟွ နှင့် အားချင့်တို့ကို မူဆယ်မြို့မရဲစခန်း မယ(ပ) ၁၀၂/၁၆l မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
                                        ဆရာမောင်(မူဆယ်)

0 comments:

Post a Comment