Pages

Sunday, 4 September 2016

မျှော့ကြိုး

~~~~~ (မျှော့ကြိုးဆိုတာချုံ့  ချ ည်နှပ်ချ ည် ပြု လုပ်၍ရသောအရာ) နိုင်ငံတစ်နိုင်ငံ၊ပြည်နယ်တစ်ပြည် နယ်၊မြို့နယ်တစ်ခု၊ကျေးရွာတစ်ရွာ၊ စသဖြင့်သူပတ်ဝန်းကျင်နဲ့သူလိုအပ် မယ်ထင်တာတွေကို စည်းကမ်း ဆိုတာတွေထုတ်ပြန်တတ်ကြပါ တယ်။ ခပ်ကြီးကြီးခပ်ကျ ယ်ကျ ယ် ပြောရရင်ဥပဒေပေါ့လေ။ထိုသို့ သောစည်းကမ်းတွေကို သူ့ပတ်ဝန်း ကျင်နဲ့သူ့လူ့အဖွဲ့အစည်းလိုက်နာ ကျင့်သုံးကြပါတယ်။ ဒါပေမယ့်.. ထိုစည်ကမ်းတွေကို ထုတ်ပြန်ကြတဲ့တာဝန်ရှိသူတွေက မျက်နာကြီးငယ်ကြည့်ကာ ထုတ် ထားတဲ့စည်းကမ်းတွေကိုဖောက် ဖျက်တတ်ကြလေ့ရှိသည်။အောက် ခြေလူတန်းစားတွေအပေါ်မှာ ကျောက်တိုင်ကျောက်ခဲတွေလို အခြေခိုင်လို့မယိုင်ပေမဲ့ ဌာနဆိုင် ရာကလူတွေကြတော့ရပါတယ် ဆိုပြီးထုတ်ပြန်ထားတာတွေ တဖြုတ်ဖြုတ်ကြွေကျ သွားလေ့ရှိ ကြသည်။ အဲဒီအာဏာရှင်ခေတ်ကစနစ်ဆိုး ရဲ့အပြု အမူတွေကယနေ့ခေတ် သစ်စနစ်သစ်မှာလည်းတွေ့နေမြင် နေကြရသေး၏။လူသစ်တွေ မှာလည်းအရိုးစွဲနေတဲ့မျက်နှာကြီး ရာအသားရွေးထည့် တတ်သော အကျင့်ကောင်းများကပ်ပါကြသေး သည်။ ခုလိုနိဒါန်းပျိုးနေရတာကဒီလိုဗျို့  တရားမ၀င်ပျ ဉ်ကားတွေဖမ်းတဲ့နေ့ ကအဖြစ်အပျက်လေးတစ်ခုပြော ချင်လို့ပါ။ ကျွန်တော်တို့လေးတန်ချောင်းကို ဖြတ်ကူးဖို့ဆောက်ထားတဲ့ကူးဆိပ် သက်ရင်းသာရွာနားကရွှေလေး တန်လှည်းကူးတံတားပေါ်ဝန်ချိန် များသောဘယ်ယဉ်မှ မဖြတ်သန်း ရ ဟုစည်းကမ်းထုတ်ပြန်ထားပါ သည်။ သို့သော်... တရားမ၀င်ပျ ဉ်ကားများလေးတန် ချောင်းကိုကူးဖြတ်မောင်းနှင်၍မရ သောကြောင့်ရွှေလေးတန်တံတား ပေါ်ဖြတ် သန်းမောင်းနှင်ခွင့်ပြု ခဲ့ ကြသည်။ ကျွန်တော်ပြောလိုခြင်းမှမောင်းခြင်း မမောင်းခြင်းမဟုတ်ပါ။စည်းကမ်း ဆိုသည်မှာသို့မဟုတ်ဥပဒေဆိုသည် မှာအားလုံးတန်းတူဖြစ်သင့်သည် ကိုပြောလိုခြင်းဖြစ်သည်။ ထုတ်ပြန်ထားသောစည်းကမ်းကို ဘယ်သူဘယ်ဝါမို့လို့ဆိုပြီးတိုးချ ည် ဆုတ်ချ ည်မလုပ်သင့်ပေ။အားလုံး တပြေးညီဖြစ်သင့်ပေသည်။ (မှတ်ချက်။ထိုတရားမ၀င်ပျ ဉ်ကား တွေထိုရွှေလေးတန်တံတားပေါ်သာ မောင်းနှင်ခွင့်ရပါကဖမ်းမိမည်မထင်) ဘဝအမောတွေပြေကြပါ​စေ ဘဝခရီးသည်

0 comments:

Post a Comment