Sunday, 4 September 2016
Home »
» ရောက်တတ်ရာရာအ တွေးများ
ရောက်တတ်ရာရာအ တွေးများ
09:34
No comments
သင်ကိုယ်တိုင်စပြောင်းလဲပါ
ကြားကြမှာပေါ့...
ရပ်ထဲရွာထဲ၊လူမှုကွန်ယက်တွေပေါ်
မှာအဆိုးမြင်သမားတွေကပြောနေ
ကြတယ်။
ဘာတဲ့....
ဘာပြောင်းလဲလို့လဲ တဲ့။
သနားစရာ ။
လူ့ပတ်ဝန်းကျင်မှာဘာတွေဘယ်
လိုပြောင်းလဲသွားနေကြပြီလဲဆို
တာသတိထားဂရုမမူနိုင်တာသနား
စရာပေါ့။
ရေရဲ့အတိမ်အနက်သဘောတရား
ကိုမြင်ရုံနဲ့ဘယ်သိနိုင်ပါ့မလဲ။ကိုယ်
တိုင်ထဲထဲဝင်ဝင်ဆင်းကြည့်မှသိနိုင်
မယ်လေ။
လောကကြီးဘာတွေပြောင်းလဲနေ
ပြီလဲဆိုသိချင်ရင်ကိုယ်ကိုယ်တိုင်
ပြောင်းလဲမှုဖြစ်စဉ်ကိုသိအောင်ကြိုး
စားကာကိုယ်အရင်ပြောင်းလဲပစ်
မှလောကကြီးဘာတွေပြောင်းလဲ
နေပြီလဲဆိုတာသိလိမ့်မယ်။
အဟောင်းပုံကြီးထဲနံနံစော်စော်ပေ
ထိုင်နေသ၍အသစ်ဆိုတာကသင့်
ထံရောက်မလာဘူး။
ကျု ပ်ကတော့ကိုယ်တိုင်ပြောင်းလဲ
တယ်။အပြောင်းအလဲကိုလည်းမြင်
အောင်ကြည့်တယ်။အပြောင်းအလဲ
ထဲ ထဲထဲဝင်ဝင်ပါနိုင်အောင်ကြိုးစား
တယ်။
ကဲ့...
ဘာပြောင်းလဲလို့လဲ မေးနေသူတွေ
အတွက်အပြောင်းအလဲတစ်ခုကို
ထုတ်ပြမယ်။
၂၀၁၆.၉.၂ ရက်နေ့ကတရားမ၀င်
ပျ ဉ်ကားဖမ်းပွဲ ကြီးကြားလိုက်ကြ
တယ်မဟုတ်လား။
နှစ်ပေါင်းများစွာဘယ်လောက်တိုင်
တိုင်ငြိမ်ကုပ်နေတတ်တဲ့တာဝန်ရှိ
သူတွေအဲဒီနေ့ကတော့တက်ကြွ
စွာဖမ်းဆီးလိုက်ကြလို့မော်လူးနယ်
တခွင်ပြဲပြဲစင်ကိုကျော်သွားတယ်။
ဒါဟာပြောင်းလဲခြင်းပြယုဂ်ပဲဗျ ။
တချိန်ကအာဏာဆိုတာအာဏာရှင်
ဆိုသူတွေရဲ့လက်ထဲမှာ ။ပြည်သူ
ပြည်သားတွေဘယ်လောက်သတင်း
ပေးပေးလုပ်ချင်မှထလုပ်ကြတာ။
ဒီနေ့တော့မရတော့ဘူး။ပြောင်းလဲ
နေပြီ။ပြောင်းလဲခြင်းရေစီးမှာပြည်
သူတွေပါဝင်လာလို့မမြင်ဖူးတာတွေ
မကြားဖူးတာတွေမြင်ရကြားရပြီ
လေ။
မပြောင်းလဲပါဘူး။မပြောင်းလဲပါဘူး။
လို့မျက်စိကိုအားတင်းစုံမှိတ်ခေါင်းမြီး
ခြုံ ပြီးအပြောင်းအလဲကိုမမြင်လိုပဲ
ညစ်အော်နေလို့ကတော့ပြောင်းလဲ
နေတာကိုဘယ်မြင်နိုင်ပါ့မလဲ။
ကဲ့..ရောင်းရင်းတို့ရေ...
မျ က်စိကိုဖွင့်၊နားကိုစွင့်ခေါင်းမြီးခြုံ
လှစ်ဟလို့လူ့လောကရဲ့အသံကို
အပြုသဘောဆောင်နားထောင်ကာ
အပြောင်းအလဲရေစီးကြောင်းမှာပါ
ဝင်ပြီးသင်ကိုယ်တိုင်စပြီးပြောင်းလဲ
ကြည့်လိုက်စမ်းပါ။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment