* ဝေဒနာ အမှတ်စဉ် ( ၉ ) .....*
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ပစ်ပစ်ခါခါလည်း မရှိဘူး
နှစ်နှစ်ကာကာလည်း မဖြစ်မိဘူးး
အချစ်ဆိုတာက တစ်ခါတစ်ရံမှာ
လှစ်ဟာ တတ်တာမျိုးး
မကိုးးပဲ ကြိုးစားတော့လည်း
အမျိုးမျိုးပဲ တဲ့ ...
နင် မရိုးသားခဲ့ပါဘူးလေ ။
မရှိတော့တဲ့ကမ်းးကိုမှ
တိုက်စားချင်သတဲ့လား မိသီတာ ...
ကျေးဇူးးပြု ၍ ရေအေးအေးလေးတစ်ခွက်လောက် တိုက်ခဲ့ပါ။
လွမ်းစရာရှိရင် နာတာနဲ့ဖြေတဲ့လားး
အဲ့တာဆိုရင် ငါ ... ငရဲမကြောက်တော့မှာ
အသေအချာ ..... အသေအချာပါ ။
အကြိမ်ကြိမ်သေဆုံးမှုတွေထဲသာ
ငုပ်ရှိုးခွင့် ပေးလိုက်စမ်းပါ ...
ငါ ... ခေါင်းမဖော်တမ်းး နေပြမယ် ။
ဝန်ခံပါတယ် ....
ဘဝမှာ ရေရွတ်မိခဲ့သမျှ နာမည်
တွေးကြည့်ခဲ့ရသမျှ အကြောင်းတရားး
မြင်ယောင်ခဲ့ရသမျှ မြင်ကွင်းတွေအကုန်လုံးး
နင်နဲ့ မလွှတ်ခဲ့ဘူးး မိသီတာ ...
ဒါတော့ .... ခွင့်လွှတ်ပါ ။
မိုးထဲရေထဲပဲ ဖြစ်ဖြစ်
အေးခဲနှင်းတွေကြားမှာပဲ ဖြစ်ဖြစ်
ပူပြင်းတဲ့နေရောင်အောက်ပဲ ဖြစ်ဖြစ် ကွာ
နင့်ကို ငါ ....
ခဲရာခဲဆစ်ကလေးပဲ ချစ်နေချင်တာ
ချစ် နေချင်ရုံပါ ။ ။
#လူးငယ်
3.9.2016
0 comments:
Post a Comment