အခြေခံပညာဆရာ၊ဆရာမများ လစာနှင့်ထောက်ပံ့ကြေးငွေများ တိုးမြှင့်တော့မည်ဟုသတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ညွှန်ကြားချက်များမရှိသေးဟုဆို
Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု) / 5 hours ago
အခြေခံ ပညာရှိသင်ကြားရေး ဆရာ၊ ဆရာမ များ လစာနှုန်းထားများနှင့်ထောက် ပံ့ကြေးငွေများတိုးမြှင့်တော့မည်ဟူ သည့်သတင်းများထွက်ပေါ်နေသော် လည်း ယင်းနှင့်ပတ်သက်ပြီး တရား ၀င်ညွှန်ကြားချက်များမရှိသေးကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများမှ သိရသည်။ လက်ရှိအခြေခံပညာကဏ္ဍတွင် သင်ကြားရေးဆရာ၊ ဆရာမများ၏လစာနှုန်းထားများနှင့် ထောက်ပံ့ ကြေးငွေများတိုးမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက် ရှိပြီး ယင်းကဲ့သို့ထွက်ပေါ်နေခြင်းများ သည်ကောလာဟလများသာဖြစ် ကြောင်း၊ ဆရာ၊ ဆရာမများအတွက် လစာတိုးမြှင့်ပေးမည်ဆိုသည့် ညွှန် ကြားစာများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ပညာရေးမှူးရုံးများသို့ အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားခြင်း၊ အသိ ပေးအကြောင်းကြားခြင်းများ မရှိသေး ကြောင်း သိရသည်။
""ကျွန်တော်တို့လည်း တိုးမယ် ဆိုတဲ့သတင်းတွေကြားပါတယ်။ ဒါပေမဲ့ တရားဝင်စာနဲ့ညွှန်ကြားတာမျိုးတွေ မရှိသေးပါဘူး။ တခြားဘက်တွေ တော့မသိပါဘူး။ ကျွန်တော်တို့ဘက် မှာတော့ ဘာမှမရှိသေးပါဘူး""ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ
လက် ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်း လှက စက်တင်ဘာ ၄ ရက်က ဒီမို ကရေစီတူဒေးသတင်းစာသို့ပြော သည်။
အခြေခံပညာအသိုင်းအ၀ိုင်း ရှိ ဆရာ၊ ဆရာမများကြားနှင့်လူမှု ကွန်ရက်ပေါ်တွင်လည်း ဆရာ၊ ဆရာမ များ
လစာနှုန်းထားများတိုးမြှင့်မည် ဆိုခြင်းကို သင်ကြားရေးဝန်ထမ်းဆရာ၊ ဆရာမများသာ လစာနှုန်းများတိုးမည် ဖြစ်ကြောင်း၊ မူလတန်းပြအဆင့် ၁/၂ / ၃၊ အလယ်တန်းပြအဆင့် ၁ /၂ / ၃၊ အထက်တန်းပြအဆင့် ၁ /၂ / ၃ အလိုက် လစာနှုန်းထားများကို တိုး မြှင့်မည်ဟု သတင်းများထွက်ပေါ် လျက်ရှိကြောင်းသိရသည်။
""ဆရာမကြီးတို့ဘက်မှာ လစာ နဲ့ပတ်သက်ပြီးဘာမှမကြားပါဘူး။တိုးတယ်ဆိုတာက နိုင်ငံရဲ့ခံနိုင်ရည် အပေါ်မှာလည်း မူတည်သေးတယ် လေ။ တကယ်တမ်းတိုးတယ်ဆိုရင် အခြေခံပညာဦးစီးဌာနကနေ ဆရာ မကြီးတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်
ပညာရေးမှူးရုံးတွေကို အခြေခံပညာ ဦးစီးဌာနရုံးချုပ်ကနေ တရားဝင်အ ကြောင်းကြားစာတွေပို့မှာပါ။ လစာ တိုးရင်လည်း ချက်ချင်းတိုးလို့မရ သေးဘူး။ တွက်ရချက်ရသေးတယ်။လုပ်ငန်းတွေကအများကြီးပါ။ဆရာ၊
ဆရာမတွေကဖြစ်ချင်နေတာကို ပြော နေကြတယ်လို့ထင်ပါတယ်""ဟု ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)မှ တာဝန်
ခံညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းကလည်း ယင်းနေ့တွင်ပင်ပြောသည်။
သြဂုတ် ၂၃ ရက်တွင် ပြုလုပ် သော အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် ပြီး
ရှင်းလင်းပွဲပြုလုပ်ရာ ပြည်တွင်း သတင်းထောက်များ၏ မေးမြန်းမှုကို ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင် သန်းဦးကပြန်လည်ဖြေကြားရာ အခြေ ခံပညာဆရာ၊ ဆရာမများ၏လစာ
များကိုတိုးမြှင့်ပေးရန်ရှိသော်လည်း မည်ရွေ့ မည်သည့်အချိန်တွင် တိုးမြှင့် မည်ကို အတိအကျမပြောနိုင်သေး ကြောင်း၊
တိုးမြှင့်ပေးသည့်အခါတွင် အသုံးပြုရမည့်ငွေကြေးကြီးမားကြောင်း၊ တိုးမြှင့်ပေးရန်စီစဉ်နေကြောင်းကို ပြန်လည်ဖြေကြားခဲ့သည်။
အခြေခံပညာကဏ္ဍတွင် ရရှိ သောဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်း အား ၀န်ထမ်းများလစာပေးချေရာ တွင်ပြန်လည်အသုံးပြုနေရကြောင်း သိရသည်။
Visit website
0 comments:
Post a Comment