Tuesday, 27 September 2016
Home »
» ပြူတင်းတံခါးကိုကျော်ကြည့်ခြင်း
ပြူတင်းတံခါးကိုကျော်ကြည့်ခြင်း
16:33
No comments
အမှားတွေအားကြီးနေတယ်။
လူ့လောကကြီးအမှားတွေနဲ့ပြည့်
နှက်နေတော့လူသားတွေအမှား
တွေကိုအမှန်ထင်လို့တပ်မက်နေကြ
တယ်။
ကဗျာဆရာ ကမေးလိုက်တယ်။
အမှန်ကိုအမှန်ဖြစ်စေဖို့
အားထုတ်ရတာ
ဘယ်လောက်ပင်ပန်းသလဲ...
တဲ့..
သိပ်မှန်တာပေါ့။လူသားတွေက
အမှားတွေချည်းစားသုံးနေရတော့
အမှန်တရားကိုချစ်မြတ်နိုးဖို့အား
ထုတ်ရတာပင်ပန်းတာပေါ့။
ကဗျာဆရာ ကအမှားအမှန်စိစစ်ဝေ
ဖန်နိုင်စေဖို့ကျု ပ်ကိုလုပ်နိုးလိုက်
တယ်။
ကဗျာ ကောင်းတစ်ပုဒ်စာကောင်း
တစ်ပိုဒ်ဟာခေတ်အခြေအနေကို
လှစ်ပြပြီးဖတ်မိသူကိုအလင်းပြလို့
အတွေးပွားစေပါတယ်။
အမှန်တရားဟာဆီခန်းနေတဲ့မီး
တောက်လိုမှေးမှိန်မှိန်ရယ်ပါ။အမှား
တွေအားကောင်းတဲ့အလင်းနဲ့လူ
သားတွေကိုဖျက်ဆီးဖို့ကြိုးစားနေ
တယ်။
ဒီအခြေအနေတွေကိုသတိထားမိ
စေဖို့ဆရာမာန်ဟုန်ငယ်ကအား
ပျော့ပျော့လေသံနဲ့သတိပေးနေတယ်။ကဗျာဆရာကိုယ်တိုင်လည်းအမှန်
တရားကိုချစ်မြတ်နိုးပေမယ့်ထုထည်
ကြီးမားတဲ့အမှားကိုထိုးဖောက်နေ
ရတာမ၀ံ့မရဲ...။
အမှန်တရားတွေနေရာရကြီးစိုးလာဖို့
အမှန်ချစ်သောသူတွေများဖို့လိုပါ
လိမ့်မယ်။ခက်နေတာကမိုးခါးရေ
သောက်နေသူတွေများနေတယ်။
အမှန်တရားကိုချစ်ပြရင်ပဲလူတွေ
ရဲ့မျက်လုံးတွေကဒီကောင်ရူးနေပြီ
တဲ့..။
ကျေးဇူးပါပဲ ဆရာမာန်ဟုန်ငယ်။
အမှန်တရားတွေကိုချစ်မြတ်နိုးစေ
ဖို့သတိပေးခေါင်းလောင်းထိုးလိုက်
တာကျု ပ်ဦးနှောက်နဲ့နှလုံးသားမှာ
အတော်အသံမြည်သွားတယ်။
လူသားများအမှန်တရားကိုအားသွန်
ခွန်စိုက် စိုက်ပျိုးကြရင်သိပ်ကောင်း
မယ်။
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment