Pages

Tuesday, 7 June 2016

(7.6.2016) ရက်​​နေ့ ၊​မော်​လူးအုပ်​ချုပ်​​ရေးမှူးရုံး၌ ​ပြုလုပ်​​သော (၂၄)နာရီ မီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီ၏ ၀င်​​ငွေ/ထွက်​​ငွေ စာရင်းရှင်းတမ်း......

(7.6.2016) ရက်​​နေ့ ၊​မော်​လူးအုပ်​ချုပ်​​ရေးမှူးရုံး၌ ​ပြုလုပ်​​သော (၂၄)နာရီ မီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီ၏ ၀င်​​ငွေ/ထွက်​​ငွေ စာရင်းရှင်းတမ်း......

အခမ်းအနားမှူးအဖြစ်​ အတွင်း​ရေးမှူး ဦးတင်​ဦးမှ လုပ်​​ဆောင်​၍ အခမ်းအနားကိုနံနက်​(၁၀း၂၀)နာရီအချိန်​မှစတင်​ပါသည်​။

အခမ်းအနားအစီအစဉ်​များမှာ....
၁။မော်​လူး​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးမှအဖွင့်​အမှာစကား​ပြောကြားခြင်း။
၂။ဦးတင်​လှမှ အမှာစကား​ပြောကြားခြင်း။
၃။(၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီ ဥက္ကဌ ဦးတင်​​ရွှေမှ ရ/သုံး​ငွေစာရင်းရှင်းတမ်​အား ရှင်းလင်း​ပြောကြားခြင်း။
၎။တက်​​ရောက်​လာ​သောဧည့်​သည်​​တော်​များအား ပါဝင်​​ဆွေး​နွေး​မေးမြန်းရန်​ ဖိတ်​​ခေါ်ခြင်း။
၅။အကြံပြု​ဆွေး​နွေး​မေးမြန်းတင်​ပြချက်​များအား မီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီ တာဝန်​ရှိသူများမှ ပြန်​လည်​ရှင်းလင်း​ဖြေကြားခြင်း။
၆။အုပ်​ချုပ်​​ရေးမှူးဦးစိုးမြင့်​မှ နိဂုံးချုပ်​အမှာစကား​ပြောကြားခြင်း။
၇။အခမ်းအနားပြီးဆုံး​ကြောင်း​ကြေငြာခြင်း။

(၂၄)နာရီမီလင်း​ရေး​ကော်​မတီအား(၁၉၉၅)ခုနှစ်​မှစတင်​ဖွဲ့စည်းခဲ့ခြင်းဖြစ်​​ကြောင်း၊​မော်​လူး​ဒေသမီးလင်း​ရေးအတွက်​ ပါတ်​၀န်းကျင်​ရွာ အုန်းဒုတ်​၊မင်းသာ၊စီး​မော်​၊​ညောင်​ပင်​သာရွာများတပြိုင်​နက်​တည်းမီးရရှိ​ရေးအတွက်​ ​မော်​လူးဘုရားကြီး​ကျောင်း၌ ခလရ(၅၀)​ရှေ့တန်းမှူးဗိုလ်​မှူးမျိုးခိုင်​မှဦး​ဆောင်​ကာစတင်​​ဆောင်​ရွက်​ခဲ့​ကြောင်း၊ထို့​နောက်​​ (၂၄)နာရီမီးလင်း​ရေးရရှိပြီး​နောက်​(၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​​ကော်​မတီအဖြစ်​​ပြောင်းလဲဖွဲ့စည်းခဲ့​ကြောင်း၊စတင်​ဖွဲ့စည်းစဉ်​က ရပ်​​/ကျေး ဥက္ကဌဦးတင်​​ငွေ(စစ်​မှုထမ်း​ဟောင်း)လက်​ထက်​မှစတင်​ဖွဲ့စည်းခဲ့ခြင်းဖြစ်​​ကြောင်း၊မီးလင်း​ရေး​ကော်​မတီလက်​ထက်​ ​ဆောင်​ရွက်​ခဲ့မှုမှာမှန်​မှန်​ကန်​ကန်​ ​ချွေတာသုံးစွဲခဲ့ခြင်းဖြစ်​ပြီး မီးလိုင်းဆွဲရန်​ကန်​ထရိုက်​​ပေးစဉ်​က 11KVမီးလိုင်းအား မိုင်​(၂၀​)တိုင်းရာတွင်​လည်းမိမိတို့​ကော်​မတီမှ ကိုယ်​တိုင်​တိုင်းတာခဲ့သဖြင့်​(၁)မိုင်​​ကျော်​၇သိန်း​(၈)သိန်းခန့်​သက်​သာ​စေ​ကြောင်း၊
မော်​လူး​ဒေသမီးလင်း​ရေး​ကော်​မတီမှ ကျန်​​ကျေးရွာများသို့ မီးလိုင်းဆွဲရာတွင်​ (၂)မိုင်​အတွင်းပထမဦးစား​ပေး၊(၅)မိုင်​အတွင်းဒုတိယဦးစား​ပေး၊(၁၀)မိုင်​နှင့်​အထက်​ တတိယဦးစား​ပေး မီးလိုင်းများဆွဲကြ​ကြောင်း
(၂၀၁၅)ခုနှစ်​​၊မနှစ်​ကအထိနှစ်​စဉ်​နှစ်​တိုင်းစာရင်းရှင်း​​ပေးကြောင်း၊မည်​သည့်​နှစ်​မှ​စာရင်းမရှင်းသည့်​နှစ်​မရှိ​ကြောင်း၊
မနှစ်​ကအထိ(၂၀-၂၅​)ယောက်​ခန့်​နှင့်​သာစာရင်းရှင်းကြပြီးယခုနှစ်​တွင်​အစိုးရသစ်​လက်​ထက်​၌ပွင့်​လင်းမြင်​သာစွာဖိတ်​​ခေါ်၍ (၁)နှစ်​​ကျော်​မှသာစာရင်းရှင်းနိုင်​​ကြောင်း၊ယခုနှစ်​တက်​​ရောက်​လူဦး​ရေမှာ(၅၀)​ကျော်​ခန့်​ရှိပြီးအများဆုံးဖြစ်​​ကြောင်း၊​မီတာတစ်​လုံးလျှင်​တိုင်းရုံး၌(၉၀၀၀၀)ဖြင့်​ထုတ်​ယူရ​ကြောင်း၊မော်​လူး(၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီမှ (၁)သိန်း၊(၇​)ထောင့်​(၅)ရာဖြင့်​တစ်​ဆင့်​ပြန်​လည်​ချ​ပေး​ကြောင်း၊​မော်​လူးလျှပ်​စစ်​မှူးအားမီတာတစ်​လုံးလျှင်​ ​ဆောင်​ရွက်​ခ(၉၀၀၀)နှုန်းဖြင့်​ရှင်း​ပေးရ​ကြောင်း၊အရင်​ကကိုယ်​ထူကိုယ်​ထမီးလင်း​ရေးလုပ်​​ဆောင်​ကြရပြီး၊ယခုအခါနိုင်​ငံ​တော်​မှ 33KVလိုင်းခွဲရုံအား​မော်​လူးလျှပ်​စစ်​၀င်းမှာပြည်​သူများမှထည့်​ဝင်​စရာမလိုပဲနိုင်​ငံ​တော်​အစီအစဉ်​ဖြင့်​ချ​ပေးထား​ကြောင်း၊
တက်​​ရောက်​လာ​သောဧည့်​​သည်​​တော်​များအားအကြံပြု​ဆွေး​နွေးဖို့ဖိတ်​​ခေါ်ရာ အုပ်​ချုပ်​​ရေးမှူးအ​ထောက်​အကူပြုအဖွဲ့ ဥက္ကဌ ဦး​ဇော်​လွင်​မှ (၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီအ​နေဖြင့်​ လအလိုက်​သုံးစွဲ​သော ထွက်​​ငွေစာရင်းကို လစဉ်​အ​ထောက်​အကူပြုအဖွဲ့အားအသိ​ပေး​စေလို​ကြောင်းနှင့်​အ​ထောက်​အကူပြုအဖွဲ့မှတစ်​ဆင့်​ပြည်​သူများသို့ပွင့်​လင်းမြင်​သာစွာ စာ​ရေးကပ်​ထုတ်​ပြန်​နိုင်​မည်​ဖြစ်​​ကြောင်း​ဆွေး​နွေးတင်ပြ​ပါသည်​။

မန်​ကျည်းကုန်း​ကျေးရွာ ဦးစိန်​​မောင်းမှ ၎င်းတို့​ကျေးရွာတွင်းရှိမီးတိုင်​များမှာအင်​မတန်​​သေးငယ်​​၍ အချို့တိုင်​ ​ခြေရင်းများ​ဆွေး​မြေ့​နေပြီဖြစ်​ကြောင်း တင်​ပြ​ဆွေး​နွေးပါသည်​။

အုန်းဒုတ်​​ကျေးရွာ ဦးထွန်း​အောင်​မှထွက်​​ငွေစာရင်းနံပါတ်​(၆)ပါအရ လမ်းမီးလုံးလှဲလှယ်​ကုန်​ကျစာရိတ်​-​၁၅၁၅၀၀/ကျပ်​အားရှင်းလင်း​ပေး​စေလို​ကြောင်း၊​ကျေးရွာများမှလမ်းမီးများအားမိမိတို့အစီအစဉ်​ဖြင့်​သာ လှဲလှယ်​တပ်​ဆင်​ရကြောင်းတင်​ပြရာ (၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီအတွင်း​ရေးမှူးမှ လမ်း​ထောင့်​များ၌ထွန်းထား​သော​ဟေလိုဂျင်​မီးသီးအနီများကျွမ်းရာလှဲလှယ်​တပ်​ဆင်​ရသဖြင့်​ကန်​ကျသည့်​ထွက်​ငွေစာရင်းဖြစ်​​ကြောင်းပြန်​ ည်​ရှင်းလင်းပါသည်​။

အုပ်​ချုပ်​​ရေးမှူး​အ​ထောက်​အကူပြုအဖွဲ့ အဖွဲ့ဝင်​ဦးမျိုးမင်းလတ်​မှ အ​ထောက်​အကူပြုအဖွဲ့ဥက္ကဌဦး​ဇော်​လွင်​တင်​ပြချက်​အား​ထောက်​ခံ​ဆွေး​နွေးသွားပါသည်​။

ထို့​နောက်​ဦးတင်​​ငွေ(လမ်းမ​တော်​)မှ(၂၄)နာရီမီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီသို့အကြုံပြု​ဆွေး​နွေးတင်​ပြပါသည်​။

ပြောကြားချက်​များအရ သိရ​သည်​မှာ ​ဒေါ်တင်​​ထွေးဆိုသူမှ ၎င်းတို့မီးရရှိ​ရေးအတွက်​မီးတိုင်​နှင့်​မီးကြိုးများဆွဲရာ (၁၈)သိန်းကျခံရ​ကြောင်း၊မီးလင်း​ရေး​ကော်​မတီမှ မြို့နယ်​လျှပ်​စစ်​မှူးသို့​ (၁၀)သိန်း​ပေးထားရ​ကြောင်း၊ဒေါ်တင်​​ထွေးဆိုသူမှ ​ကော်​မတီသို့(၈)သိန်းသာ​ပေးထား၍ ​ကော်​မတီမှအသားတင်​(၂)သိန်းစိုက်​ထားရ​ကြောင်းသိရပါသည်​။

ထို့​နောက်​သူ​ရောင်း​ကျေးရွာမီးလင်း​ရေး​ကော်​မတီသို့ပွင့်​လင်းမြင်​သာစွာ​ဆွေး​နွေးတင်​ပြခိုင်းရာ တစ်​အိမ်​လျှင်​ (၂၈၀၀၀၀)ကျပ်​ထည့်​ဝင်​ထားရကြောင်း​၊စာရင်းမမှန်​ကန်​မှုများရှိ၍ အချင်းချင်းညှိနှိုင်း​ဆောင်​ရွက်​သွား​စေလို​ကြောင်း မီးလိုင်းထိန်းသိမ်း​ရေး​ကော်​မတီဥက္ကဌမှမှာကြားပါသည်​။

ထို့​နောက်​အ​ထောက်​အကူပြု​ကော်​မတီအဖွဲ့ဝင်​​တစ်​ဦးဖြစ်​သူဦး​​ဇော်​၀င်းထက်​မှ ရပ်​ကွက်​များ၌ပါဝါမီတာမရှိပဲ လုပ်​ငန်းကြီးလုပ်​ကိုင်​​နေသည်​မှာ ၎င်းရပ်​ကွက်​တွင်းရှိ ကျန်​​သောအိမ်​များမီးအားအင်​မတန်​နည်းခြင်း၊မီးအားအတက်​အကျများ၍ လျှစစ်​ပစ္စည်းများထိခိုက်​ပျက်​စီးခြင်း၊လျှပ်​စစ်​၀ါယာ​ရှော့အန္တရာယ်​စိုးရိမ်​ရခြင်းများရှိ၍ ထိန်းသိမ်း​ဆောင်​ရွက်​ရန်​အစီအစဉ်​ရှိ/မရှိ ​မေးမြန်းရာ (၂၄)နာရီမီးလင်း​ရေး​ကော်​မတီဥက္ကဌမှ ၎င်း​တို့နှင့်​မသက်​ဆိုင်​သဖြင့်​​ဖြေရှင်းချက်​မ​ပေးနိုင်​​ကြောင်း​ပြောကြားပါသည်​။

ထို့​နောက်​အခမ်းအနားကို​နေ့(၁၂း၀၀)နာရီအချိန်​တွင်​ရုပ်​သိမ်းပြီးတက်​​ရောက်​လာ​သောဧည့်​သည်​​တော်​များအား နံနက်​စာတထမင်း​ကျွေး​မွေးပါသည်​။

ပြည်​သူများပွင့်​လင်းမြင်​သာစွာသိရှိနိုင်​ကြ​စေရန်​ ကျ​နော်​တို့​မော်​လူးပုံရိပ်​အဖွဲ့သားများမှ ကြိုးစားတင်​​ပေးသွားပါမည်​..........။

0 comments:

Post a Comment