Pages

Thursday, 23 June 2016

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု ရက်စွဲ-8.6.2016

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု
ရက်စွဲ-8.6.2016(ကြာသပ​တေးနေ့)

သို့/
အင်း​တော်​မြို့နယ်​ ၊ပညာ​ရေးမှူးရုံး

အထက်အကြောင်းအရာပါကိစ္စနှင့်ပါတ်သက်၍ ကျနော်တို့​မော်လူးကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းရှိပါသည်။သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူ/သားအရေအတွက် (၂)​ထောင်​ကျာ်​ရှိပြီး ဆရာဆရာမဦးရေမှာ စုစုပေါင်း(၆၀)ကျော်ရှိပါသည်။

မော်လူးဒေသမှာ ကျေးရွာအုပ်စု(၁၀)အုပ်စုရှိပြီးနှစ်စဉ်နှစ်တိုင်း (အ-ထ-က)ကျောင်းသို့တက်ရောက်သော ကျောင်းသားအရေအတွက်မှာ တိုးလာသည်သာရှိပါသည်။

ကျောင်းသားဦး​ရေများပြားသည်​ကိုအခွင့်​​ကောင်းယူ၍ ​မော်​လူး(အ.ထ.က)ကျောင်းမှအထက်တန်းပြ ဆရာတစ်​ချို့မှာ ကျူရှင်ဖွင့်ခြင်း၊ကိုယ်ပိုင်သင်တန်းဟု နာမည်ခံသော ညအိပ်ညနေ ဘော်ဒါဆောင်ဖွင့်ခြင်းတို့ကို ပေါ်တင်လုပ်ဆောင်နေကြပါသည်။

ပြင်ပတွင် ကျောင်းမှဆရာ/မ တို့ဖွင့်​ထား​သော ကျူရှင်​/ဘော်ဒါဆောင်မှာ ၃- ၄ခုရှိပြီး ပညာရေးဖြင့်စီးပွားရှာခြင်းကို ပေါ်တင်လုပ်ဆောင်နေပါသည်။

ပညာရေးမသမာမှု (သို့)ပညာရေးရာဇဝတ်မှုမြောက်သော အဆိုပါ ကျောင်းဆရာ/မများ ကျူရှင်ပြခြင်း ၊ကိုယ်ပိုင်ဘော်ဒါဆောင်ဖွင့် ခြင်းမှာ ကျနော်တို့ဒေသအတွက် ပညာရေးကဏ္ဍကောင်းမွန်လာနိုင်​စရာမမြင်ပဲ ကျောင်းသားများ အကျင့်စာရိတ္တပျက်ပြားခြင်း၊ဆရာ/မများ ကျောင်းတွင်သင်ကြားမှုအပြည့်အဝမပေးနိုင်​ခြင်း၊ကျောင်းသားများအားမျက်​နှာလိုက်​ခြင်း၊မိမိ​ဘော်​ဒါမှ​ကျောင်းသားများအား မိမိထုတ်​​သောမေးခွန်းများ သိ​စေခြင်း၊ အလွတ်ကျက်ပညာရေးစနစ်ကိုသာအသက်သွင်းအကောင်အထည်ဖော်ပေးခြင်း၊ဆရာ/မအချင်းချင်း အပြိုင်အဆိုင်ကျောင်းသားဆွဲခေါ်ခြင်း၊ ကျောင်းသားနှင့်ဆရာ ကြားဆက်ဆံရေးမှာ ငွေပေးဆက်ဆံရေးဖြစ်စေပြီး ဆရာ/မအချင်းချင်းစည်းလုံးမှုပျက်စေခြင်း တို့ ဖြစ်​​စေနိုင်​ပါသည်။

မော်လူးအထကကျောင်းသို့ လွန်​ခဲ့​သော(၃)နှစ်​ခန့်​ကမှ​ရောက်​လာ​သောဆရာနှစ်​​ယောက်​မှာ မော်လူး ရတနာလမ်းတွင် ကံ့ကော်ဟူသောအမည်နှင့်ဘော်ဒါဆောင်ကို ပေါ်တင်ဖွင့်လှစ်သင်ကြားနေသည်မှာ လာရောက်စစ်ဆေးလျှင်တွေ့ရှိနိုင်မည်ဖြစ်သည်။

ကံ့ကော်ဘော်ဒါဆောင်၏အဆောင်မှူးမှာ ပြင်ပဘွဲ့ရ အပြင်လူအမျိုးသမီးတစ်ယောက်ကိုနာမည်ခံသက်သက်ခံခိုင်း၍ အမှန်တစ်ကယ်တွင် (အ.ထ.က)ကျောင်းမှ ဆရာနှစ်​​ယောက်​ ဦးဆောင်​သင်ကြားနေသော ဘော်ဒါဆောင်သာဖြစ်လေသည်။

သက်ဆိုင်ရာမှ ၎င်းအဆောင်ဖွင့်လှစ်သင်ကြားနေမှုအား စိစစ်အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

မော်​လူး​ဒေသ၊​ကျောင်းသားမိဘများ

0 comments:

Post a Comment