Pages

Monday, 6 June 2016

၂၄ နာရီ မီးနဲ့ ငါတို့ရွာ (အပိုင်း ၂) ===============

၂၄ နာရီ မီးနဲ့ ငါတို့ရွာ (အပိုင်း ၂)
=================
မျော်လင့်ချက်တို့က ဖြစ်မလာသောအခါ ဦးဆောင်သူတို့ စိတ်ညစ်ရချေပြီ၊ မီးက ဘယ်တော့ရမှာလဲ ၊ တိုင်အရင်လာစိုက်မှာ ၊
အော် ၊ တိုင်က ဘယ်တော့ လာစိုက်မှာလဲ ၊ နောက်တစ်လဆို
လာစိုက်မယ်တဲ့၊
ဘကြီးဘုန်းကြီးပြောတဲ့ နက်ဖန်မှ လူထွက်ဆိုတာမျိုးဖြစ်နေမယ်နော်၊ အခုထိ ကျုပ်က လူမထွက်ရတော့ဘူး ၊ နက်ဖန်ဆိုတာက မပြီးနိုင်တော့ဘူး။ ငွေက အတိုးတွေနဲ့ ချေးငှားပြီး
မီတိုင်ဖိုးတွေ ပေးထားရတာ၊ (မီးတိုင်ဖိုးငွေ အတိအကျမသိ၍
မရေးပါ)
လျပ်စစ်ဝန်ထမ်းတစ်ယောက်နဲ့ တွေ့လို့ ဘယ်တော့မီးတိုင်
လာထူမှာလဲ လို့မေးတော့ နောက်တစ်ပတ်လောက်လာကြမယ်
ဆိုပဲ၊ အင်းး ငါထင်တဲ့ အပတ်ပဲ ဖြစ်လိမ့်မယ် လို့။
အသက်ရှစ်ဆယ်ကျော် လူကြီးတစ်ယောက် မီးကဘယ်တော့
လင်းမှာလဲ တဲ့၊ လာမယ်ပြောတာပဲ လေ လို့ဖြေလိုက်တာ၊
နန့်ရုံနဲ့ နမီးကြားကို ကြိုးမဆွဲတော့ဘူးလား တဲ့၊
အင်းးးး ဒါကဒီလိုရှိတယ်လေ အဲ့ ကောင်းကင်းကနေပြီး
သူများတွေပြောပြောနေတဲ့ ကြိုးမဲ့ မိုက္ကရိုဝေဖ့် ဆိုတာနဲ့
ဆွဲချမယ်နဲ့တူတယ် ဆိုတော့ ဟာ့ တို့နမီးက မီးလိုင်းက
ကောင်းကင်ကလာမယ်ဆိုတော့ `လေလိုင်း´မီးပေါ့၊
မိုက်ထှာကြီးကွာ။
အခု အဲ့ဒီပုဂ္ဂိုလ် သက်ရှိထင်ရှား မရှိတော့ပေ။
နမီးကျေးရွာ ၂၄ နာရီ မီး လင်းသွားရင် အမျှထပ်ပြီး
ပေးဝေလိုက်ပါမယ့်ခင်ဗျာ။
အတိုချုပ်လိုက်တော့မယ်ဗျာ။
အခုထိ မီးမရသေးဘူး ဒါပဲ။
လက်ရှိအချိန်မှာတော့ နမီးချောင်းကူးတံတားကို တပို့တွဲလ္ဆန်းကနေပြီး ပန္နက်ချ ပြီး ဆောက်လုပ်လိုက်တာ ပြီးစီးသွားပါပြီး၊
ပြီးစီးရက်ကိုတော့ မရေးတော့ဘူး၊ (ခရီးထွက်တာနဲ့ကြုံနေလို့ပါ)
တံတားရေစစ်ချကိုတော့ 22 6 2016.ရက်နေ့မှာ
ပြုလုပ်ပါမယ်။(အသေးစိတ်မသိရသေး)
နောက်ပြီး ပညာရေးနဲ့ ပတ်သက်ရင် ကျောင်းဆောင်သစ်ကို
စတင်ဆောက်လုပ်တော့မှာ ဖြစ်ပါတယ် ဘတ်ဂျက်ငွေ ကျတယ်လို့ ကြားသိရပါတယ်၊ ဝမ်းမြောက်စရာပါ။
ကျန်းမာရေးအနေနဲ့တော့ မိမိတို့ နမီးရောက်စတုန်းက
တိုင်ထူထားတဲ့ အခြေနေမှာ အမိုးမိုး ၊ ယခု နှစ် ပြန်ခွာ၊
အသစ်မိုး၊ (အစိုးရထောက်ပန့်ငွေနဲ့ စည်ပင်က လာလုပ်သွားတာပါ)
အခုထိတော့ ကျန်းမာရေးဆေးခန်းက မဖွင့်နိုင်သေးပါဘူး။
ဘာအတွက်ကြောင့် နောင့်နှေးနေတာလဲတော့ သက်ဆိုင်ရာက
တာဝန်ရှိသူများ သိကြပါလိမ့်မယ်၊ မြို့နယ်ကလည်း ရောက်ကြပါတယ်။ အခုထိ ထူးခြားမှု မရှိ။
ထူးခြားချက်ကတော့ ၂၄ နာရီ မီးမလင်းနိုင်သေးပေမယ့်၊
မူးယစ်တွေကြောင့် ရွာကလူငယ်တွေတော့ မကြာမတင်
လင်းသွားမှာတော့ သေချာပါတယ်ခင်ဗျာ။
ဘုန်းဘုန်းလေး
6 6 2016.
9:30 pm.

0 comments:

Post a Comment