Pages

Monday, 6 June 2016

၂၄ နာရီမီး နဲ့ ငါတို့ရွာ

၂၄ နာရီမီး နဲ့ ငါတို့ရွာ
==============
(အဆင်ပြေသလို ပြင်ပြီးဖတ်တော်မူကြပါ)
ဘုန်းဘုန်းလေးတို့ နမီးရွာ မီးလင်းပြီဆို ၊ မီးလင်းတော့မှာဆို၊
မီးတိုင်စိုက်ပြီးပြီဆို၊ စိုက်တော့မှာဆို စတဲ့စတဲ့ မေးခွန်းများကို
ဤနေရာကနေပြီး အမှန်အတိုင်း ဖြေပေးပါမယ် ခင်ဗျာ။
၂၄ နာရီ မီး ဆိုသည်နဲ့ စိတ်ဝင်စားစရာတွေက အများသား၊
၂၄ နာရီမီး တကယ်ရလာရင် ငါတို့လဲ မြို့သားတွေလိုပဲ
ဘဝတွေက ထပ်တူကြတော့မှာပေါ့။ လျပ်စစ်မီးဆိုတာ
သုံးတတ်လို့ကတော့ ငါတို့တောထဲက ကျွန်းပင်လည်း
အားလုံး အကုန်ပြောင်ထွက်သွားစေရမယ် စသည်စသည်
သုံးတတ်ရင် အကျိုးရှိပါတယ်။
၂၄ နာရီ လျှပ်စစ်မီး လင်းတော့မယ်ဆိုပြီး ဆိုင်ရာဆိုင်ရာက အကြောင်းကြား၊ ရွာကလူတွေကို ခေါ်ပြီးဆွေးနွေးပြောကြသတဲ့၊
သူတို့ကတဆင့်တက် လူကြီးတွေက ကျေးရွာကလူတွေကိုပြောပြကြ တော့ ကျေးရွာက ပြည်သူလူထု အားရဝမ်းသာဖြစ်ကြရပါတယ်၊
ဝမ်းသာမဆုံး ဖြစ်ကြတာ မိမိတို့ကျေးရွာ တစ်ရွာတည်း မဟုတ်၊
အနီးအနား ကျေးရွာတွေဖြစ်တဲ့ ညောင်ပင်ဆိပ်၊လေဘို ၊ ကွင်းငို့ကျေးရွာက ပြည်သူလုထုတို့ကလည်း မိမိတို့နည်း ဝမ်းသာပျော်ရွှင်နေကြသည်လို့ ကြားသိရပါတယ်။
ဒီလျပ်စစ်မီးဆိုတာကြီးကို ဘယ်လိုရမယ် ၊ ဘယ်လိုငွေကြေးနဲ့ပေးမယ်၊ ဘယ်လိုစီမကိန်းနဲ့ ပေးမယ် ၊ကြိုးက ဘယ်အနားကဆွဲမယ်၊ ဘယ်လောက်ကုန်မယ် ဆိုတာကိုတော့ မိမိအပါဝင် ရွာကရွာသူရွာသားများက လုံးဝမသိကြပါ၊ ဂျပန်ကဆိုသလား ဘာလား အလကား အခမဲ့ပေးမှာတဲ့ ၊ ဘာရယ်ညာရယ်မသိ ပျော်နေကြပါတယ်၊ ထိုအတူ အနီးရွာများဖြစ်ကြတဲ့ ညောင်ပင်ဆိပ်၊ လေဘို ၊ ကွင်းငို့ ကျေးရွာတွေလဲ မိမိကျေးရွာနည်းတူ ပျော်ရွှင်နေကြပါတယ်။
၂၄ နာရီ အစိုးရမီး လင်းတော့မယ်တဲ့ ။
2015 ခုနှစ်ထဲ တစ်နိုင်ငံလုံး မိုးများပြီး ရေကြီး၊ လမ်းတံတား၊
ဆည်တွေ ပျက်စီးကြသည်မှာ အားလုံးအသိပင်ဖြစ်ပါတယ်။မိမိတို့နမီးကျေးရွာသည်လည်း သဘာဝဘေးဒဏ်ခံရသည့်အထဲ အပါအဝင် ဖြစ်ခဲပါတယ်။ လယ်သမားတွေအားထားရတဲ့ ကျေးရွာရဲ့အနောက် နန့်စော်မှော် ချောင်းကို ပိတ်ထား ဆည်သည်လည်း 2015 ရေကြောင့် ပျက်စီးခဲ့ပါတယ်။
ယခုတော့ မီးရတော့မယ် မျှော်လင့်ချက်နဲ့ မိုးရာသီးပျက်စီးသွားတဲ့ ရွာအနောက်က လယ်သမားဆည်ကိုလည်း ပြန်ပြီးအသစ်မလုပ်ကြတော့ပါ၊ ပျက်စီးသွားတဲ့ လယ်သမားဆည်ကနေ ရေသွယ်ယူပြီး မိမိတို့နမီးရွာအတွက် တာဘိုင်ခေါ် ရေးအာလျပ်စစ်မီး သွယ်ယူထားတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကို လည်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ မလုပ်ကြတော့ပါ။
15 KV ဒိုင်နမိုနဲ့ ရွာအတွက် မီးရရှိရေး ဝိုင်းဝန်းပြုလုပ်ထားကြပါတယ်၊ လယ်သမားတွေကလည်း ဆည်ကရေကို
လိုအပ်တဲ့အခါ သွယ်ယူအသုးံပြုကြပါတယ်။
အခုတော့ ပြောင်းလဲသွားချေပြီ ၊
ဒီနှစ်သာ ရာသီမမှန်ရင်တော့ ရွာရဲ့အနောက်ကွင်းမှာ
လုပ်ကိုင်ကြမယ့် နမီး၊ ညောင်ပင်ဆိပ် လယ်သမားတွေအနေနဲ့
ဆည်ကရေကို ဘယ်ကနေရပါ့မလဲလို့ တွေးမိပြီး ရင်လေးမိတာတော့ အမှန်ပင် ဖြစ်ပါတယ်။
မိမိရောက်ကတည်းက ရေမလိုအပ်သော နှစ်ရယ်လို့ မကြုံဖူးခဲ့ပါ၊ နမီးချောင်းရဲ့အနောက်ဖက်ခြမ်း တကွင်းလုံးဟာ
ဆည်ရေကို အားကိုးကြရသည်သာဖြစ်ပါတယ်။
ဆည်ကြီးပျက်စီးတော့ လျပ်စစ်မီးကိုလည်း မမြင်ရတော့ပါဘူး၊
ယခုမိုးရာသီအချိန်စပြီဆိုတာနဲ့ တာဘိုင်မီးလင်းခဲ့တဲ့ နှစ်ပေါင်းဟာ ဆယ်စုနစ်တစ်စုကျော် ရှိခဲ့ပါတယ်။
တာဘိုင်မီး လာစဉ်တုန်းက
မိမိတို့ကျောင်းမှာရှိတဲ့ ရေစဉ်ပေါ်ကို ရေတင်ဖို့အတွက် ငွေမကုန် ဒီဇယ်ဆီမကုန်ပဲ ရေကိုအလွယ်တကူ ရရှိပါတယ်။
အခုတော့ ဒီဇယ်ဆီအားကိုးလို့ မိမိခမျာ သွေးတိုးလို့ သေရမယ့်ကိန်း ၊ နေ့စဉ် မီးစက်မောင်းပြီးရေစဉ်ပေါ်ရေတင်ရပါတယ်၊
အိမ်သာရေ ၊ သုံးရေ ၊ သောက်ရေ ၊ သန့်စင်ဖို့ရေ စတာတွေက
အကုန်လုံး ရေးသုံးစနစ် ပြုလုပ်ထားပြီးသားတွေဖြစ်ပါတယ်။
ဒီရေပိုက်တွေမှာပဲ ကျေးရွာထဲက လူတွေလဲ သောက်ရေ သုံးရေတွေကို အသီးသီးခပ်ယူကြပါတယ်။
အခုတော့ ဆီဖိုးနဲ့ မောင်ဘုန်းတို့ စိတ်ညစ်ရချေပြီ။
မီးမလာတော့ ညနေအချိန် အနားယူဖို့အတွက် TV အပေါ်စက်
အောက်စက်တို့လဲ နပ်မှန်အောင် မဖွင့်နိုင်ပေ၊ အသိပညာတို့က
နောက်ကျကျန်ခဲ့ ပြန်ပါပြီ။
10 1 2016 ရက်မှာ တော့ မီးတိုင်များရောက်ရှိလာပါပြီ။
``မကြာခင်မီးလင်းတော့မှာဖြစ်တဲ့အတွက် မီးတိုင်များဝယ်ဖို့ရန် တစ်အိမ်ကို စပါးသုံးတင်းကို မပျက်မကွက် ထည့်ဝင်ပေးကြဖို့ လေးစားစွာဖြင့် ကြေငြာအပ်ပါတယ် ခင်ဗျာ´´
``ဟာ မီးရတော့မယ် ၊ မကြာခင်တဲ့ ၊ ကောင်းတာပေါ့ ´´
ရွာဆော်ရဲ့ အော်သံမှာ ရွာသူရွာသားတို့ စီးမျော်ပြီး
ထည့်လိုက်ကြတာ တစ်အိမ်စပါးသုံးတင်း ခဏချင်းရသွားပါတယ်၊ ဒီလောက်ငွေနဲ့ ရမလားမေးကြည့်တော့
လိုနေတဲ့ ငွေကို သမဝါယမချေးငွေနဲ့ ယူပြီး ဝယ်ကြမယ်တဲ့။
ဆက်ရန် ။
ဘုန်း​ဘုန်း​လေး(နမီး)

0 comments:

Post a Comment