မြန်မာစာ ဂုဏ်ထူး ရည်သူများသို့
မေးခွန်းဖွဲ့စည်းပုံကို ကျေညက်ပါစေ။
၁(က) ငါးမိနစ် တစ်ပုဒ်တည်း ငါးမှတ်
၁(ခ) နှစ်မိနစ် လေးခုရွေး လေးမှတ်
၁(ဂ) သုံးမိနစ် သုံးခုရွေး ခြောက်မှတ်
၂(က) ငါးမိနစ် အနက်ပေး ငါးခုရွေး ငါးမှတ်
၂(ခ) ငါးမိနစ် ဝါကျဖွဲ့ ငါးခုရွေး ငါးမှတ်
၂(ဂ) ဆယ့်ငါးမိနစ် ငါးခုရွေး ဆယ်မှတ်
၃(က) ငါးမိနစ် ငါးခုရွေး ငါးမှတ်
၎(က) ငါးမိနစ် ငါးခုရွေး ငါးမှတ်
၅(က) စကားစပ် အခန်းဘယ်လောက် ဘာအခန်း ၊ က၊ ကို ၊ နေရာ၊ ချိန်ခါ၊ ကြောင်း သုံးမိနစ် သုံးမှတ်
အဲဒီ ၄၈ မှတ်က ၄၈ မိနစ်အချိန်သုံးပြီး ရအောင်ယူရမည့် ဓမ္မဓိဋ္ဌာန် ဆန်သောအမှတ်များပါ
ဒီက အနည်းဆုံး ၄၅ မှတ် ရနေဖို့လိုပါတယ်။
ကျန် အပိုင်းက ပုဂ္ဂလဓိဋ္ဌာန်ဆန်ပါတယ်။
၃(ခ) ကဗျာမှာ အရေးအသား အကြောင်းအရာ တောင်းဆိုတာကို မေးခွန်းအာဘော်နဲ့ညီအောင် စာပိုဒ်တိုင်း နိဂုံးချုပ်တတ်ပါစေ။ ၂၅ မိနစ်သုံး ၆မှတ် ရအောင်ဖြေပါ။
၎(ခ)လည်း ထိုနည်းတူစွာပါ။ သင်ခန်းစာ ခေါင်းစဉ်ပဲကြည့် မဖြေပါနှင့်။ အာဘော်နှင့်ညီအောင်ဖြေပါ။ ၂၅ မိနစ်သုံး ၆ မှတ်တော့ ရပါစေ။
၅(က) ဘယ်လိုပြောကြောင်း အရေးအဖွဲ့ကို
၎ မိနစ်သုံး ၃မှတ်ယူပါ။
၅(ခ) မေးခွန်းရှည်ကို ပြဇာတ်စာသား အထောက်အထားပြုဖြေပါ။ ၁၈မိနစ်သုံး (၅) မှတ် အနည်းဆုံးရ ပါစေ။
၆ မှာ ရွေးချယ်စာစီကုံးကို မေးခွန်းနံပါတ် ၆(က)/၆(ခ)/၆(ဂ) မှန်အောင်တပ်ပါ။ ခေါင်းစဉ်ကို စာမျက်နှာအလယ်မှာ မျဉ်းတစ်ကြောင်းသား ဖော်ပြ။ ပုံကြမ်းနှင့်ညီ စာပိုဒ်များခွဲ ၅၅ မိနစ်သုံး ၁၀မှတ်ရအောင် အနည်းဆုံး အဆင့်မီ ၄မျက်နှာ ရေးပါ။
ပြုန်းတီးချိန်/ ပြန်စစ်ချိန် ၅ မိနစ်ကျန်ပါမယ်။ ဂုဏ်ထူးမှတ် ရနေပါလိမ့်မယ်။
အပေါ်မှာ ပြောခဲ့တဲ့ ၄၈ မှတ်ကို စာစစ်က ထုတ်တဲ့ ခုနစ်နှစ်တာမေးခွန်းစာအုပ်ဝယ်ပြီး ကြုံရာမေးခွန်းကို တစ်ရက်ခြားမိနစ်၅၀သုံး လေ့ကျင့်တာကို ဇန်နဝါရီ ၁၀လောက်က စလုပ်ပါ။ မေးခွန်းစာအုပ်က ၁၀၀၀ိ/-ပါ။
ဆူးလေ ပန်းဆိုးတန်း ရွှေဘုံသာ ဘယ်စာအုပ်ဆိုင်မဆို ရနိုင်ပါတယ်။
မေတ္တာဖြင့်
ကံ့ကော်ကောင်းကင်မြန်မာစာ
်
Thursday, 16 June 2016
Home »
» မြန်မာစာဂုဏ်ထူးရည်သူများသို့...............
မြန်မာစာဂုဏ်ထူးရည်သူများသို့...............
17:52
No comments
0 comments:
Post a Comment