ခရိုနီသူဌေးကြီးများကို အခွန်ရုံးက ခေါ်ယူစစ်ဆေးနေ
------- -------- --------
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် နာမည်ကြီး လုပ်ငန်းရှင် သူဌေးကြီးအချို့ကို ယခုရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အခွန်ပေးသွင်းမှု မှန်မမှန်နှင့် အခွန်ရှောင်တိမ်းခြင်း ရှိမရှိကို စစ်ဆေးခြင်းဖြစ်ပြီး အခွန်ထမ်းကြီး စာရင်းဝင်ကုမ္ပဏီများကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက စစ်ဆေးရခြင်းဖြစ်ပြီး
အများပိုင် ကုမ္ပဏီများကိုလည်း စစ်ရကြောင်း၊ လူခုနှစ်ဦးတည်းဖြင့် အများပိုင် ကုမ္ပဏီ လုပ်ထားသည်များကို ပြန်လည်စိစစ်ပြီး လူတစ်ရာပါဝင်မှ အများပိုင်ကုမ္ပဏီအဖြစ် ခွင့်ပြုပေးကြောင်း၊ ယင်းရုံးတွင် အမေရိကန်နိုင်ငံသား အခွန်ကျွမ်းကျင်ပညာရှင် နှစ်ဦး ငှားရမ်းထားပြီး စစ်ဆေးနေခြင်းဖြစ်ကာ၊ အခွန်တိမ်းရှောင်ကြောင်း စစ်ဆေးတွေ့ရှိသည့် ကုမ္ပဏီများလည်းရှိသည်။
ယင်းကုမ္ပဏီများကို ဒဏ်ငွေကျပ်သန်းပေါင်းများစွာ တပ်ရိုက်ကြောင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ခေါ်ယူပါက လူစားလွှတ်၍ မရဘဲ ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် လာရောက်ရကြောင်း၊ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ထိပ်သီးသူဌေးကြီးအချို့ကို ခေါ်ယူ မေးမြန်းခဲ့သည်ဟု Tomorrow ဂျာနယ်က အခွန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းရေးသား ဖော်ပြခဲ့သည်။
“ဒါကတော့ အခွန်ဘဏ္ဍာပေါ့ အခွန်ရုံးကသူ့ဟာသူ law တွေရှိတယ်။ အခွန်အများဆုံး ထမ်းဆောင်တဲ့သူတွေ ကောက်ခံမှုရုံးပေါ့။ သူတို့ နဂိုကတည်းက လွှတ်တော်မှာ ဆွေးနွေးခဲ့တာ အခွန်တွေ ဘယ်လောက်ထိ လျာထားခဲ့လဲဆိုတာ ရှိတယ်။ လုပ်တာတော့ သူ့ဟာနဲ့သူလုပ်နေတာ။
လုပ်ထုံးလုပ်နည်းအရ လုပ်နေတာ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်ကတည်းက လုပ်နေတာ။ အခွန်ရုံးကတော့ ပုံမှန်စစ်တယ်။ အသေးစိပ်သိချင်ရင် အခွန်ရုံးကိုခေါ်ပြီးတော့ စစ်တယ်။ ဒါက လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စဖြစ်တယ်။ အခုမှအလေးထားပြီး လုပ်တယ်ဆိုရင်တော့ တစ်ပိုင်းပေါ့” ဟု သမ္မတရုံး ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Ladies သို့ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက် ဒီမိုကရေစီ စနစ်ပိုမိုပီပြင်စေရန်နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်သွားမည်ဟု အစိုးရမှ ကြေညာထားသည်။
Thursday, 16 June 2016
Home »
» ခရိုနီသူဌေးကြီးများကို အခွန်ရုံးက ခေါ်ယူစစ်ဆေးနေ
------- -------- --------
ခရိုနီသူဌေးကြီးများကို အခွန်ရုံးက ခေါ်ယူစစ်ဆေးနေ ------- -------- --------
06:03
No comments
0 comments:
Post a Comment