တရားဝင် စာလေး ထွက်ပေးပါလို့  ပြောတဲ့ စည်ပင်ဝန်ထမ်းအရာရှိကို
နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး တင်အောင်ထွန်းက နည်းနည်း ဟောက်ပေး
လိုက်ပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ က ဇွန် ၁၄ ရက်မှာ ဖြစ်ခဲ့တာပါ ။
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို နှစ်စဉ် ဖျက်ဆီးနေကျ ဖြစ်တဲ့
အတွက် ဒီနှစ်မှာလည်း ဖျက်ဆီးဖို့ အတွက် ကြိုတင်ပြင်ဆင်ခြင်း အစည်း
အဝေးတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ လုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကော်မတီအလိုက် တင်ပြစရာတွေ တင်ပြကြတယ်ပေါ့ ။
အဲဒီမှာ မူးယစ်ပြတိုက်တစ်ဝိုက်က အပင်တွေ မြက်တွေကို ရှင်းဖို့  စီစဉ်နေ
ပါတယ်လို့  ရဲအရာရှိတစ်ဦးက နယ်/လုံဝန်ကြီးထံ တင်ပြချိန်မှာ ...
စည်ပင်က အရာရှိတစ်ဦးက ပြောလိုက်ပါတယ် ။ " ကျွန်တော်တို့ ဆီကို
အပင်တွေ မြက်တွေ ရှင်းမယ့် ကိစ္စအတွက် တရားဝင်စာလေး ထွက်ပေးစေ
ချင်ပါတယ် " ပေါ့ ခင်ဗျ ။ အဲဒီမှာ နယ်/လုံ ၀န်ကြီး က လေသံမာမာနဲ့ ..
ခင်ဗျားတို့ စည်ပင်ကို အစကတည်းက ဖိတ်ကတည်းက ဆုံးဖြတ်ပိုင်ခွင့်
အရှိဆုံးလူ လာခဲ့ပါလို့  ကျွန်ေတာ်ပြောခဲ့တယ်။ အခု ကြုံရာလူက လာတက်
တယ်။ ပြီးရင် အထက်လူကြီးဆီ တင်ပြပါမယ်ဆိုပြီး တရားဝင်စာပို့ ပါဘာတို့ 
ကျွန်တော်တို့ ကို လာပြန် မခိုင်းနဲ့ ၊ ဒီအစည်းအဝေး ပြီးရင် အစည်းအဝေး
မှတ်တမ်းက အတည်ပဲ ။ အဲဒီအတိုင်းပဲ လုပ်ရမယ်။ နောက်ဆိုရင်..
ခင်ဗျားတို့ ဆီက အစည်းအဝေးကို အတွင်းရေးမှုးအဆင့်တွေပဲ လာခဲ့ ...
အစည်းအဝေးတွေမှာ ရိုးနေပြီ၊ အထက်လူကြီးဆီ တင်ပြပါမယ် ဆိုပြီး
ဘာမှ မဖြစ်မြောက်တာတွေ အများကြီးပဲ ။ ကျွန်တော်တို့ က အချိန်နဲ့ 
တပြေးညီတည်းလုပ်နေရချိန်မှာ လာပြီး ကျွန်တော်တို့ ကို စာထွက်ပေးပါ
ဆိုပြီး ပြန်မခိုင်းနဲ့ ။ အစည်းအဝေးက တစ်ခါတည်း ဆုံးဖြတ်မှာ ။
အခုအစည်းအဝေးက ထွက်တဲ့ စာကို ပို့ လိုက်မယ်။ အဆင်ပြေအောင်သာ
လုပ်ပါ ။ ကျွန်တော်တို့ စာမပို့ နိုင်ဘူး ။ စသဖြင့် ခပ်မာမာ ပြောလိုက်ပါသဗျာ။
စည်ပင် အရာရှိလည်း လူပုံ အလယ်မှာ အပြောခံလိုက်ရပြီးတော့...
ငြိမ်သွားပါတယ်။
ကဲ... ဒီဖြစ်စဉ်ကနေပြီးတော့.. မိတ်ဆွေတို့  ဘယ်လိုအတွေးမျိုးများ ရခဲ့လဲ
ဆိုတာလေးလည်း.. မှတ်ချက်ပြုကြပါဦးဗျို့ ....
( ဒီသတင်းက လူမှုကွန်ရက်မှာ မနေ့ ကတည်းက ပေါက်မယ် ထင်ခဲ့တာ
ဒီနေ့ အထိ မတွေ့ သေးလို့  သိသွားအောင် တင်ပေးပါတယ်ခင်ဗျာ )
Thursday, 16 June 2016
Home »
» တရားဝင် စာလေး ထွက်ပေးပါလို့  ပြောတဲ့ စည်ပင်ဝန်ထမ်းအရာရှိကို
နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး တင်အောင်ထွန်းက နည်းနည်း ဟောက်ပေး
လိုက်ပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ က ဇွန် ၁၄ ရက်မှာ ............
တရားဝင် စာလေး ထွက်ပေးပါလို့  ပြောတဲ့ စည်ပင်ဝန်ထမ်းအရာရှိကို နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး တင်အောင်ထွန်းက နည်းနည်း ဟောက်ပေး လိုက်ပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ က ဇွန် ၁၄ ရက်မှာ ............
06:58
No comments
0 comments:
Post a Comment