ကွမ်းစားကိစ္စ နှင့် အောက်တန်းစားလော်ဘီ
*******************************************
ခုတလော ခေတ်စားနေတာကတော့...
ကွမ်းယာကိစ္စ..
ဒီကွမ်းယာကိစ္စကိုအစိုးရတင်းကြပ်မယ်
ဆိုတော့ အခုပဲ ကွမ်းခြံတွေဖျက်ပစ်
တော့မလိုလို..
ကွမ်းဆိုင်တွေကိုပဲ ဖမ်းဆီးအရေးယူပြီး
ချက်ချင်လက်ငင်းပိတ်ခိုင်းတော့မလိုလို
မလိုလို..
မလိုလို..
ထင်ရာတွေရေးပြီး..
ကွမ်းယာဆိုင်တွေနဲ့ NLD အစိုးရ
ကွမ်းစားသူတွေ နဲ့ NLD အစိုးရ
ရန်တိုက်ပေးပြီး အထင်မှား အမြင်မှား
ဖြစ်အောင် ရေးသားဖြန့်ဝေနေကြလေရဲ့
ဒီနေရာမှာအကြံပြုတင်ပြချင်တာက
********************************
ကွမ်းယာ ရောင်းဝယ်နေသူတွေကို
ကွမ်းမရောင်းရလို့ ပိတ်ပင်တားဆီးလိုက်
ရင်တော့ မဖြစ်သင့်ပါဘူး..
လက်ခံလို့ရတဲ့ကိစ္စ လက်ခံလို့မရတဲ့ကိစ္စ
အငြင်းပွားဖွယ်တွေဖြစ်လာပါမယ်..
ဒါဆို ..
ကွမ်းယာဆိုင်တွေပိတ်ခိုင်းရင်
အရက်ဆိုင်တွေ..
Beer ဆိုင်တွေ..
ပိတ်ခိုင်းမှာလားလို့မေးရပါလိမ့်မယ်။
ဒါဆို..
ဆေးလိပ် ကိုရောရောင်းချခွင့်ပေးမှာလား
************************************
ဒါဆိုဘာ့ကြောင့် ကွမ်းယာဆိုင်တွေ
ပိတ်ခိုင်းတာလဲ..
ဆိုတဲ့အမေးရှိလာပါမည်။
ပတ်ဝန်းကျင်ညစ်ပတ်လို့လား
ကျန်းမာရေးရှုထောင့် ကကြည့်လို့လား။
စတဲ့အချက်တွေကို..
အကြမ်းဖျဉ်းတွေ့ရပါလိမ့်မယ်..။
ပတ်ဝန်းကျင်ညစ်ပတ်လို့လား..
*****************************
ကျွန်မအခုလေ့လာရသလောက်တော့
ကွမ်းစားခြင်းဟာ ပတ်ဝန်းကျင်ကို..
အင်မတန်ညစ်ပတ်စေတာတော့အမှန်
ပါပဲ..၊၊
ဒါနဲ့ပဲကွမ်းဆိုင်တွေပိတ်ရမယ်။
ကွမ်းမစားရ။စတဲ့ဥပဒေတွေနဲ့တားရင်
တော့ မရပါဘူး..။
ပတ်ဝန်းကျင်ညစ်ပတ်တာကို အကြောင်း
ပြရင်တော့..
ဆေးလိပ်ကို အကြောင်းပြကြပါလိမ့်မယ်။
ကွမ်းစားသူတွေကို စနစ်တကျကွမ်းသွေး
ထွေးဖို့ ပညာပေးအစီအစဉ်ပါပဲ..
အဲ့ဒီအစီအစဉ်အတိုင်းလဲ လက်ရှိ
ဆောင်ရွက်နေတာတွေ့ရပါတယ်..။
စာသင်ကျောင်း
ဆေးရုံအစရှိတဲ့နေရာတွေမှာ
ကွမ်းမရောင်းရဖို့ပိတ်ပင်တာတော့လက်ခံ
ပါတယ်..။
နောက်ဆုံးပြောရရင်တော့..
ကွမ်းဆိုင်တွေပိတ်ခိုင်းပြီး
အစိုးရအနေနဲ့ ကွမ်းဆိုင်အစားအခြား
စီးပွားရေးလုပ်ငန်းတစ်ခုပေးနိင်ရင်တော့
လက်ခံရပါလိမ့်မယ်..။
ကျန်းမာရေးရှုထောင့်အရ
************************
ကျန်းမာရေးရှုထောင့်အရကြည့်ရင့်
ကွမ်းမစားသင့်ပါဘူး
ဒါဆိုရင် ..
လတ်ဆတ်သန့်ရှင်းပြီး ဘေးထွက်ဆိုး
ကျိုးနည်းသော ကွမ်းယာဆိုင်တွေဖြစ်
လာဖို့ ..
အစိုးရမှာတာဝန်ရှိလာပါပြီ..
ပိုးသတ်ဆေး အစရှိတဲ့ ဓာတုဆေးဝါး
တွေအသုံးပြုထားတဲ့ ကွမ်းရွက်ဟာ
ကွမ်းစားသူတွေအတွက် အင်မတန်
အန္တရာယ်များပါတယ်။အဲ့ဒါမှန်မမှန်သိချင်
ရင်တော့ ကွမ်းခြံတွေမှာလေ့လာနိင်ပါ
တယ်..။
နောက် ကွမ်းသီး။ဆေးရွက်ကြီးနဲ့
အခြားကွမ်းစားပစ္စည်းတွေဟာလည်း
ကျန်းမာရေးနဲ့အညီဖြစ်ဖို့ အစိုးရအနေနဲု့
တင်းကြပ်ရပါမယ်..။
နောက်ဆုံးအကြံပေးပြောချင်တာက
တော့..
စည်းကမ်းရှိရှိကွမ်းစားသူများဖြစ်လာရန်
သန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနှင့်
ညီသော ကွမ်းယာဆိုင်များပေါ်ပေါက်
လာရန်အစိုးရအနေနဲ့ ဆောင်ရွက်ရပါ
လိမ့်မယ်။
ကွမ်းစားသူ။ကွမ်းယာရောင်းသူများအနေ
နဲ့ မဖြစ်မနေ လိုက်နာရပါမယ်။
ဥပဒေချိုးဖောက်ပါက
ဥပဒေအတိုင်းအရေးယူဆောင်ရွက်
ရပါမယ်..။
ဒီလိုဆိုရင်တော့..
ကွမ်းစားသူများ နှင့် ကွမ်းယာရောင်းသူ
များလက်မခံစရာအကြောင်းမရှိဘူးလို့
ကျွန်မအနေနဲ့ ထင်မိမြင်မိပါတယ်..။
အခုတွေ့နေရတာကတော့
ကွမ်းကိစ္စနဲ့ပတ်သက်ပြီး
ရောင်းဝယ်သူ စားသုံးသူဘက်က
ကြည့်ပြီးဝေဖန်အကြံပေးနေကြတာ
မဟုတ်ပဲ။အစိုးရ နဲ့ ကွမ်းစားသူ
ကွမ်းရောင်းသူကြား ရန်တိုက်ပေးရုံ
သက်သက်။အစိုးရကို ဝေဖန်ရှုံ့ချရုံ
သက်သက်ပဲလုပ်နေတဲ့ အောက်တန်းစား
လုပ်ရပ်တွေပဲတွေ့မြင်နေရပါတယ်။
နောက်တစ်ခုပြောပါရစေ
ကွမ်းအစားထိုးအနေနဲ့
ဘိန်းစိုက်လို့မရပါဘူး
ဘာလို့လဲဆိုရင် ကိုယ်တိုင်စိုက်ကြည့်ပေါ့
အယ်ဒီတာတစ်ယောက်အနေနဲ့
ဦးနောက်လေးနဲ့တော့စဉ်းစားပေါ့
အစိုးရ သစ်ကိုဆော်ရပြီးရောဆိုတဲ့
အောက်တန်းစားစိတ်ဓာတ်ဖျောက်ပါလို့
ကျွန်မအကြံပေးပါရစေ..
Myanmar Review Journal
အယ်ဒီတာကြီးရေ.....
Dalia Snow
Wednesday, 1 June 2016
Home »
» ကွမ်းစားကိစ္စ နှင့် အောက်တန်းစားလော်ဘီ
*******************************************
ကွမ်းစားကိစ္စ နှင့် အောက်တန်းစားလော်ဘီ *******************************************
20:15
No comments
0 comments:
Post a Comment