အောင်ရတနာအဝေးပြေး Express ယနေ့ နံနက်ပိုင်း ရန်ကုန် အ၀င်မှာ တိမ်းမှောက်
အမှတ်၃ အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅/၇နှင့် ၁၆/၀ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း မျိုးသန့် မောင်းနှင်လာသော အောင်ရတနာအဝေးပြေး express ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေး မြေသားလမ်းပေါ်သို့ ၁၇/၆/၂၀၁၆ နံနက် ၀၃
း၂၀ချိန်ခန့် တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါသည်။
ယာဉ်ပေါ်ပါသူ ၂၅ဦးအနက် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း (၁၃)ဦး ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် အမြန်လမ်းရဲတပ်ဖွဲ့မှ လှည်းကူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းအား အမှတ်၃အမြန်လမ်းမကြီး ရဲစခန်းမှ အရေးယူဆောင်ရွက် လျှက်ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
သစ်ထူးလွင်
0 comments:
Post a Comment