Pages

Sunday, 5 June 2016

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အသိပညာပေးဟောပြောပွဲ......

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အသိပညာပေးဟောပြောပွဲ......

(၄.၆.၂၀၁၆)ရက်​​နေ့
မော်​လူးအုပ်​စု၊ပဲခူး​ကျေးရွာ အလယ်​တန်း​ကျောင်းခွဲ.........
ပဲခူး​ကျေးရွာ ခွဲ အ.လ.က မှ ​ကျောင်းသား/သူ (၁၆၁) ​ယောက် ၊ရွာသူ/သား (၅၀)​ယောက်​ စုစု​ပေါင်း တက်​​ရောက်​အင်​အား (၂၀၀)​ကျော်​ခန့်​ရှိပါသည်​။

(၄.၆.၂၀၁၆)ရက်​​နေ့၊​နေ့လည်​(၁)နာရီ အချိန်
မော်​လူးအုပ်​စု၊ပဲခူး​ကျေးရွာ အလယ်​တန်း​ကျောင်းခွဲ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပသည်​။

ပထမဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းမှစတင်အမှာစကားပြောကြားပါသည်​။

ထို့​နောက်​ အင်း​တော်​မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌလည်းဖြစ်​၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌဖြစ်​သော ဦးတင်မြင့် မှ ပရိုဂျက်​တာဖြင့်​ မူးယစ်​​ဆေးဝါးအ​ကြောင်းအကျယ်​တစ်​၀င့်​ ရှင်းလင်း​ပြောကြားပါသည်​။

ကျ​နော်​တို့အင်း​တော်​မြို့နယ်​သည်​ စတုရန်းမိုင(်၇၇၃)မိုင်ကျယ်ဝန်းပြီး လူဦးရေ(၁)သိန်း(၃)သောင်းကျော်​နေထိုင်​​ကြ​ကြောင်း၊မူးယစ်​​ဆေးဝါးအုပ်​စုတွင်
အဓိကအုပ်စု(၃)ခု ရှိပြီး (၁)ဘိန်းနှင့်​ဘိန်းဖြူအုပ်စု၊(၂)မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောအမျိုးအစား(၁၁၆)မျိုး၊(၃) ဓာတုပစ္စည်း(၂၅)မျိုးစသည်​တို့ဖြစ်​​ကြောင်းကိုရှင်းလင်း​ပြောကြား​ပေးပါသည်​။မူးယစ်ဆေးဝါးထုတ်လုပ်ပုံကို ပါဝါပွိုင်ဖြင့်​ပြပေးပါသည်​။

ဘိန်းကိုမုံညှင်းနှင့်ရောစိုက်​ကာ မုံညှင်းခူးပြီးပါကဘိန်းပင်သီးသန့်ကျန်ရစ်ပြီး ရက်​​ပေါင်း.(၁၂၀)​ရောက်​က အစေးစတင်​ထုတ်လို့ရ​ကြောင်းရှင်းလင်းပြပါသည်​။

ဘိန်းသည်​ညိုမဲသောအရောင်ရှိပြီး အရသာမှာခါးသက်​သည်​ဟု လည်း​ပြောကြားသွားပါသည်​။

မူးယစ်​​ဆေးစွဲပါကဆိုးကျိုးများမှာ....
၁။စိတ်ကျ​ရောဂါဖြစ်​ခြင်း၊
၂။သေကြောင်းကြံစည်​ခြင်း၊
၃။မှတ်ဥာဏ်ချို့ယွင်းခြင်း
၎။အာရုံစူးစိုက်မှုနည်းခြင်း
၅။အလုပ်​၌စိတ်ဝင်စားမှု​လျှော့ကျခြင်းတို့ဖြစ်​တတ်​ကြောင်းလည်း​ပြောပြသွားပါသည်​။

ပြစ်မှုပြစ်ဒဏ်များအေ​နဖြင့်​ အနည်းဆုံး​​ထောင်ဒဏ်​(​​၅)နှစ် မှ
သေဒဏ်​အထိ ကျခံရနိုင်​ကြောင်းရှင်းလင်း​ပြောပြပါသည်​။

ဘိန်းဖြင့်လူမှုဘ၀ကျဆင်းပြီး လူညွှန့်တုံးနိုင်ခြင်း
နှလုံးမှသွေးကြောများ၊ဦးနှောက်ဆဲလ်​များပျက်စီးနိုင်​​ကြောင်းလည်းရှင်းလင်း​ပြောပြပါသည်​။

မက်​သဒုံး​ဆေးတိုက်​​ကျွေး၍မူးယစ်​​ဆေးဖြတ်​ခြင်း၊အားကစားပြိုင်​ပွဲများကျင်းပပြီး စိတ်​နှင့်​ကိုယ်​ခန္ဓာ ကြံခိုင်​သန်​စွမ်း​အောင်​ ကူညီ​ပေးခြင်းများပြုလုပ်​သင့်​​ကြောင်းနိဂုံးချုပ်​​ပြောကြား​ပေးသွားပါသည်​။

ထို့​နောက်
မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းဆွေညွှန့်မှ မူးယစ်​​ဆေးဝါး​ရောင်းဝယ်​၊သုံးစွဲခြင်း​ကြောင့်​ရနိုင်​​သော ပြစ်​မှုများအ​ကြောင်း အကျယ်​တ၀င့်​ ရှင်းလင်း​ပြောကြားပါသည်​။

သုံးစွဲလျှင်​အနည်းဆုံး​ထောင်​ဒဏ်​ (၃)နှစ်​မှ (၅)နှစ်ထိကျခံရနိုင်​​ကြောင်း၊
လက်ဝယ်တွေ့ရှိရောင်းချလျှင်​ ​ထောင်​ဒဏ်​ (၁၀)နှစ်​ မှနှစ်အကန့်အသတ်​မရှိကျခံရနိုင်​​ကြောင်း၊ထုတ်​လုပ်​ဖြန့်​ဖြူး​ရောင်းချလျှင်​ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်​​ကြောင်းရှင်းလင်း​ပြောကြားသွားပါသည်​။

ထို့​နောက်
မြို့နယ်​ လ/ထ ပညာ​ရေးမှူးဦး​ကျော်​လွင်​ နှင့်​ ​မော်​လူးအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့်​တို့မှ အသီးသီး​ပြောကြားပြီး အခမ်းအနားကိုည​နေ(၃)နာရီအချိန်​မှာ ပြီးဆုံး​ကြောင်း ​မော်​လူးပုံရိပ်​မှ  တင်​လိုက်​ပါတယ်​ခင်​ဗျာ.......

0 comments:

Post a Comment