Pages

Saturday, 14 January 2017

14.1.3017 ရက်​​နေ့ ​မော်​လူး​ဒေသ၊မံဟဲ​ကျေးရွာအုပ်​စု၊ ​ပေကုန်း​ကျေးရွာတွင်​ တရားမ၀င်​၂၄နာရီလျှပ်​စစ်​မီး ခိုးယူသွယ်​တန်းမှုအား စစ်​​ဆေး​တွေ့ရှိ.........

14.1.3017 ရက်​​နေ့
မော်​လူး​ဒေသ၊မံဟဲ​ကျေးရွာအုပ်​စု၊ ​ပေကုန်း​ကျေးရွာတွင်​ တရားမ၀င်​၂၄နာရီလျှပ်​စစ်​မီး ခိုးယူသွယ်​တန်းမှုအား စစ်​​ဆေး​တွေ့ရှိ.........

ယ​နေ့ည​နေ ၄း၀၀ နာရီ အချိန်​ခန့်​က ​မော်​လူးလျှပ်​စစ်​ရုံးမှ မီတာဖတ်​စာ​ရေး၂ ​ယောက်​ ၊ ပဲခူး​ကျေးရွာမီးလိုင်းတာဝန်​ခံ လိုင်းမင်း-ဦးဆန်းဦး၊အုပ်​ချုပ်​​ရေးမှူးရုံး​စောင့်​ ဦးမျိုး၊​ပေကုန်း​ကျေးရွာ ရာအိမ်​မှူး ဦးသန်း​အောင်​၊​ပေကုန်း​ကျေးရွာ ၂၄နာရီ မီးလင်း​ရေး​ကော်​မတီ ဥက္ကဌ ဦးစိုးမင်းနိုင်​၊အဖွဲ့ဝင်​ဦးသံ​ချောင်း၊ရွာခံအသိသက်​​သေတို့်နှင့်​ ​ပေကုန်း​ကျေးရွာအုပ်​ချုပ်​​ရေးမှူးရုံးသို့ ​ရှောင်​တခင်​၀င်​​ရောက်​စစ်​​ဆေးရာ ရုံး၏ ​မြောက်​ဘက်​ကပ်​လျှက် ​ဆိုင်​ကယ်​ပြင်​ဆိုင်​မှ ၂၄နာရီလျှပ်​စစ်​မီးအား စနစ်​တကျသွယ်​တန်းခိုးယူ အသုံးပြုထား​ကြောင်း​တွေ့ရှိရသည်​။

အုပ်​ချုပ်​​ရေးမှူးရုံးသို့​ပေးထား​သော မီးတာဘုတ်​ခုံမှတစ်​ဆင့်​ ပလပ်​ထိုး၍ ​မြေကြီးထဲ ပိုက်​လုံးမြုပ်​ကာ စနစ်​တကျသွယ်​တန်းခိုးယူထား​ကြောင်းလည်း စစ်​​ဆေး​တွေ့ရှိရသည်​။

ပေကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ရုံး​စောင့်​ ဦးမျိုး​၏ ပြောပြချက်​အရ အရင်​အုပ်​ချုပ်​​ရေးမှူး လက်​ထက်​ကတည်းက ထိုကဲ့သို့ သွယ်​တန်းခိုးယူသုံးစွဲထားသည်​မှာ တစ်​နှစ်​ခန့်​ရှိပြီဖြစ်​ကြောင်း သိရ​​လေသည်​။

ပထမအကြိမ်​ ​စစ်​​ဆေး​တွေ့ရှိစဉ်​ကတည်းက အဆိုပါ ခိုးယူသုံးစွဲသူအား သတိ​ပေးထားပြီး၊ သွယ်​တန်းထား​သော လျှပ်​စစ်​ကြိုးများဖြုတ်​သိမ်းထား​ကြောင်း​၊ယခု စစ်​​ဆေး​တွေ့ရှိမှုမှာ ဒုတိယအကြိမ်​ဖြစ်​ပြီး လျှပ်​စစ်​မီးခိုးယူသွယ်​တန်းမှုမှာ ရာအိမ်​မှူးနှင့်​ရုံး​စောင့်​ဝန်​ထမ်းများ ပါဝင်​ပတ်​သက်​​နေ​ကြောင်း စုံစမ်းသိရှိရ​သည်။

ခိုးယူသုံးစွဲသူမှာအမည်​မှာ
ဦး​မောင်​​မောင်​ဖြစ်၍ ​မြိုင်​သာယာ​ကျေးရွာမှ လာ​ရောက်​ဖွင့်​လှစ်​ထား​သော "ထွန်း"ဆိုင်​ကယ်​ပြင်​ဆိုင်​နှင့်​အပိုပစ္စည်းအ​ရောင်းဆိုင်​ဖြစ်​​ကြောင်း ​မော်​လူးပုံရိပ်​မှ သတင်းရရှိပါသည်​။
#Maw Luu´s Images,
Red Heart Images.

0 comments:

Post a Comment