Pages

Friday, 27 January 2017

ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

စင်ကာပူရှိ မြန်မာမြို့ နာမည်နဲ့လမ်းတွေရဲ့ သမိုင်းကြောင်းကို ရှာဖွေလေ့လာရင်း ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေဟာ စင်ကာပူမှာ လာရောက်နေထိုင်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်။
ယနေ့ ကျွန်တော်တို့ တိုပါးယိုးလို့ခေါ်နေတဲ့ ကျောင်းတော်ကြီးကို ၁၈၇၅ မှာ ဘုရားဒကာကြီး ဦးသာနှင်းဆိုသူက Maha Sasana Ramsi (Burmese Buddhist Temple) မဟာသာသနရံသီ (မြန်မာ ဗုဒ္ဓဘာသာ ဘုရားကျောင်း)အမည်နဲ့ စင်ကာပူနိုင်ငံ ကင်တာလမ်းမှာ တည်ထားကိုးကွယ်ခဲ့တာပါ။ ခုဆိုရင် နှစ်ပေါင်း ၁၄၂ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၈၇၈ ရောက်တော့ ဘုရားဒကာဦးသာနှင်းက ဘုရားဒကာ ဦးကျော်ဂေါင်ထံကို ဆက်လက် လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်ဟာ သီပေါမင်း နန်းစတက်တဲ့နှစ် ဖြစ်ပါတယ်။
မူလက ဓမ္မာရုံသာသာ ကျောင်းဆောင်တစ်ခုအဖြစ်နဲ့ ကင်တာလမ်းပေါ်မှာတည်ရှိခဲ့ပြီး၊ ၁၉၈၁ ခုနှစ်မှာတော့ စင်ကာပူမြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းအရ အာဏာပိုင်တွေက ဖယ်ရှားခဲ့တဲ့အတွက် လက်ရှိတိုပါးယိုးကျောင်းတော်ကြီးနေရာကို ၁၉၈၈ ခုနှစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၁ မှာတော့ ကျောင်းတော်ကြီးကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မဟာသာသနရံသီကျောင်းမှာ ကိန်းဝပ်စံပယ်နေတဲ့ ဆင်းတုတော်ဟာ စကျင်ကျောက်နဲ့ ထုလုပ်ထားတာဖြစ်ပြီး၊ ပြည်ပရောက် စကျင်ဆင်းတုတော်တွေထဲမှာတော့ အကြီးဆုံးဆင်းတုတော် ဖြစ်ပါတယ်။ ဆင်းတုတော်ရဲ့ ဉာဏ်တော်ဟာ ၁၀ ပေခန့် ရှိပါတယ်။ ဦးကျော်ဂေါင်ကိုယ်တိုင် ရွေးချယ်ပေးတဲ့ မန္တလေးစကျင်တောင်ကကျောက်သားကို ယူပြီး ၁၉၁၈ မှာ ထုလုပ်ပူဇော်ခဲ့တာပါ။ ဆင်းတုတော် ထုလုပ်ပြီးတဲ့နောက် မြန်မာပြည်သား ကျားဘန်းပရုတ်ဆီပိုင်ရှင် ဦးအော်ဘွန်ပါရဲ့ အကူအညီနဲ့ ၁၅၅၄ မိုင် ဝေးတဲ့ခရီးကို ကုန်းတစ်တန်ရေတစ်တန်ဖြတ်ကျော်ပြီး စင်ကာပူကိုရောက်အောင် ပင့်ဆောင်လာခဲ့ကြရပါတယ်။
ဒီကျောင်းတော်ကြီးဟာ စင်ကာပူရှိ ထေရ၀ါဒ ဗုဒ္ဓကျောင်းတော်တွေထဲမှာလည်း သက်တမ်းအရှည်ဆုံးကျောင်းတော်ကြီး ဖြစ်ပါကြောင်း လေ့လာသိရှိသမျှ ပြန်လည် ဝေမျှလိုက်ရပါတယ်။

စလုံး Page
(စင်ကာပူနှင့်ပတ်သက်သောဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

0 comments:

Post a Comment