Pages

Sunday, 15 January 2017

7Days news "ယာဉ်လမ်းကြောင်းပြဆိုင်းဘုတ်အား ရိုက်ခွဲခဲ့သည့် အမျိုးသား သုံးဦးကို ဖမ်းမိ"

7Days news
"ယာဉ်လမ်းကြောင်းပြဆိုင်းဘုတ်အား ရိုက်ခွဲခဲ့သည့် အမျိုးသား
သုံးဦးကို ဖမ်းမိ"

လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်မှတ်တိုင်တွင် ဆိုက်ထူထားသည့် အများပိုင်စနစ်သစ် ဘတ်စ်ကားလိုင်း ယာဉ်လမ်းကြောင်းပြ
ဆိုင်းဘုတ်အား ရိုက်ခွဲခဲ့သည့် အမျိုးသားသုံးဦးကို ယနေ့(ဇန်နဝါရီ
၁၅ ရက်) လှိုင်သာယာမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း လှိုင်သာယာမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဆိုသည်။
"လောလောဆယ်တော့ အမှုမဖွင့်ရသေးပါဘူး သူတို့ကိုလည်း မစစ်ဆေးရသေးဘူး။ အမှုဖွင့်ပြီးတော့ အရေးယူမှာပါ။
အခုလောလောဆယ်တော့ စခန်းမှာခေါ်ထားတယ်"ဟု ၎င်းက
ဆိုသည်။ အများပိုင်စနစ်သစ်ဘတ်စကားလိုင်း YBS ယာဉ်လမ်းကြောင်းပြ
ဆိုင်းဘုတ်အား ရိုက်ခွဲခဲ့သူများဟု စွပ်စွဲခံထားရသူသုံးဦးမှာ လှိုင်သာယာ မြို့နယ်၊ ၅ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၂၅ နှစ်အရွယ်
ထွန်းထွန်း၊ ၂၃ နှစ်အရွယ်  ကျော်သက်(ခ) ဝတုတ်နှင့် ၆ ရပ်ကွက် အတွင်း နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ရဲဇော်တို့ဖြစ်ကြောင်း
၎င်းက အတည်ပြုပြောကြားသည်။
7days

0 comments:

Post a Comment