Pages

Saturday, 14 January 2017

မော်​လူးအုပ်​စု၊ဟဲနုကျေးရွာအထွက် ၂ဖာလုံခန့်အကွာ​​တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား.....

မော်​လူးအုပ်​စု၊ဟဲနုကျေးရွာအထွက် ၂ဖာလုံခန့်အကွာ​​တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွား.....
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မော်လူး ဇန်န၀ါရီ ၁၃
၁၃.၁.၂၀၁၇ ရက်နေ့ ညနေ(၃း၁၅)နာရီ အချိန်ခန့် မော်လူးဒေသ၊ ဟဲနုကျေးရွာအထွက်​၊ ရွှေဘို-မြစ်ကြီးနား ဗျူ ဟာလမ်းမပေါ် မိုင်တိုင်အမှတ် ၁၆၄/၆ နှင့် ၇ ကြားတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်​မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု့ကြောင့် (၁)ဦးမှာ ဝဲဘက်နာထင် ပေါက်ပြဲ ဒဏ်ရာနှင့် ဒူးပွန်းဒဏ် ရာများရရှိ(စိုးရိမ်ရ)ကာ၊ (၂)ယောက်စီးလာ သော သူတို့မှာ ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်​။

နန့်စီးအောင်ဘက်မှမောင်းနှင်လာသော125TINA
အစိမ်းရောင် မောင်းနှင်သူ ဦးထွန်းထွန်းဦး(၄၉)နှစ်
(ဘ)ဦးဌေး၊မြစ်ကြီးနား အား ဒဏ်​ရာပြင်းထန်​သဖြင့်​ မော်လူး-မေတ္တာအားမာန် လူမှုကူညီရေးအသင်းမှ၃ဦးလိုက်​ပါလျှက်​ ပုညဂါရ၀လူမှုကူညီ​ရေးကားဖြင့်​ ညနေ ၅နာရီ မိုးညှင်း​​ဆေးရုံသို့ အရေးပေါ်ကုသပေးနိုင်ရန် ပို့ေ​​ဆာင်နိုင်ခဲ့သော်လည်း ညနေ ၅နာရီခွဲအချိန်တွင် အဆိုပါဒဏ် ရာ့ဖြင့်သေဆုံးသွားခဲ့​ကြောင်းသိရပါသည်​။

(၂)ယောက်စီးလာ​သောဆိုင်​ကယ်​မှ ​မောင်းနှင်သူမှာဘယ်နဖူးကွဲနှင့်ပြင်းထန် ဒဏ်ရာကြောင့် မော်လူးဆေးရုံသို့ အရေးပေါ်ပို့ဆောင် ​ဆေးကုသ​စေပြီး ဖြစ်စဉ်များကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်း
မော်​လူးပုံရိပ်​မှ  သတင်းရရှိပါသည်​။

Maw Luu`s Images

0 comments:

Post a Comment