Pages

Sunday, 15 January 2017

သမ္မတဟောင်းဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆုယူ ၁၅..၁..၁၇

သမ္မတဟောင်း ဦးသိန်းစိန်ဟာ အရှေ့အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စား
ခေါ်တဲ့ အာရှကော်စမိုပိုလီတန်ဆုကို ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ဒီနေ့ လက်ခံရယူခဲ့ပါတယ်။
-
ဦးသိန်းစိန်ရဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီအပြောင်း
အလဲအတွက် အားထုတ်လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးအပ်ခဲ့တာလို့ အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေး
သုတေသနသိပ္ပံ (အီအာအိုင်အေ) ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
-
ဆုပေးပွဲအခမ်းအနားမှာ ဦးသိန်းစိန်က “တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်စေချင်တယ်၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီကြွယ်ဝချမ်းသာမှုကို အာရှကို ဝေမျှမယ်” လို့ ပြောသွားပါတယ်။
-
“နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုအသိအမှတ်ပြုလာမှုနဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်လိုက်တာကြောင့် တိုင်းပြည်အတွင်းမှာ ဒီမိုကရေစီ စနစ်တွေ ပိုမိုထွန်းကားလာတာ ဖြစ်တယ်” လို့လည်း ဦးသိန်းစိန်က ပြောပါတယ်။
-
ဒီဆုပေးပွဲကို နာရာကာဆူဂါနို အပြည်ပြည်ဆိုင်ရာဖိုရမ် (IRAKA) မှာ ကျင်းပခဲ့တာဖြစ်ပြီး သံအမတ်တွေအပါအဝင် လူ ၃၅၀ခန့် တက်ရောက်ပါတယ်။
-
အာဆီယံအထွေအထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝန်
က ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမ္မတလို့ ခေါ်ခဲ့ပါတယ်။
-
ဦးသိန်းစိန်နဲ့အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ မာဆာဟီဆာဖူဂျီတာက စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဆု၊ ဟိုက်ကူကဗျာဆရာ အိတ်ခ်ျအီးဟာမန်ဗန်ကို သူ့ရဲ့ ဟိုက်ကူကဗျာအတွက် ယဉ်ကျေးမှုဆုတွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment