Pages

Sunday, 15 January 2017

သူ့ခေတ်သူ့ခါ တော့ မန္တလေးဆောင်းကချမ်းခဲ့/အေးခဲ့ဖူးတယ် ထင်ပါရဲ့။

"အသက်ရယ်တဲ့..ရှည်စေလို၊မြနန္ဒာရေညိုသန်းတယ်...  မန်းတောင်ရိပ်ခို..."ဒေါ်ရီရီသန့်သီချင်းက မန်းမြေကို၊လွမ်းစေသကိုးဗျ။  ၁၂၂၁ ခုနှစ်လောက်ကစတည်ခဲ့တဲ့မြို့၊ကုန်းဘောင်မင်း ၁၁ဆက်တို့ရဲ့နောက်ဆုံးမင်းဆက် စိုးစံခဲ့ သောမြို့၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေ ပေါ်လွင်စေ တဲ့မြို့။"စိန်ဗေဒါ ဆိုင်းတီးတာအလွန်တော်ပါ ပေတယ်" လို့ ပြောရင် ချီးမွမ်းတာမဟုတ်ဘူး စော်ကားတာ တဲ့။စိန်ဗေဒါ ဆိုတာ ဆိုင်းတစ်ခုထဲမကအနုသုခုမပညာအရာမှာ လွန်စွာခံစား တတ်သူ၊ကျွမ်းကျင်သူလို့ပြောမှသာပြည့်စုံမယ်လို့ဆိုကြပါတယ်။အဲ့ဒီလိုပါပဲ မန်းမြေအကြောင်းတွေပြောနေလျှင် တော့ညနေသာ စောင်းသွားမယ်၊ကုန်နိုင်ဖွယ်မရှိဘူးပေါ့ဗျာ။

"ချမ်းပုံမှာကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင်၊လမ်းဆုံက ဟစ်လိုက်ချင်ရဲ့"ဆိုတဲ့ အချုပ်တန်းဆရာဖေရဲ့ကဗျာက သူ့ခေတ်သူ့ခါ တော့ မန္တလေးဆောင်းကချမ်းခဲ့/အေးခဲ့ဖူးတယ် ထင်ပါရဲ့။ခုလို"ခြေလျှို လက်လျှို လပြာသို"ဆိုတဲ့ ပြာသိုလကြီး မှာ အထက်ပိုင်းကလူတွေသားရေဂျက်ကင်ဝတ်ပြီး မန္တလေးသာ သွားလို့ကတော့ ဂြိုလ်သားကျလာသလားမှတ်တယ်ထင်။အတော်ကြည့်ကြသဗျ။Taxi သမားတွေက တောင်ကြီးလား၊လားရှိုးလားအမေးခံရတတ်ပါတယ်။ဆရာဖေ့ ကဗျာထဲကလိုမချမ်းဘူးဗျ။မန္တလာနဲ့ဆောင်း ဘယ်အချိန်ကတည်းက အိုးစားကွဲခဲ့ကြသလဲမသိ။

`မန်းဆန်တယ်´ ဆိုတာအတော်များများက `ယဉ်တာ´ လို့အဓိပ္ပာယ်ဖွင့်ကြတယ်။ မြန်မာပြည်အထက်ပိုင်းမှာတော့ `မန်းဆန်တယ်´ဆိုရင် `မန္တလေးသား တွေရဲ့လေယူ လေသိမ်းအတိုင်း စကားပြောတယ်' လို့အဓိပ္ပာယ်ရပါတယ်။တချို့ကမန္တလေးမှာအနေကြာသွားလို့ 'မန်းဆန်'သွားကြတာ ရှိသလို ခဏတဖြုတ်ရောက်ပြန် ပြန်ခဲ့တာတောင် 'မန်းဆန်' တတ်တဲ့သူတွေလဲရှိသဗျ။ရွာက ဘကြီးတစ်ယောက် 'မန်းဆန်' ပုံကဒီလိုပါ။

မန္တလာကို ၃/၄ ရက်ခရီးထွက်ပြီး ရွာပြန်ရောက်လာခဲ့တဲ့
ဦးဘငွေ ကိုတွေ့တော့ ရွာသားအချို့ကသွားရင်း လာရင်း မေးကြတာပေါ့။

"ဘကြီး...မန္တလေးသွားတယ်ပြောတယ်၊ဘယ်အချိန်သွားလို့ဘယ်အချိန်ပြန်ရောက်ခဲ့တာလဲဗျ..."

"မန်နေ့ကရယ်လေ...မန်းလေးပြန်ခဲ့ပေါ့...ဘို့နဲ့သွားလို့...ဂေါက်နဲ့ပြန်း..လာတာ..."။ဆိုပါလား...။
(စာပို့ရထားနဲ့သွားလို့ ခေါက်ပြန်ရထားနဲ့ပြန်လာတယ်)

~~~~~ရိုးရိုးလေးပဲကောင်းပါတယ်ဗျာ....နော~~~~~
kaka
(ဂယောင်ခြောက်ချက်ဆောင်းအိပ်မက်)

0 comments:

Post a Comment