အငှားယာဉ်မောင်းကိုနေ၀င်းတွင် ကျန်ရစ်ခဲ့သည့် သားသမီးသုံးဦးကို
တရုတ်လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခုက ကျပ်သိန်း
၁၄၀ ထောက်ပံ့
+++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဇန်န၀ါရီ ၃၀
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် NLD အကြံပေး
ဦးကိုနီသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရချိန်တွင် ၀င် ရောက်
ကူညီပေးရင်း သေဆုံးခဲ့ရ သည့် အငှားယာဉ်မောင်း ဦးနေ၀င်း(ခ) စောကျိဝှား
တွင်ကျန်ရစ်ခဲ့သည့် ကလေးငယ် သုံးဦးအတွက် တရုတ်လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းခုနစ်ခု က ထောက်ပံ့ငွေကျပ်သိန်း ၁၄၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လေဆိပ်တွင် ကွယ်လွန်ခဲ့သည့် မြန်မာပြည်ဖွား တရုတ်မျိုးနွယ်ဖြစ် သူ ကိုနေ၀င်းတွင် ကျန်ရစ်ခဲ့သည့် ကလေးငယ်များကို အဆိုပါအဖွဲ့ အစည်း ခုနစ်ခုမှ တာဝန်ရှိသူများက ပေးအပ်ခဲ့သည့် အဆိုပါလှူဒါန်း ငွေကို မိသားစုကိုယ်စား ကိုနေ၀င်း (ခ) စောကျိဝှား ၏ဖခင်ဖြစ်သူ ဦးမောင်မောင်(ခ)စောဟော့ကျင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲကို ဇန်န၀ါရီ ၃၀ ရက်ညနေက ရန်ကုန်မြို့ကမ်း နားလမ်းနှင့်စဥ့်အိုးတန်းလမ်းထောင့်ရှိစိန့်ဟုတ် ဗုဒ္ဓဘာသာဘုရားကျောင်း တွင် ပြုလုပ်ခဲ့ရာ ဖူးကျန့်တရုတ်အ မျိုးသားအသင်းကကျပ်သိန်း ၂၀၊ စိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း မှ ကျပ်သိန်း၂၀၊ တရုတ်ကုသိုလ်ဖြစ် အသင်းမှကျပ်သိန်း၂၀၊ စောမျိုး နွယ်ဘုံကျောင်းမှ ကျပ်သိန်း ၂၀၊ ယူနန်ဘုံကျောင်းမှ ကျပ်သိန်း ၂၀၊ ကောင်းတုန်ကုန် ကုန်သည်ကြီးများ အသင်းက ကျပ်သိန်း၂၀၊ တရုတ် ကုန်သည်ကြီးများအသင်းက ကျပ် သိန်း၂၀ စုစုပေါင်းကျပ်သိန်း ၁၄၀ ကို ကိုနေ၀င်း(ခ) စောကျိဝှား ၏ မိသားစုကိုယ်စား ရန်ကုန်မြို့ လသာမြို့နယ် ၂၂ လမ်း တွင်နေထိုင်သည့် ဦးမောင်မောင် (ခ)စောဟော့ကျင် လက်ခဲ့ရယူခဲ့ ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ကိုနေ ၀င်း(ခ) စောကျိဝှား၏ ဖခင်ဖြစ်သူ
ဦးမောင်မောင် (ခ)စောဟော့ကျင်က ""သူ့အနေနဲ့ ဘာမှရည်ရွယ်
ချက်မှမရှိဘဲနဲ့ သာ မန်လူကို ကူညီလိုတဲ့ စိတ်ထားနဲ့ကူ ညီလိုက်တာမှာ မမျှော်လင့်ဘဲတိုင်း ပြည်အတွက် အသက်ပေးသွားတဲ့ ကိစ္စဖြစ်သွားတာပေါ့။ ဖခင်တစ် ယောက်အနေနဲ့ ၀မ်းလည်းနည်း တယ်။ ဂုဏ်လည်းယူတယ်။ ဒါလောက် ပဲပြောနိုင်ပါတယ်"" ဟုဇန်န၀ါရီ ၃၀ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။
ယင်းအပြင် တရုတ်ကုသိုလ် ဖြစ်အသင်းနှင့်စိန့်ဟုတ်ဗုဒ္ဓဘာသာ တရုတ်ဘုရားကျောင်းမှ လည်း ကျန်ရစ်ခဲ့သည့် ကလေးငယ်သုံးဦး ကို လစဉ်ထောက်ပံ့ငွေများ ကူညီပေး သွားမည်ဖြစ်ပြီး တရုတ်လူမှုရေး
နှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခု က ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေ များကိုလည်း ကိုနေ၀င်း(ခ) စောကျိဝှား၏ ဇနီးဖြစ် သူ၏ ခွင့်ပြုချက်ဖြင့် ဖခင်ဖြစ်သူဦး မောင်မောင်(ခ)စောဟော့ကျင်က ယာယီသိမ်းဆည်းပေး
ထားမည်ဖြစ် ပြီး ကလေးငယ်သုံးဦးထံကိုလည်း ငွေများကို စနစ်တကျ လွှဲပြောင်း ပေးသွားမည်ဟု သိရသည်။
ကိုနေ၀င်း(ခ) စောကျိဝှား၏ ရုပ်ကလာပ်ကို ဇန်န၀ါရီ ၃၁ ရက် (အင်္ဂါနေ့) မွန့်း လွဲ ၁ နာရီတွင် ကိုနေ၀င်း(ခ) စောကျိဝှား၏ နေ အိမ်ဖြစ်သည့် မင်္ဂလာဒုံမြို့နယ်ကြံ ခင်းစုရပ်ကွက်၊ မြတောင်ညို (၁) လမ်း နေအိမ်မှ
တစ်ဆင့် ရေဝေးသုသာန် သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ် ကြောင်း
သိရသည်။ သေဆုံးသူ ဦး နေ၀င်း(ခ) စောကျိဝှားသည် ရန်ကုန်လေဆိပ်
တွင် ပြေးဆွဲနေသည့် ပျံသန်းသော ပျံ လွှားအငှားယာဉ်လိုင်းမှ အငှားယာဉ် မောင်းတစ်ဦးဖြစ်ပြီး သေဆုံးချိန် တွင် ဇနီးနှင့်သားသမီး သုံးဦးကျန် ရစ်ခဲ့ကြောင်း သိရသည်။
DT
#Democracytoday
တရုတ်လူမှုရေး နှင့်ဘာသာရေးအဖွဲ့အစည်းခုနစ်ခုကလှူန်းသည့်အလှူငွေ
အားကိုနေ ၀င်း(ခ) စောကျိဝှား၏ ဖခင်ဖြစ်သူဦးမောင်မောင်
(ခ)စောဟော့ကျင်ကလက်ခံရယူနေစဉ်
#Edkza
0 comments:
Post a Comment