ဘတ်စ်ကားများ ပြေးဆွဲမှု ကျဲနေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကားသုံးဆင့်စီးရ၍
အခက်အခဲဖြစ်နေသည့် သူများ တင်ပြ၍ အကူညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ယနေ့ (ဇန်နဝါရီ၁၆ရက်)က အများပိုင်ဘတ်စ်ကားများ ပြေးဆွဲမှု ယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာသော ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက သတင်းထောက်များအား အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။“ပထမဦးဆုံးနေ့မှာ အားလုံးအဆင်ပြေချောမွေ့လိမ့်မယ်လို့
မထင်ဘူး။ယာဉ်ပိုင်ရှင်ဘက်မှာလည်း အခက်အခဲတစ်ခုရှိတယ်။ယာဉ်ပိုင်ရှင်ကလည်း မူလပုံစံအတိုင်းပဲ သွားချင်တယ်။ယာဉ်စီးနေတဲ့သူတွေကလည်း
အသစ်ဖြစ်သွားတဲ့အတွက် ပုံစံမကျသေးဘူး။ဒီအခြေအနေလေးတွေ အခက်အခဲ ရှိနိုင်တယ်။တစ်ချက်ကတော့ ကားတွေမှာလူတွေ တော်တော်
ကျပ်နေတယ်။ လွှတ်ပေးလိုက်တဲ့အချိန်က နည်းနည်းလေး မစိပ်ဘူးဖြစ်နေတယ်။မစိပ်ဘူးဖြစ်နေတော့ နည်းနည်းလေး ကျပ်တယ်။ ဒီအခြေအနေလေးမှာ
အဆင်ပြေအောင် ဆောင်ရွက်မယ်။ မနေ့တုန်းကမှ ကားတွေကို စတစ်ကာကပ်ရတဲ့အတွက် နည်းနည်းကျဲ သွားတယ်။ ဒီအခြေအနေပေါ်မှာ
ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်မယ်”ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
သုံးဆင့်စီးရသည့်သူများကို “ကျွန်တော့်ကိုပြော။ အခုပြောင်းလဲသွားတဲ့ ယာဉ်လိုင်းဟာ သိပ်အသစ်ကြီး မဟုတ်ဘူးဆိုတာ တစ်ခါတည်းရှင်းပြချင်တယ်။
ယခင်က လမ်းကြောင်းတစ်ခုပေါ်မှာ နံပါတ်တွေအများကြီးနဲ့ပေါ့။တအား အခက်အခဲဖြစ်နေတဲ့သူဆို အသေးစိတ်၊ဘယ်နေရာမှာနေပါတယ်။
ဘယ်လိုစီးသွားရလို့ ဘယ်နေရာကိုရောက်တဲ့အတွက် သုံးဆင့်စီးသွားရပါတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ဆီကို တင်ပြပါ”ဟု ၎င်းက ဆက်ပြောသည်။
သတင်း-ငြိမ်းချမ်း
ဓာတ်ပုံ-နစ်ကီ
Monday, 16 January 2017
Home »
» ဘတ်စ်ကားများ ပြေးဆွဲမှု ကျဲနေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကားသုံးဆင့်စီးရ၍
အခက်အခဲဖြစ်နေသည့် သူများ တင်ပြ၍ အကူညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ဘတ်စ်ကားများ ပြေးဆွဲမှု ကျဲနေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကားသုံးဆင့်စီးရ၍ အခက်အခဲဖြစ်နေသည့် သူများ တင်ပြ၍ အကူညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
03:16
No comments
0 comments:
Post a Comment