Pages

Saturday, 14 January 2017

ကသာမြို့ ပြည်သူ့အော်သံ . .  

ကသာမြို့ ပြည်သူ့အော်သံ . .  

ကသာမြို့ အမှတ်(၂)ရပ်ကွက် အောင်သပြေလမ်း ယခု ဦးစိန် ဟိုတယ် ရှေ့လမ်း ကတ္တရာလမ်းခင်းခြင်းမှာ ပြီးစီးအောင်မြင်ခဲ့ပါပြီ။ လမ်းမကြီး က  ကောင်းမွန်သွားပြီး သွားရေးလာရေး အဆင်ပြေ လွယ်ကူသွားခဲ့ပါသည်။

သို့သော် လမ်းဘေးရေမြောင်းများ တူးဖေါ်ခြင်း ရေမြောင်းဖုံးများ  ပြုလုပ်တပ်ဆင်ရာတွင် နည်းလမ်းမကျသော ငွေတောင်းယူမှုများ ဖြစ်ပေါ်လာခဲ့သည် ဟု ဆိုသည် ။ အဆိုပါလမ်း ရှိ လမ်းဘေးဆိုင်ခန်း (၈)ပေခန်း တစ်ခန်း အတွက် ရေမြောင်းဖုံး (၅)ခု နှင့် ရေမြောင်း အတွက် ကျသင့်ငွေမှာ ငွေကျပ် (၂)သိန်းခွဲ (250000)ကျပ် တောင်းယူမှု ဖြစ်ပေါ်နေသဖြင့် ပူညံပူညံ အော်သံတို့ ဆူပူလာခဲ့သည်။ ၄င်း ဆိုင်တန်းများ၌ (12)သိန်း ၊ (4)သိန်း(9)သောင်း ၊ (5)သိန်း(9)သောင်း စသဖြင့် ကုန်ကျမှုများ ရှိနေသည်ဟု ပြောကြသဖြင့် ယခုအခါတွင် ရေမြောင်း နှင့် ရေမြောင်းဖုံး ပြုလုပ်ရန် ပြည်သူလူထုက ငြင်းဆန်မှုများ ဖြစ်ပေါ်လျှက်ရှိနေကြောင်း သိရသည်။ `` အခုလို ရေမြောင်းနဲ့ ရေမြောင်းဖုံး ပြုလုပ်ပေးမယ် ဆိုရင် ကာယကံရှင် နဲ့ အရင်ဆုံး ကြိုတင် ညှိနှိုင်းသင့်တယ် ။ အခုဟာက အားလုံးလုပ်ပြီးသွားပြီ ဆိုမှ ကျသင့်ငွေ ကို လာတောင်းတယ် တောင်းတဲ့ငွေက မတန်တဆ ဖြစ်နေတယ်လို့ ထင်ပါတယ် ။ အမှန်က ဒီလိုမျိုး မလုပ်သင့်ပါဘူး ။ ပြုလုပ်မယ့် ဆိုင်ခန်းရှင် ကာယကံရှင်တွေကို စုပြီးတော့ ခေါ်ယူ အသိပေးသင့်ပါတယ် ။ ပြီးတော့ ရေမြောင်း အရှည် ပေ ဘယ်လောက်အတွက် ဘယ်လောက် ကျသင့်မယ် လုပ်မှာလား မလုပ်ဘူးလား မေးသင့်တယ်လေ ။ အခုတော့ ဘာမှ မပြောမဆိုပဲ လုပ်ပြီးမှ ဘယ်လောက်ကုန်ကျတယ် ပေး ဆိုပြီး တောင်းတာတော့ သဘာဝ မကျဘူး ထင်ပါတယ် ´´ ဟု  အဆိုပါ လမ်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောကြားသွားသည်။

လေညင်းမွှေး (ကသာ)

0 comments:

Post a Comment