ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊(၈)မိုင်လမ်းဆုံတွင်
ဇန္နဝါရီ(၁၃)ရက်နေ့၊နေ့လည်(၃)နာရီအချိန်ခန့်ကမိုးကောင်းမြို့မရဲစခန်းမှစခန်းမှူးဒုရဲမှူးအေးကြူနှင့်အဖွဲ့သည်သတင်းအရစောင်းဆိုင်းနေစဉ်UD(၆)ဘီးကားယာဉ်အမှတ်(7B/3369)အားရပ်တန့်ရှာဖွေရာကားပေါ်တွင်တင်ဆောင်လာသော
ကားတာယာများအတွင်းသိုဝှက်၍တရားမဝင်တင်ဆောင်လာသည့်ကျောက်စိမ်းအရိုင်းတုံးများအားတွေရှိခဲ့ပြီးမိုကောင်းမြို့မရဲစခန်းသို့မောင်းနှင်စေခဲ့ကာ
အသိသက်သေများရှေ့မှောက်တွင်ရှာဖွေစစ်ဆေးသိမ်းဆည်းခဲ့သည်
ဆာလာအိတ်အဝါနှင့်ထည့်ထားသောအိတ်(၆၄)အိတ်အတွင်းမှကျောက်စိမ်းအရိုင်းတုံး(၆၁၇)လုံး၊အလေးချိန်(၁၂၈၆)ပိ ဿာအား
ရှာဖွေသိမ်းဆည်းပြီး
မော်တော်ယာဉ်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အားမိုးကောင်းမြို့မရဲစခန်းတွင်
မိုးကောင်းမြို့မရဲစခန်း(ပ)၆/၂၀၁၇
ကျောက်မျက်ဥပဒေပုဒ်မ၄၂(က)
အရအရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရှိပါသည်။
ယဉ်မောင်း
သက်ထွန်း(၂၅)နှစ်၊(ဘ)ဦးခင်ဇော်ဦး
၅/ထခန(နိုင်)၀၆၈၅၄၉
မြတောင်ကျေးရွာ၊ထီးချိုင့်မြို့နယ်
ယာဉ်နောက်လိုက်
သိန်းဌေးဦး(၄၃)နှစ်၊(ဘ)ဦးချွတ်တား
၉/စကတ(နိုင်)၀၆၃၄၇၄
သရက်ခြံရပ်ကွက်၊ရွှေဘိုမြို့
0 comments:
Post a Comment