Pages

Thursday, 19 January 2017

#ရှေးလူကြီးများပြောအသွားမတော်တစ်လမ်း ချင်းတွင်းမြစ်ထဲ တက္ကသိုလ်ကျောင်းသူ/သားတွေ ရေနစ် သေကြပြန်ပြီးတဲ့

#ရှေးလူကြီးများပြောအသွားမတော်တစ်လမ်း
ချင်းတွင်းမြစ်ထဲ တက္ကသိုလ်ကျောင်းသူ/သားတွေ ရေနစ် သေကြပြန်ပြီးတဲ့

ညနေပိုင်း phဆက်သတင်းပေးလာ။ကျောင်းသူ/သား ၅ယောက် အဖွဲ့ ချင်းတွင်းတံတားအောက်ခြေ လက်ခုပ် ပင်ရွာအနီး ချင်းတွင်းမြစ်ထဲ ရေကူးကြ။ ၃ယောက်နစ်။
ရောက်နေတဲ့နေရာကနေအပြေးလာခဲ့ရ။သက်ဆိုင်ရာ
ကိုဆက်သွယ်အသိပေး။ကျေးရွာကူညီမူဖြင့် ၁ယောက်
ဆယ်ရ။ဒါပေမယ်အသက်ရှင်လျက်မဟုတ်။

ယင်းမာပင်မြို့နယ်ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ထွေအုပ် မုံရွာမီးသတ်တပ်ဖွဲ့ ကျေးရွာပရဟိတ အဖွဲ့များ စုပေါင်းရှာဖွေ။ ညပိုင်း 7နာရီအချိန်ထိ ကျန်၂ယောက်ကို ရှာဖွေလို့မရ။ လူမှု့ရေးဝန်ကြီး ဒေါက်တာဇော်ဝင်းပါ အပြေးရောက်လာ။

စီးပွားရေးတက္ကသိုလ် ဆရာမများလဲမနေသာ။ စီးပွားရေး တက္ကသိုလ်ကျောင်းသူ၃ယောက်။ မသန်းသန်းဆင့်(ဟုမ္ပလင်း)သေဆုံး။ မဟန်နီစိမ့်(ကျွန်းလှ)ရှာဖွေမရ။ Main Physics မှ မောင်ကုဋေအောင် (အရာတော်)ရှာဖွေမရ။ ဆိုင်ရာ မိဘများ ချိတ်ဆက်အသိပေး။  သားသမီးဇောနဲ့ ချက်ချင်းရောက်လာ ကြတယ်။ ပူဆွေးသောကများစွာ။

မောင်ငယ်ညီမငယ်များ ပညာသင်ချိန်မှာ ပညာကိုသာ ကြိုးစား သင်ယူစေချင်။ ကျောင်းဖွင့်ရက် စာသင်ချိန် အပြင်ကိုရောက် အသက်ပါဆုံးရှုံးရ။မိဘများအတွက်လဲ ရင်နင့်ဖွယ်။ နိုင်ငံတော်တွက်လဲ ပညာတတ် အနာဂါတ် ကြယ်ပွင့်များ ဆုံးရှုံးရ။
18.1.2017
Khin Hini Yee

#ကိုအောင်မင်းနိုင်

0 comments:

Post a Comment