"အစိုးရသစ် ဒီမိုကရေစီအာဏာရှင်စနစ်ကို ဦးတည်နေကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌဝေဖန်"
==============================================
(ရန်ကုန်- ဇန်နဝါရီ ၂၃)
အစိုးရသစ် လက်ထက်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာတဲ့ အတွက်ကြောင့်
ဒီမိုကရေစီ အာဏာရှင်စနစ်ကို ဦးတည်လာပြီး တရား ဥပဒေ စိုးမိုးရေးလည်း အားနည်းလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ဝေဖန်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာဆွေးနွေးပွဲ မှာ ဦးသန်းဌေး က အထက်ပါ အတိုင်းပြောကြား ခဲ့တာပါ ။
ဒါ့အပြင် အစိုးရသစ် အနေဖြင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းတဲ့အတွက် နိုင်ငံသား အခွင့်အရေးနဲ့ နိုင်ငံတော် အခွင့်အရေးတွေ များစွာ ဆုံးရှုံး နစ်နာနေတယ်လို့လည်း သူကဆိုပါတယ်။
"နိုင်ငံတော်နဲ့ နိုင်ငံသား တွေရဲ့ လုံခြုံရေးကိုများစွာ အထောက်အကူပြုတဲ့ ဥပဒေအချို့ကိုဖျက်သိမ်းပြီးဒီဖျက်သိမ်းမှု ကတစ်ဆင့် နိုင်ငံအနှံ့ တောရောမြို့ပါ မျက်နှာစိမ်းများ အလွယ်တကူ အလျင်အမြန် အများအပြားရောက်ရှိခြေကုပ် လာကြတာတွေကို စိုးရိမ်ဖွယ်ရာ တွေ့ရှိလာရပြီဖြစ်ပါတယ်" လို့ ဦးသန်းဌေးက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေး ကျဆင်းလာမှုကြောင့် ရာဇဝတ်မှုတွေ ၊ ဥပဒေချိုးဖောက်မှုတွေ တိုးတက် လာကြောင်း၊ အစိုးရသစ် လက်ထက်မှာ " နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ" သက်ဝင် လှုပ်ရှားမှု လုံးဝ မရှိဘဲ အဖွဲ့အစည်းတွေ ဖန်တီး အစားထိုးတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်လာကြောင်း သူကပြောပါတယ် ။
"အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ အငြင်းပွား နေကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေ အပါအဝင် အခြားအငြင်းပွားဖွယ် ဥပဒေတွေ ပြဌာန်းပြီး စီမံခန့်ခွဲ လာတာကို တွေ့ရပါတယ်။ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီရဲ့ သက်ဝင် လူပ်ရှားမှု လုံးဝမရှိဘဲ အဖွဲ့အစည်း တွေ အစားထိုးတဲ့ လုပ်ရပ်တွေ ပေါ်ပေါက် လာတာကို တွေ့ရပါတယ်" လို့ ဦးသန်းဌေး ကဆိုပါတယ်။
ပြည်ခိုင်ဖြိုး ပါတီရဲ့ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကို ညနေ လေးနာရီ အထိ ဆက်လက်ကျင်းပမှာဖြစ်ပါတယ် ။
သတင်း -လင်းဟိန်း
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
ဟိန်းထွဋ်ခေါင်
0 comments:
Post a Comment