Pages

Saturday, 14 January 2017

လိင်ဆက်ဆံပုံများ ဗိုက်ဘာမှ ပို့သူကို ဆက်သွယ်ရေးပုဒ်မဖြင့် တိုင်ကြား ============

လိင်ဆက်ဆံပုံများ ဗိုက်ဘာမှ ပို့သူကို ဆက်သွယ်ရေးပုဒ်မဖြင့် တိုင်ကြား
==============================================
ကိုသစ္စာ-မုံရွာ
     
   ကောလင်းမြို့ အောင်သီရိရပ်ကွက်နေ အသက် ၄၀ ကျော်အမျိုးသမီး ၏ လက်ကိုင်ဖုန်းသို့ ဗိုက်ဘာမှ တဆင့် ညစ်ညမ်း ပုံများ ပေးပို့သူ အား  ဇန်န၀ါရီ ၁ ရက်နေ့တွင် ကောလင်းမြို့မရဲစခန်း၌    ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၆ (ဃ)ဖြင့်အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
    
    ဗိုက်ဘာမှ ညစ်ညမ်း  လိင်ဆက်ဆံ ပုံများ ပေးပို့သော သူမှာ လွန်ခဲ့သော ဆယ်ရက်ခန့် ကောလင်းမှ ဥက္ကံရွာသို့သွားစဉ်   အမှုဖွင့်တိုင်ကြားသူ အမျိုးသမီး စီးခဲ့သော ကားမှ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းဖြစ်ကြောင်း သိရသည်။ ကားစီးရင်း  ၄င်း၏ ဖုန်းနံပတ်ကို ရ၍  ဗိုက်ဘာ တွင်စကားပြောဆိုရင်းမှ ညစ်ညမ်းပုံများ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့တိုင်ကြား စာအရ သိရသည်။
  
     ပြီးခဲ့သည့် ၂၀၁၆ အတွင်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခဲ့သော အမှုပေါင်း ၁၇ ခု ထိရှိခဲ့ပြီး ဖေ့ဘုတ်မှ တဆင့်ပုတ်ခတ်ရေးသားခြင်းများသာ
အများဆုးံတိုင်ကြားခဲ့ကာ ၊ယခု ကဲ့သို့ဗိုက်ဘာမှ ညစ်ညမ်းပုံပေးပို့သဖြင့် တိုင်ကြားမှုမှာ ပထမဆုးံဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ပြန်လှယ်မျှဝေ Mglay Mglayngenge Ngenge

#TMN

MMA@Ko Gyi Maung

0 comments:

Post a Comment