"မော်လူးပုံရိပ်နှင့် ကမ်းလက်များ"
(6.12.2015)ရက်နေ့ မှာ မော်လူးပုံရိပ်မှ
အဖွဲ့သားများ နမီးကျေးရွာအုပ်စု၊နားမကျိုင်းအနောက်ကမ်းက ခေါင်တုံးစီရွာသစ်ကို ရောက်ခဲ့ကြပါတယ်။မော်လူးပုံရိပ်အဖွဲ့သားများ အလုပ်မအားတဲ့ကြားကပဲ စေတနာကိုအသိအမှတ်ပြုသောအားဖြင့် လိုက်နိုင်တဲ့သူများ စုစည်းလို့ အရောက်သွားခဲ့ကြတာဖြစ်ပါတယ်။မော်လူးကနေ ခေါင်တုံးစီရွာသစ်အထိ သစ်ထုတ်တဲ့ရာသီမို့ လမ်းတွေမဆိုးလှဟု ပြောရမှာပါ။ အလှူရှင်တစ်ဦးရဲ့ဒါနကို သွားရောက်လက်ကမ်းပေးကြတာဖြစ်ပါတယ်။
ကျနော်တို့မော်လူးပုံရိပ်ပေ့ခ်ျမှာ ခေါင်တုံးစီရွာရဲ့ မူလတန်းကျောင်းလေး အကူအညီလိုအပ်နေကြောင်း၊ပညာရေးထောက်ပံ့ငွေ ယခုထိမရရှိသေးပဲ ရွာရဲ့စုပေါင်းအားနဲ့လုပ်ဆောင်နေကြောင်း တင်ပေးထားပြီးဖြစ်ပါတယ်။မော်လူးမှ (၁၆)မိုင်ခန့်ဝေး၍ အိမ်ခြေ(၇၀)ခန့် ရှိပြီး လူဦးရေ(၃၀၀)ခန့်သာရှိသော ထိုရွာလေး၏ စုစည်းညီညွတ်မှုစွမ်းအားကြောင့် အကောင်အထည်ပေါ်စပြုပြီဖြစ်တဲ့ မူလတန်းကျောင်းလေးအကြောင်း ထည့်ရေးထားတာဖြစ်ပါတယ်။သို့သော်ရွာ၏ ဘဏ္ဍာရေးအခြေအနေအရ လတ်တလောရှေ့မဆက်နိုင်ပဲ ခရီးတစ်ဝက်တင်ရပ်တန့်နေကြောင်း ဖော်ပြပြီးဖြစ်ပါတယ်။
ကျနော်တို့ရေးသားဖော်ပြထားတာကိုမြင်တဲ့ စေတနာရှင်တစ်ဦးက မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ လက်တစ်စုံ ကမ်းလင့်လာတယ်ခင်ဗျ။ဖော်မပြတတ်အောင်ပဲ ကျန်ာတို့အဖွဲ့မှ ၀မ်းသာပီတိဖြစ်ရပြီး အလှူရှင်ရဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့လည်း ကျနော်တို့အဖွဲ့မှ ရွာအရောက် သွားရောက်လှူဒါန်းငွေပေးကြဖို့ တိုင်ပင်ဖြစ်ကြပါတယ်။
ကျနော်တို့မော်လူးပုံရိပ်အဖွဲ့သားများမှာ
မော်လူးဒေသ၏လိုအပ်ချက်ရှိသောရွာများအားအကူအညီရစေရန်၊တတ်နိုင်သလောက်ဖြည့်ဆည်းပေးရန်၊ကမ်းလက်များနှင့်လက်တွဲလုပ်ဆောင်ရန် နှင့်
သတင်းစုံ ကဏ္ဍစုံသိမြင်စေလိုသော ရည်ရွယ်ချက်ဖြင့် ပေ့ဖွင့်ထားခြင်းဖြစ်ပါတယ်။မော်လူးပုံရိပ်၏ တွဲလက်များဖြင့် မော်လူးဒေသ၏ လိုအပ်ချက်များ အနည်းငယ်မျှ အကျိုးတစ်စုံတစ်ရာရှိစေခဲ့လျှင်
ကျနော်တို့အဖွဲ့သားများ
ကျေနပ်ဝမ်းမြောက်ရပါသည်။
မော်လူးပုံရိပ်တွင် လက်ရှိဝင်ရောက်
ရေးသားနေသူပေါင်း (၁၄)ယောက်ရှိပါသည်။
ဖေ့ဘုတ်အကောင့်အလိုရှိလျှင်ဖြစ်စေ၊ နည်းပညာနှင့်ပါတ်သက်၍ မေးလိုလျှင်ဖြစ်စေ ကျနော်တို့သိသမျှဖြေပေးသွားမည်ဖြစ်ပြီး မသိပါက အခြားဆရာများအားမေးမြန်း၍ ကူညီပေးသွားမည်ဖြစ်သည်။ဖေ့ဘုတ်အကောင့်များလိုအပ်လျှင်လည်း အခမဲ့ကူညီပေးပါမည်ဟု ကျနော်တို့အဖွဲ့မှ ရေးထားသည်ကို မြင်တွေ့နိုင်ပါသည်။အပြင်မှအကောင့်တစ်ခု(၃၅၀၀)နှင့်ဝယ်ရန်မလိုပါ။
လက်ရှိမော်လူးပုံရိပ်တွင် အမျိုးသမီး(၄)ဦး၊အဝေးမှ နည်းပညာစိတ်ဝင်စားသူ(၁)ဦး
မော်လူးသား(၉)ဦး စုစုပေါင်း
(၁၄)ဦးရှိပါသည်။
ADMIN များမှ ကဗျာ၊စာပေ နည်းပညာ၊သတင်း၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး ကဏ္ဍစုံကို ကြိုးစားရေးတင်နေကြပါသည်။ လိုအပ်ချက်များရှိပါကလည်း နားလည်ပေးကြပါကုန်။
ကျနော်တို့ရေးတင်လိုက်သော ခေါင်တုံးစီရွာသစ်မူလတန်းကျောင်း အခြေအနေအား နားလည်စာနာမိသော ကမ်းလင့်လက်တစ်စုံပိုင်ရှင်မှာ ပြင်ဦးလွင်မြို့မှ မစန္ဒာနိုင်
ဖြစ်ပါတယ်။မစန္ဒာနိုင်မှ ခေါင်းတုံးစီကျေးရွာ မူလတန်းကျောင်းသို့ အလှူငွေ-၁၀၀၀၀၀/-(တစ်သိန်းကျပ်)ကို
အွန်လိုင်းမှပေးပို့လှူဒါန်းပေးပါသည်။ယခုလိုပညာရေးအလှူငွေအဖြစ်လှူဒါန်းပေးသော မစန္ဒာနိုင်အား ဖြစ်လေရာဘ၀တိုင်း ဥာဏ်ပညာပြည့်ဝ၊စိတ်နှလုံးလှပြီး ကျမ်းမာပျော်ရွှင်သောနေ့ရက်များ ထာဝရပိုင်ဆိုင်ပါစေလို့ ကျနော်တို့အဖွဲ့မှ ဆုတောင်းပေးပါတယ်။အင်မတန်လည်းဝမ်းသာရပါတယ်ဗျာ။လိုအပ်ချက်များရှိသောနေရာများသို့အကူအညီများမှန်ကန်စွာရောက်စေဖို့ကျနော်တို့အဖွဲ့မှ အွန်လိုင်းနှလုံးလှ စေတနာရှင်များနှင့်ပူးပေါင်းလက်တွဲသွားမှာပါ။ယခုလှူဒါန်းပေးသော မစန္ဒာနိုင်၏ အလှူငွေကိုလည်း(၁၆)မိုင်ခန့်ဝေးသော ခေါင်တုံးစီရွာသို့
အရောက်သွားလို့
ိုမှန်မှန်ကန်ကန်သွားရောက်လှူဒါန်းပေးပြီးဖြစ်ပါတယ်။အကယ်၍ မရှင်းလင်းသည်များ၊သိလိုသည်များ ရှိပါက ကျနော်တို့ထံဖုန်းဆက်မေးမြန်း၍ဖြစ်စေ၊လူကိုယ်တိုင်လာရောက်၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဖုန်းနံပါတ်-09256187561
မော်လူးဒေသ၏ အခြားနေရာများမှ အကူအညီလိုအပ်သောနေရာများကိုလည်း အလျင်းသင့်သလိုဖော်ပြ၍ ကျနော်တို့နှင့်လက်တွဲပြီး မိမိတို့တတ်နိုင်သည့်ဖက်က ကူညီလက်တွဲပေးဖို့ရန်လည်း ကြိုတင်ပန်ကြားအပ်ပါတယ်ခင်ဗျာ။
ပြင်ဦးလွင်မြို့၊မစန္ဒာနိုင်၏ အလှူငွေ (၁)သိန်းသွားရောက်လှူဒါန်းပေးကြပုံကို
ပုံနှင့်တစ်ကွဖော်ပြအပ်ပါတယ်ခင်ဗျာ။
အလှူရှင်မစန္ဒာနိုင်အား ကျေးဇူးအထူးတင်လျှက်
ခေါင်တုံးစီရွာမှ မူ/အုပ် ဆရာမ ဒေါ်ဝင်းဝင်းမာ၊အုပ်ချုပ်ရေးမှူး ဦးချိုဝင်းနှင့်မော်လူးပုံရိပ်အဖွဲ့သားများ.....
0 comments:
Post a Comment