Pages

Thursday, 17 December 2015

လက်​ကျန်​၂လ အ​ပြောင်​ရှင်းကြ

"လက်​ကျန်(၂)လ အ​ပြောင်​ရှင်းကြ" မြန်မာပြည် သယံဇာတ ကျိန်စာသင့်မှုမှာ ယနေ့အချိန်​တွင် အမြင့်ဆုံးအဆင့်​သို့​ရောက်နေပေသည်။ တာဝန်ယူမှု တာဝန်ခံမှုမရှိသော အာဏာရှင်​များ လက်ထက်တွင် ဓားမြ​ရော၊အိမ်တွင်းသူခိုး​ရော၊ သူခိုးဓားရိုးကမ်းသူတို့ပါ ပြည်တွင်းရှိ ရှိသမျှ သယံဇာတမှန်သမျှ တူးဆွယူငင်​ကြကုန်​သည်။ အောက်ခြေမှစ အထက်အရာရှိများအထိ ဥပဒေကို လိုသလို အသုံးချ၍ ကိုယ်နှင့်ကိုယ်မိသားစုကောင်းစားရေးသာ အ​လေး​ပေးကြသည်​။"ဘယ်သူသေသေ ငတေမာပြီးရော" စိတ်ဓာတ်မျိုးဖြင့် ထင်ရာစိုင်းခဲ့ကြသည်။အာဏာရှင်စနစ်အား အသက်သွင်း၍ ပြည်သူကိုအကြောက်တရားဖြင့်ဖိနှိပ်၏။နလံမထူနိုင်အောင်လည်း နည်းအမျိုးမျိုးဖြင့် နှိပ်ကွပ်​ပြသဖြင့် ဘယ်ပြည်သူမှ နိုင်ငံရေးကို စိတ်မဝင်စား​အောင်​ လုပ်​​ထားကြသည်​။နိုင်​ငံ​ရေးအသိ​ခေါင်းပါး​စေ၍ ပြည်​သူတို့မှာ "ကိုယ်လုပ်မှ ကိုယ်စားရတာ" "ကိုယ်ရှာမှ ကိုယ်ရတာ" ထိုသို့​သောအသိမျိုးနှင့်သာ ကျေနပ်နေစေသည်။ ထို့​ကြောင့်​ပင်​ အုပ်ချုပ်ရေးယန္တရားနှင့် အလှမ်းဝေးသော ​တော​နေပြည်သူများမှာ ဝန်ထမ်းအသီးသီးတို့၏ ဥပ​ဒေလက်တစ်လုံးခြား လုပ်​​ဆောင်မှုကို ခါးစီးခံကြရလေသည်။ဥပမာ ​တော​နေလူတန်းစားတစ်​​ယောက်​ သစ်​နည်းနည်းလောက်ခိုးတာမိလျှင်ပင် ဥပဒေနှင့်ခြိမ်းခြောက် ပြစ်ဒဏ်မကျ/ ကျအောင်လုပ်တတ်ကြပြီး အာဏာပိုင်တို့အား ငွေပေးထားသည့် လုပ်ငန်းရှင်ကြီးများဆိုလျှင် သစ်တောတစ်တောလုံးခုတ်လျှင်ပင် မျက်ကွယ်ပြုထားကြလေသည်။ထို့ပြင်​ အမှန်တရားအတွက် ပြောဆိုသည့် မည်သူ့ကိုမဆို ဖမ်းဆီး​ထောင်​ချ၏။ ဝန်​ထမ်းအသီးသီးမှလည်း "ဂွင်​​" ကောင်းသည့်​နယ်​များသို့်​ရောက်​ရန်​သာအထက်​လူကြီးအား ချဉ်းကပ်​ရကြလေသည်​။မမှန်​ကန်​မှုများအား ပြည်​သူကတိုင်​လျှင်​ပင်​ ​အောက်​​ခြေအဆင့်​၌သာ ​ဖျောက်​ထား၍ အမှုမှန်​​ပေါ်​အောင်​ ​ဖော်ထုတ်​ခြ​င်းမပြုကြ။ဥပမာ သစ်​ခိုးထုတ်​သောကားအား ဖုန်းဆက်​တိုင်​လျှင်​ အ​ပေးအယူတည့်​၍ ဖမ်းဆီးသည့်​သတင်း ဘယ်​​သောအခါမှ မကြားရ​ပေ။ ၎င်းတို့ကိုဝင်​​ငွေတစ်​ဖက်​တစ်​လမ်းမှ ရ​စေရန်​သာ အသိ​ပေးသည့်​သ​ဘော သက်​​ရောက်​​စေ၍ မည်​သူမျှ အမုန်းခံ၍ မတိုင်​​တော့​ပေ။ကျ​နော်​တို့​ဒေသတွင်​​နေ့တိုင်းလိုလိုသစ်​များခိုးထုတ်​ကြ၍ သစ်​အုပ်​/သစ်​​တောဝန်​ထမ်းများသာ ကားစီး/တိုက်​​ဆောက်​နိုင်​ကြကုန်​​သည်​။ ကျ​နော်​တို့နိုင်​ငံ၏သယံဇာတများကိုလည်းလက်​ကျန်​(၂)လအတွင်း အ​ပြောင်​ရှင်း​နေသည်​မှာလည်း သတင်းများတွင်​မမြင်​ချင်​မှအဆုံးပင်​။ ဘာမဟုတ်​​သော သိက္ခာချအမှု၊ပုဂ္ဂိုလ်​​ရေးတိုက်​ခိုက်​မှုများကို​တော့မိ​အောင်​​ဖော်​ထုတ်​၍ သစ်​​တောခိုးထုတ်​သတင်းများ၊သယံဇာတ အ​ပြောင်​ရှင်း​နေပုံများကို​ကား ဘာသံမှမကြားရ​ပေ။ထို့ပြင်​ ​အောက်​​ခြေပြည်​သူများ၏ ဘဝရပ်​တည်​မှုကား အာမခံချက်​မရှိ။လုပ်​ငန်းခွင်​ထဲထိခိုက်​ ​သေဆုံးကြလျှင်​​တောင်​ ​ဆွေမျိုးသားချင်းတို့ နစ်​နာ​ကြေး​တောင်းမှသာ အသက်​​လျှော်​​​ကြေး မစို့်​မပို့ရသည်​။လူတစ်​​ယောက်​၏အသက်​ကိုဘက်​ဖိုးတစ်​စီး​လောက်​မှ တန်​ဖိုးမထားပဲ ​ငွေ​ကြေးလောဘတစ်​ခုထဲသာ ကြည့်​တတ်​သောကုမ္ပဏီများ ​မှော်​​မြေ​ဒေသတွင်​ များစွာရှိ​လေသည်​။ထို့ပြင်​ ​နိုင်​ငံအဝှမ်း မူးယစ်​​ဆေးဝါး ​ပေါများမှုကလည်း ရင်​​လေးဖွယ်​ရာပင်​။ ​အောက်​​ခြေပြည်​သူများကား မူးယစ်​​ဆေးဝါးနွံတွင်းနစ်​၍ တိုင်းပြည်​၏ အနာဂတ်​အင်​အားအတွက်​ စိုးရိမ်​ဖွယ်​အ​နေအထားပင်​။ တရုတ်​က ကျ​နော်​တို့နိုင်​ငံတွင်းမှ သစ္စာခံပြည်​တွင်းတရုတ်​တို့ကို​ ​ငွေ​ကြေးနှင့်​စက်​ယန္တယား​ ထောက်​ပံ့​ပေး၍ ၎င်းတို့လိုချင်​တာမှန်​သမျှ အကုန်​သယ်​​လေသည်​။ ကျ​နော်​တို့နိုင်​ငံသည်​ကား မူးယစ်​​ဆေး စွဲလူငယ်​များနှင့်​ သယံဇာတကုန်​ခမ်း၍ အခွံများသာ ချန်​ထားရစ်​​လေမည်​။မြန်​မာပြည်​၏ ​နောင်​အနာဂတ်​မှာ တိုင်​ပြည်​အုပ်​ချုပ်​မင်းလုပ်​​သော သူတို့၏ အရည်​အချင်းနှင့်​များစွာ သက်​ဆိုင်​​​ပေမည်​။ အကျင့်​ပျက်​ဝန်​ထမ်းများကိုလည်း မမှန်​ကန်​ပါက ထိ​ရောက်​​သော အ​ရေးယူမှုမျိုးနှင့်​ ကိုင်​တွယ်​​စေချင်​သည်​။သို့မှသာ စည်းကမ်းရှိ​သော တိုင်းပြည်​နှင့်​ ပြည်​သူအကျိုးသာကြည့်​​သော နိုင်​ငံသား​ကောင်းတို့​ပေါ်ထွက်​၍ ကျ​နော်​တို့နိုင်​ငံ၏အနာဂတ်​ လှပနိုင်​လိမ့်​မည်​သာ..............။

0 comments:

Post a Comment