20.12.2015၊ရက်နေ့-တနင်္ဂနွေနေ့......
"ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာဖို့ စုပေါင်းအမှိုက်ကောက်ကြစို့" ဟူသောဆောင်ပုဒ်အား လက်ကိုင်ထား၍
ယနေ့မနက်ပိုင်းတွင် သာယာလှသော သူရောင်းကျေးရွာသို့ အမှိုက်ကောက်ခြင်း ဆောင်ရွက်ကြစဉ်။
မော်လူးမှပူးပေါင်းအင်အား(၃ဝ)ကျော်နှင့် သူရောင်းဒေသခံပူးပေါင်းအင်အား(၅၀)ကျော် စုစုပေါင်းအင်အား(၈၀)ခန့် သူရောင်းကျေးရွာနှင့် ဒီပင်္ကရာစေတီတော်ပတ်ဝန်းကျင်သို့ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ကြသည်။
သူရောင်းကျေးရွာရှိ အလယ်တန်းကျောင်းခွဲ၊ဘုန်တော်ကြီးကျောင်းနှင့်သူရောင်းကျေးရွာအနီးက ဒီပင်္ကရာမဟာစေတီတော်ဝန်းကျင်သို့် သွားရောက်၍ အမှိုက်ကောက်ကြပါသည်။
သူရောင်းကျေးရွာမှ အမှိုက်ကောက်ခြင်းပါဝင်ကြသူများအား ကောက်ညှင်းပေါင်း၊အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံပါသည်။
အမှိုက်ကောက်ခြင်း အလေ့အကျင့်ကောင်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အစဉ်သဖြင့် လုပ်ဆောင်နိုင်ပါက အင်မတန် ကောင်းမွန်သည့်အလေ့အကျင့်ဟု ထင်မိပါသည်။
ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာဖို့ စုပေါင်းအမှိုက်ကောက်ကြစို့ ဟု မော်လူးပုံရိပ်မှ တိုက်တွန်းရင်း...........
Saturday, 19 December 2015
Home »
» "(၂၀-၁၂-၂၀၁၅)ရက်နေ့ သူရောင်းကျေးရွာသို့ စုပေါင်းအမှိုက်ကောက်"
"(၂၀-၁၂-၂၀၁၅)ရက်နေ့ သူရောင်းကျေးရွာသို့ စုပေါင်းအမှိုက်ကောက်"
22:29
No comments
0 comments:
Post a Comment