Monday, 21 December 2015
Home »
» မော်လူးပုံရိပ်မှ ကမ်းလက်များသို့
မော်လူးပုံရိပ်မှ ကမ်းလက်များသို့
22:53
No comments
မော်လူးပုံရိပ်မှကမ်းလက်များသို့..........
စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးမြို့၊ရပ်ကွက်(၆)နေ ဦးစောအေး+ဒေါ်ခိုင်ချိုချိုတို့၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးဆန်းပိုင်မှာ ဆေးကုသဖို့ အကူအညီလိုအပ်နေကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
မအေးဆန်းပိုင်မှာ မွေးကတည်းက အသားအရေမှာနီရဲလွန်း၍ အနှီးပင်အသားမှထွက်သော အရည်တို့နှင့်ကပ်သဖြင့် မိခင်ဖြစ်သူမှာ အနှီးကို မကြာခဏမခွာရက်ပေ။
ထိုကလေး(၃)လသားအရွယ်မှာ အရေပြား၌ ငါးကြင်းကွက်ကဲ့သို့်ဖြစ်လာ၍ မျင်နှာပြင် ဗြုတ်သီးများထလာသဖြင့် မိုးညှင်းဆေးခန်းသို့သွားရောက်ပြသဖူးသည်ဟု ၎င်း၏မိခင်က ပြောပြပါသည်။ အရေပြားခန်းခြောက်သောရောဂါဟုသာအမည်နာမတပ်နိုင်ပြီး ပျောက်ကင်းအောင်တော့ ကုသနိုင်ခြင်းမရှိခဲ့ပေ။
မိဘများမှာလည်း လက်လုပ်လက်စားဖြစ်၍ ကလေးဆေးကုသဖို့ရာ ငွေကြေးမတတ်နိုင်ရှာကြ။အထူးကုဆေးရုံ၊ဆေးခန်းသို့မသွားရောက်နိုင်ပဲ မိမိတို့ကြားရသလောက်၊ဆေးမြီးတိုများဖြင့်သာကုသနေသည်မှာ ယခုကလေး(၁၁)နှစ်အရွယ်သို့ပင် ရောက်နေချေသည်။
ကလေး၏အသားအရေမှာ မွေးကတည်းကပင် မွေးရာပါဖြစ်ပြီးအရေပြားမှာ ငါးကြင်းကွက်ကဲ့သို့ အချပ်လိုက်၊အပြင်လိုက် ထွက်ပေါ်ကာ ကွာကျလိုက်၊အသစ်ထွက်လာလိုက်ဖြင့် အမြဲဖြစ်နေခြင်းဟုသိရပါသည်။
မိဘများမှတတ်နိုင်သလောက် ဂရုစိုက်ကုသပေးကြသော်လည်း ရောဂါပျောက်ကင်းအောင် ကုသနိုင်ဖို့ရာ များစွာအခက်အခဲရှိသည့်အခြေအနေမျိုးဖြစ်သည်။
ထိုသမီးလေးမှာမွေးချင်း(၆)ယောက်ထဲမှ((၅)ယောက်မြောက် တစ်ဦးတည်းသောသမီးဖြစ်သည်။ပထမကလေး(၄)ယောက်စလုံးသားယောကျာင်္းလေးများဖြစ်၍ သမီးမိန်းကလေးအင်မတန်လိုချင်သောမိဘ များအတွက် မွေးလာသောကလေးအားကြည့်၍ ဝမ်းနည်းဝမ်းသာဖြစ်ကြရှာသည်။ ကလေးငယ်စဉ်က အချိန်တန်လျှင်ပျောက်ကင်းမည်ဟုထင်ကြသော်လည်း ယခုပင်ကလေးက(၁၁)နှစ်ရှိလာချေပြီ။ ဒီထက်အသက်အရွယ်ရလာပါက လူတောမတိုးဝံ့၊ရှက်တတ်လာမည်ဖြစ်၍ ကူညီကြဖို့ မော်လူးပုံရိပ်မှ တင်ပြအပ်ပါသည်။
ကလေးရဲ့စားသောက်နေထိုင်တာကတော့သာမန်ကဲ့သို့ပင်ဖြစ်ငြား လူတောမတိုးဝံသည့်အာငယ်စိတ်တော့ ရှိမည်မှာအသေအချောပင်။
ငယ်စဉ်ကတည်းက ငါးကြင်းကွက်လိုအရေပြားမှ အစိုဓာတ်ရှိလျှင် ငါးညီနံ့ထွက်သဖြင့် တစ်ခြားကလေးများကြားထားဖို့ရန် အဆင်မပြေနိုင်၍ မိဘများမှ ကျောင်းပင်မထားပေးပေ။အရေပြားမှာအမြဲယားယံနေ၍လည်း ကလေးမအဖို့ အနေခက်မည်မှာအမှန်ပင်။
ဆေးပညာရှင်များ၊အလှူရှင်များအား ဝိုင်ဝန်းကူညီကြဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
ကျနော်တို့မော်လူးပုံရိပ်အဖွဲ့မှ ကလေးမလေးအား အလှူရှင်များ၊ ကမ်းလက်များနှင့်တွေ့နိုင်ဖို့ တစ်ဖက်တစ်လမ်းမှ ပါဝင်၍ အကူအညီတောင်းခံပါတယ်ခင်ဗျာ...။
ကလေးမလေးအား ကူညီလိုလျှင်အောက်ပါဖုန်းနံပါတ်သို့ဖြစ်စေ၊ကိုယ်တိုင်ကိုယ်ကျ လာလှူလိုလျှင်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
မိဘများ၏ခွင့်ပြုချက်ဖြင့်ကလေးမလေးပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များအား ဖော်ပြပါတယ်ခင်ဗျာ။
ကိုမျိုးမင်းလတ်၊မော်လူး
ဖုန်း-09258141553
ကိုဇော်ဝင်းထက်၊မော်လူး
ဖုန်း-09256187561
သို့ဆက်သွယ်လှူနိုင်၊
အကူအညီပေးနိုင်ကြပါတယ်ခင်ဗျာ။
0 comments:
Post a Comment