Pages
Tuesday, 1 December 2015
ကျွန်​​တော်​နှင့်​ ကျွန်​​တော့်​မှတ်​စု
    ကျွန်​​တော်​နှင့်​ ကျွန်​​တော့်​မှတ်​စု
         စွမ်းပကားရှိသူအတွက်
လေးလံ​သောတာဝန်​ဟူသည်​မရှိ။
ကုန်​သည်​အတွက်
ဝေးလံ​သောအရပ်​​ဒေသဟူသည်​မရှိ။
        ပညာရှိသူအတွက်​မိမိ​ဒေသ
မဟုတ်​​သောအခြားအရပ်​ဟူသည်
မရှိ။
       ပီယ၀ါစာချိုသာစွာ​ပြောတတ်​သူ
အတွက်​ သူစိမ်းတရံဆံဟူသည်
မရှိ။
                         (​လောကနီတိ)
      အ​တွေ့အကြုံသည်​အသိကိုဖြစ်
စေသည်​။အ​တွေ့အကြုံများသူသည်
အသိများ၏။အသိသည်​ပညာကိုဖြစ်​​စေသည်​။အသိများသူသည်​ပညာများ
၏။
    ပညာသည်​အမှတ်​ကိုဖြစ်​​စေသည်။ပညာများသူသည်​အမှတ်
များ၏။ထိုအမှတ်​ကိုဦး​နှောက်
အတွင်း၌ဥာဏ်​ဖြင့်​သံမှိုနှက်​သလို
စွဲထားသည်​။တစ်​ခုခုကိုသိချင်​လာ​သောအခါဦး​နောက်​တွင်​မှတ်​ထား
သောအမှတ်​များကိုဆိုင်​ရာ​ဆိုင်​ရာ
ရှာ​ဖွေ​ဝေဖန်​၍စိစစ်​ရသည်​။
      ထိုသည်​ကိုပင်​စဉ်းစားသည်​၊
တွေး​တောသည်​ဟု​ခေါ်သည်​။တဖန်
အထက်​ပါအရာများကိုအ​ခြေခံ၍အ
ရှေ့ကြည့်​သည်​ကို​တွေး​ခေါ်သည်​ဟု
ခေါ်သည်​။တွေး​ခေါ်ခြင်းတွင်​မှန်​ကန်
တိကျ စွာစိစစ်​​ဝေဖန်​ပိုင်းခြား​မြော်
မြင်​တတ်​သည်​ကိုဥာဏ်​ရှိသည်​ဟု
ဆိုကြသည်​။
                            (..........)
        ဒီ​ရေအတက်​အကျ
    လသည်​ကမ္ဘာ၏အရံဂြိုလ်​ဖြစ်​သည့်​အပြင်​လနှင့်ကမ္ဘာအကြား​မြေ
ဆွဲအားနှင့်​ချည်​​နှောင်​ထားသည်​။
သို့အတွက်​ပင်​လယ်​ပြင်​တွင်​ဒီ​ရေ
အတက်​အကျဖြစ်​​ပေါ်​စေသည်​။
(သုတစွယ်​စုံ..အမှတ်​.၃၂၇​ဖေ​ဖော်
ဝါရီ....၂၀၁၀)
ဘဝအ​မော​တွေ​ပြေကြပါ​စေ
                  ဘဝခရီးသည်
0 comments:
Post a Comment