၂၀၁၅ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနိုင်ရရှိရန် ပါဝင်ကူညီခဲ့ သော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ အနှေး ယာဉ်လုပ်သား ၂၅၀ ကျော်ကို အ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဒီဇင်ဘာ ၂၆ ရက်၌ တော်ဝင်နှင်းဆီခန်းမတွင် တွေ့ ဆုံမည်ဟု သတင်းရရှိသည်။
ရွေးကောက်ပွဲမဲဆွယ်စည်း ရုံးရေးကာလတွင် အနှေးယာဉ် လုပ်သားများက ဒီချုပ်အလံများ၊ စတစ်ကာများကို ဆိုက်ကား၌ ချိတ်ဆွဲခြင်းနှင့် ပါတီအမှတ်တံ ဆိပ်ပါ အင်္ကျီများဝတ်ဆင်ခြင်း များဖြင့် ထောက်ခံမှုများပြသခဲ့ကြ ပြီး မဲဆွယ်မှုတွင်လည်း အင်အား ဖြည့်ပါဝင်ခဲ့ကြ၍ အဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် အနှေးယာဉ်လုပ် သားများကို ကျေးဇူးတင်ရှိသည့် အတွက် တွေ့ဆုံကာ ၎င်းတို့၏အခက်အခဲများကို နားထောင်မည်ဖြစ်ကြောင်း ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
‘‘ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ ၄၄ မြို့က အနှေးယာဉ်လုပ်သား တွေ အားလုံးကိုတော့ တွေ့နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ထဲကငါးယောက်ကို အချိုးကျရွေးခိုင်း ပြီးတော့ ပွဲတက်ခိုင်းမယ်။ အဲဒီ ငါးယောက်ကို အနှေးယာဉ်လုပ် သားအချင်းချင်းပဲ ရွေးမှာပါ။ အ ဖွဲ့ချုပ်က မရွေးပေးဘူး’’ဟု ဦးဝင်းထိန်က ပြောသည်။
တွေ့ဆုံပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က အနှေးယာဉ်လုပ် သားများ ကြုံတွေ့နေရသည့် အ ခက်အခဲများ၊ ပြဿနာများကို နားထောင်မည်ဖြစ်ပြီး နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံရန် စီစဉ်ထား ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် ပါတီကို ထောက်ခံအားပေးခဲ့သော အနှေး ယာဉ်လုပ်သားများအား အသိအ မှတ်ပြုကျေးဇူးတင်ကြောင်း သ တင်းစကားပါးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်က ဆိုက်ကားဂိတ်များသို့ ကိတ်မုန့်များ ပို့ဆောင်ခဲ့သည်
Friday, 11 December 2015
Home »
» အနှေးယာဉ်လုပ်သားများနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမည်
အနှေးယာဉ်လုပ်သားများနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမည်
21:28
No comments
0 comments:
Post a Comment