Pages
Saturday, 5 December 2015
ကျွန်​​တော်​နှင့်​ကျွန်​​တော်​မှတ်​စု
ကျွန်​​တော်​နှင့်​ ကျွန်​​တော့်​မှတ်​စု
      လူတိုင်းအိပ်​မက်​​တွေမက်​ခဲ့ကြ
မှာပါ။ဘဝဖြန်​သန်းပုံချင်းမတူကြသ
လိုအိပ်​မက်​​တွေကလည်းတစ်​ဦးနှင့်
တစ်​ဦးတူကြလိမ့်​မယ်​မထင်​ဘူး။
       ကျွန်​​တော့်​အိပ်​မက်​ကစာ​ရေး
ဆရာဖြစ်​ချင်​တဲ့အိပ်​မက်​။အိပ်​မက်
ရဲ့တွန်းကန်​အား​ကြောင့်​လူ​တွေ
အမြင်​ကပ်​​လောက်​​အောင်​စာ​တွေ
ဖတ်​ဖြစ်​ခဲ့တယ်​။မျက်​စိမမှု့​ပေမဲ့ပါဝါ
သ​ယောင်​ကိုင်းမဲမျက်​မှန်​ကြီးတပ်
စာ​ရေးဆရာဟန်​ပန်​စတိုင်​​တွေ
ထုတ်​ခဲ့တယ်​။
ဘဝအ​တွေ့အကြုံများရတယ်​ဆိုပြန်
တော့မိဘ​တွေမသွား​စေ​သော်
လည်းတိတ်​တဆိတ်​ခိုးပြီးမိဘများ
ကိုဆန့်​ကျင်​ကာခရီး​တွေသွာူဖြစ်​ခဲ့
ပါတယ်​။
       ဒီလိုဒီလိုအိပ်​မက်​​တွေမက်​ရင်း
မက်​ရင်းဘဝကိုဖြတ်​သန်းလာခဲ့
လိုက်​တာအိပ်​မက်​ကလန့်​နိုးချိန်
နေ​တောင်​အ​တော်​​လေးမြင့်​​နေပြီ။
ဒီလိုပါပဲအိပ်​မက်​​ကြောင့်​ပိုးတုံးလုံး
လည်းမစစ်​၊လိပ်​ပြာမဖြစ်​အဲဒီလိုပဲ
တ​နေ၀င်​တမိုးချုပ်​ပြန်​​တော့​မယ်​။
        ဘဝဆိုတာရှည်​လျားတဲ့တိုက်
ပွဲမဟုတ်​လား။ဖြစ်​ချင်​တာမဖြစ်​ရ၊
မဖြစ်​ချင်​တာ​တွေကလိမ့်​ပိန့်​ဖြစ်​ဖြစ်
နေကြရတာဘဝ​ပေါ့။
မလာ​တော့လည်းဖြစ်​လာတာကိုပဲ
ကျေနပ်​ပြီးဘဝကိုဖြတ်​သန်းရ​တော့
မှာ​ပေါ့။
       လူ့ဘဝ၏လွတ်​​မြောက်​မှုကို
ဆောင်​ကြဉ်းနိုင်​​သောသတ္တိမှာဆင်
ခြင်​ဥာဏ်​သာဖြစ်​သည်​။
      လွတ်​​မြောက်​မှုမရ​သေးမီရင်​ဆိုင်​ရ​သောပြဿ နာတိုင်း၌အသိဥာဏ်
ကဦး​ဆောင်​​ဖြေရှင်း​ပေးရသည်​။
      ဆင်​ခြင်​တုံတရားအသိဥာဏ်​၏ကွပ်​ကဲ​စောင့်​​ရှောက်​မှုဖြင့်​အရာ
ရာကိုပြုကျင့်​သူသည်​ပညာရှိမည်​၏။
တရားကိုဆင်​ခြင်​ဥာဏ်​ဖြင့်​သိသူ
သည်​ရဲရင့်​သူမည်​၏။
သည်​တို့၌ဆင်​ခြင်​ဥာဏ်​ဖြင့်​​စေစား
ပြုကျင့်​သူသည်​​ကောင်းစွာ​စောင့်
ထိန်းနိုင်​သူမည်​၏။
       ဤမည်​​သောပညာရှိခြင်း၊ရဲရင့်
ခြင်း၊ကိုယ့်​ကိုယ်​ကို​စောင့်​ထိန်းနိုင်
ခြင်းစ​သောတရားတို့နှင့်​ပြည့်​စုံ​သော
အပြုအမူများသည်​သင့်​တင့်​​လျောက်
ပတ်​​သောအပြုအမူများဖြစ်​သည်​။
       ထိုအပြုအမူရှိုသာလျှင်​တရား
မျှတသူများဖြစ်​ကြသည်​။
       ပုဂ္ဂလိကလူသားသည်​မိမိ၏အတ္တဟိတကိုလူ့အဖွဲ့အစည်း
တစ်​ခုလုံး၏ပရဟိတအတွက်​စွန့်
လွတ်​နိုင်​ရမည်​။အ​ကြောင်းကား
လူတစ်​ဦး၏​ကောင်းမွန်​​သောဘဝ
သည်​လူ့အဖွဲ့အစည်းတစ်​ခုလုံး၏
ဘဝနှင့်​ဆက်​စပ်​​နေ​သော​ကြောင့်
ဖြစ်​သည်​။
        လူ့အဖွဲ့အစည်းတွင်​လူတန်းစား
များရှိကြသည်​။ထိုလူတန်းစားများ
အချင်းချင်းသင့်​တင့်​ညီညွတ်​​မှုကို
တည်​​ဆောက်​နိုင်​ရန်​ဆင်​ခြင်​ဥာဏ်
ကြီးမား​သော​တွေး​ခေါ်ရှင်​တို့သည်
သာလျှင်​အုပ်​ချုပ်​သူလူတန်းစား
ဖြစ်​သင့်​သည်​။
        [ပ​လေတို...၄၂၇..၃၄၇..BC ]
0 comments:
Post a Comment