Pages
Saturday, 12 December 2015
အနာဂတ်​အအတွက်​နိုး​ဆော်​သံ
      ``စာအုပ်​စာ​ပေလူ့မိတ်​​ဆွေ´´
ရယ်​လို့ဆိုရိုးစကားရှိပါတယ်​။ကျွန်
တော့်​ပန်​၀န်းကျင်​ကလူ​တွေအ​ထွေ
ထွေဗဟုသုတ၊အသိစွမ်းရည်​မြင့်
မားလာ​စေဖို့ဆိုသည့်​ရည်​ရွယ်​ချက်
နှင့်​ ``စကားရိပ်​´´စာ​ပေ​ရေချမ်းစင်ကို
၂၄.၈.၃၀၁၃. ခုနှစ်​ကကျွန်​​တော့်
အိမ်​​ရှေ့မှာထူ​ထောင်​ဖြစ်​ခဲ့ပါတယ်​။
       အထူးသဖြင့်​က​လေးသူငယ်
လေး​တွေစာအုပ်​စာ​ပေနဲ့နှီးနွယ်​မှုရှိ
အောင်​၊စာအုပ်​စာ​ပေမှာ​မွေ့​လျော်​လာ
စေရန်​အဓိကရည်​ရွယ်​ရင်းဖြစ်​ပါ
တယ်​။
        ဒီစကားရိပ်​စာ​ပေ​ရေချမ်းစင်​မှာ
သမိုင်း​ကြောင်း​လေးရှိတယ်​လို့ဆို
ချင်​ပါတယ်​။
        ဒီလိုပါ။နိုင်​ငံ​တော်​ဆင့်​ပြန်​ဆက်​ကကျွန်​​ ​​တော်တို့ရွာ​အတွက်​စာကြည့်​တိုက်​​ဆောက်​ရန်​​ထောက်​ပံ့​ကြေးအဖြစ်​၁၀သိန်း​ပေးပါတယ်။ရွာကသိန်း၅၀​ကျော်​စိုက်​ပြီးစာကြည့်​တိုက်​ကြီး​ဆောက်​ခဲ့ကြပါတယ်။ဒီစာကြည့်​တိုက်​မှာကျွန်​​တော့်​ကိုစာကြည့်​တိုက်စာကြည့်​တိုက်​မှူးခန့်​ပါတယ်​။
       စာကြည့်​တိုက်​ကို​သေချာကျန
စွာပြင်​ဆင်​ပြီး​တော့စာကြည့်​တိုက်
ဆိုင်းဘုတ်​တင်​ပါတယ်​။အမည်​က
``​စေညွန်​ရာ´´ဖြစ်​ပါတယ်​။
    အဲဒီ​``​စေညွန်​ရာ ´´ဆို​သောစာ
ကြည့်​တိုက်​အမည်​ကိုကျွန်​​တော်​မ
နှစ်​သက်​ခဲ့ပါဘူး။ဒါ​ကြောင့်​​ပြောင်း
ပေးဖို့တာဝန်​ရှိသူ​တွေကို​တောင်းဆို
ခဲ့ပါတယ်​။တာဝန်​ရှိသူ​တွေကပြန်
ဆက်​က​ပေး​သောအမည်​ဖြစ်​​သော​ကြောင့်​​ပြောင်းမ​ပေးနိုင်​​ကြောင်း​ပြောပါတယ်​။ကျွန်​​တော်​လည်း​​ရာဇဒဏ်​ထုတ်​ပြန်​ခဲ့ပါတယ်​။
ဆန်​​သည့်​အမည်​​အောက်​၌ကျွန်
တော်​အလုပ်​မလုပ်​နိုင်​ပါ။ကျွန်​​​တော့်
ကိုစာကြည့်​တိုက်​မှူးလုပ်​​စေချင်​​သော်
စာကြည့်​တိုက်​အမည်​​ပြောင်း​ပေးပါ။
အမည်​မ​ပြောင်း​သော်​ကျွန်​​​တော်​မ
လုပ်​နိုင်​ ဟုကျွန်​​တော်​ငြင်းဆန်​ဆန္ဒ
ပြခဲ့ပါတယ်​။
       သူတို့ဖက်​ကလည်းကျွန်​​တော့်
တောင်းဆိုမှုကိုအ​လေးမထားခဲ့ပါ။
ဒါ​ကြောင့်​စာကြည့်​တိုက်​နာမည်
မ​ပြောင်းပဲစာကြည့်​တိုက်​မှူးအသစ်
ထပ်ခန့်ခဲ့ကြပါတယ်။
      ဒါ​ကြောင့်​``စကားရိပ်​´´စာ​ပေ​ရေ
ချမ်းစင်​ကိုထူ​ထောင်​ခဲ့ပါတယ်​။ကျွန်
တော်​တို့ရွာရဲ့​စေညွန်​ရာစာကြည့်
တိုက်​အမြဲတံခါးပိတ်​ထားသလိုကျွန်
တော့်​ရဲ့စာ​ပေ​ရေချမ်းစင်​က​လေး
ဟာလည်း​ရေရှည်​တည်​တံ့နိုင်​​အောင်
ကျားကုတ်​ကျားခဲရုန်းကန်​​​နေရပါ
တယ်​။က​လေး​တွေစာအုပ်​စာ​ပေမှာ
မွေ့​လျော်​လာဖို့ဆိုရင်​တခဏ​လေး
နဲ့မရနိုင်​ဘူးဆိုတာလူတိုင်းသိကြမှာ
ပါ။
      ကျွန်​​တော့်​``စကားရိပ်​´´စာ​ပေ​ရေချမ်းစင်​ မှလှုပ်​ရှားမှုမှာ၂၀၁၄
လွတ်​လပ်​​ရေး ​နေ့တွင်​လွတ်​လပ်​​နေ့
အထိမ်းအမှတ်​အ​နေဖြင့်​က​လေးသူ
ငယ်​စာဖတ်​ရှိန်​မြင့်​တင်​​ရေး ပွဲ​လေး
ပြုလုပ်​ခဲ့ပါတယ်​။ဒီပွဲမှာက​လေး​တွေ
ရဲ့ပန်းချီပြပွဲ​တွေ၊ဓာတ်​ပုံပြပွဲ​တွေ၊
ကဗျာရွတ်​ပွဲ၊စာတမ်းဖတ်​ပွဲ၊ပုံပြင်​​ပြောပွဲစသဖြင့်​တတ်​သ​လောက်​မှတ်
သ​လောက်​ပြုလုပ်​ကျင်းပ​ပေးခဲ့ပါ
တယ်​။ဒီနစ်​၂၀၁၅မှာလည်းဒုတိယ
အကြိမ်​​မြောက်​ကျင်းပမယ်​လို့ရည်
မှန်းထားပါတယ်​။ ဒီလိုပွဲမျိုးကျင်း
ပ​ပေးခြင်းအကျိုး​ကျေးဇူးကက​လေး
တွေစာပိုဖတ်​တာကို​တွေ့ရလို့ပါ။
ဒီ​တော့က​လေး​တွေဖတ်​ဖို့စာအုပ်​စာ
တမ်း​တွေလိုအပ်​​နေပါတယ်​။
       ကျွန်​​တော်​တို့​မော်​လူး​ဒေသက
စာအုပ်​စာ​ပေ ၀ယ်​ရတာအမတန်
ခက်​ခဲလှပါတယ်​။ဒါ​ကြောင့်​ကူညီနိုင်
သူ​တွေကိုကျွန်​​တော်​တို့​မျှော်​လင့်​​နေမိပါတယ်​။ကျွန်​​တော်​တို့တစ်
ယောက်​အားနှင့်​မရ​သော်​တစ်​​သောင်းအားနဲ့ယူရင်​ရရ​ပေမ​ပေါ့။
      ကျွန်​​တော်​မခံချင်​စိတ်​နှင့်​အတူ
က​လေးသူငယ်​​တွေစာ​အုပ်​စာ​ပေ
မှာ​မွေ့​လျော်​​အောင်​ဆို​သောအမြင်​ဖြင့်​ထူ​ထောင်​လိုက်​တဲ့စာ​ပေ​ရေချမ်း
စင်​စာအုပ်​အသစ်​​တွေမတင်​နိုင်​လို့
စာလာဖတ်​ကြသူ​တွေစိတ်​၀င်​စား
မှုနည်းလာကြတယ်​။ဒီအ​ခြေအ​နေ
ကိုသိ​ပေမဲ့စာအုပ်​သစ်​​တွေဖြည့်​တင်
နိုင်​ဖို့အခက်​အခဲဖြစ်​​နေပါတယ်​။
      ဒါ​ကြောင့်​ကျွန်​​တော့်​လိုစာ​ပေကို
ချစ်​ကြသူ​တွေလူ့စွမ်းအားအရင်း
အမြစ်​ဖွံ့ဖြိုးဖို့တန်​ဖိုးထားသူ​တွေပူး
ပေါင်းလုပ်​​ဆောင်​ကြပါစို့လို့ဖိတ်​​ခေါ်
တိုက်​တွန်းနှိုး​ဆော်​ လိုက်​ရပါတယ်​။
      မင်း​နေရာအတွက်​ပဲကြည့်​​နေ
သလားလို့​တော့မထင်​ပါနဲ့။ချစ်​​သော
မိတ်​​ဆွေတို့ထံတွင်​လည်းစာ​ပေ​ရေ
ချမ်းစင်​များထူ​ထောင်​ပါကကျွန်​​တော့်
ံထံဆက်​သွယ်​နိုင်​ကြပါတယ်​။
      ကျွန်​​တော်​တိုတ​တွေတိုင်းပြည်
ထူ​ထောင်​တဲ့​နေရာမှာကြီးမားတဲ့
တာဝန်​မထမ်း​ဆောင်​​သော်​မှတစ်
ယောက်​တလက်​လက်​​ပေါင်းများစွာ
စု​ပေါင်းပြီးတတ်​သည့်​​နေရာတတ်​နိုင်
သ​လောက်​ပါဝင်​ရွက်​​ဆောင်​ကြပါစို့
လို့​မောင်း​ကြေးနင်းခတ်​လိုက်​ရပါ
ကြောင်း....။
သင်​တို့၏ပူး​ပေါင်းရွက်​​ဆောင်​မှုကို
မျော်​လင့်​လျက်
                   ဆက်​သွယ်​ရန်
                      ၀၉၂၅၈၂၃၂၁၃၇  
ဘဝအ​မော​တွေ​ပြေကြပါ​စေ
                       ဘဝခရီးသည်​ 
0 comments:
Post a Comment