Pages
Wednesday, 2 December 2015
မျှော်​လင့်​ခြင်းထက်​​မျှော်​လင့်​ခြင်း
ခြေဖျား​ထောက်​​မျှော်​ကြည့်​ခဲ့ဖူးတယ်​။
အ​မေစုနှင့်​အနိင်​ရကိုယ်​စားလှယ်
တွေ​တွေ့ဆုံစဉ်​မှာ​ပြောခဲ့တဲ့စကားသံ
တွေကြိုမန်​မာပြည်အနာဂတ်ပန်း
အဖြစ်​ပွင့်​လာပြီလား။
လင့်​ခဲ့တယ်​​ပေါ့။ကျွန်​​တော့်​မှာ​ပေါ့
လေလူမမယ်​သမီးသုံး​ယောက်​ရှိပါ
တယ်​။ဒီလူမမယ်​သမီး​တွေနဲ့အတူ
မြန်​မာပြည်​ ကမ္ဘာကြီးက က​လေး
ငယ်​​တွေလူ့ဘဝရခိုက်​အဓိပ္ပါယ်
ပြည့်​ဝတဲ့လူ့ဘဝဖြတ်​သန်းမှုကိုခံစား
စေချင်​မိတယ်​။
       ကျွန်​​တော်​တို့ဖြတ်​သန်းကြီးပြင်း
ခဲ့ရတဲ့အကန့်​အသတ်​ကြားက​နေ့
ရက်​​တွေကိုယ​နေ့က​လေး​သူငယ်
တွေကိုမဖြတ်​သန်း​စေချင်​​တော့ဘူး။
        အ​မေစု၊သမ္မတ၊ကာချုပ်​တို့​တွေ့
ဆုံကြခြင်းဟာမြန်​မာပြည်​အနာဂတ်
လှပဖို့၊ကျွန်​​တော်​တို့တ​တွေရဲ့မျိုး
ဆက်​​တွေငြိမ်းချမ်းသာယာပြီးဘဝကို
သက်​​တောင့်​​သက်​သာဖြတ်​သန်းနိုင်
ဖို့ဆိုတာကျွန်​​တော်​တို့ပြည်​သူ​တွေ
ရေငတ်​သူ​ရေ​သောက်​ရဖို့ငံ့လင့်​သ
လိုယုံကြည်​​မျှော်​လင့်​​နေကြပါတယ်​။
       ကျွန်​​တော်​တို့ယုံကြည်​​နေမိပါ
တယ်​။ဘာလို့ဆိုအ​မေစုဟာသူကိုယ်
တိုင်​ဖြတ်​သန်းလာရတဲ့ဆိုးသွမ်းကြပ်
တည်းကျ ဉ်း​မြောင်း​သောမြန်​မာပြည်
၏နိုင်​ငံ​ရေးစနစ်​၊သူကြုံ​တွေ့ခဲ့ရတဲ့
ဒုက္ခသုက္ခမျိုးစုံကိုသူချစ်​ခင်​တဲ့ပြည်​သူ
ပြည်​သား​တွေကို​ပေးလိမ့်​မယ်​လို့
မထင်​ဘူး။
      ကျွန်​​တော်​တို့ဘယ်​လက်​သန်းက
တို့ခဲ့တဲ့မင်​ခုထက်​ထိမပြယ်​​သေးဘူး။
မျှော်​လင့်​​နေတယ်​​ပေါ့​လေ။ကျွန်
တော်​တို့မျိုးဆက်​​တွေကိုယ်​အရည်
ချင်းရှိရင်​ရှိသ​လောက်​ခံစားရပြီး
ယ​နေ့လက်​ရှိဖြတ်​သန်း​နေရတဲ့ကျွန်
တော်​တို့ဘဝဖြတ်​သန်းမှုထက်​ပိုမို
ပြည့်​စုံပြည့်​ဝ​သောဘဝဖြတ်​သန်း
မှုကိုရ​စေချင်​​နေမိပါတယ်​။
ဘဝအ​မော​တွေ​ပြေကြပါ​စေ
0 comments:
Post a Comment