Pages

Sunday, 13 December 2015

ဓ​လေ့ဆိုး

ရောက်​တတ်​ရာရာ အ​တွေးများ

            ဓ​လေ့ ဆိုး
  (ယ​​နေ့ မှအဆက်​​)
        မ​ကောင်းနဲ့ဓ​လေ့ဆိုး​တွေ၊အစွဲ
အလမ်းအယူသီးမှု​တွေဟာ​နေရာ
တကာမှာ​တွေ့မြင်​​နေကြရစမြဲပါ။
ဖွံ့ဖြိုးပြီး​ခေတ်​လှပါတယ်​ဆို​သောမြို့
ပြ​တွေမှာပင်​​တွေ့​နေရပါ​သေးတယ်​။
အ​တော်​အတန်​ဖွံ့ဖြိုးတဲ့​ကျေးလက်
ဒေသ​တွေမှာလည်း​တွေ့​နေရပါ​သေးတယ်​။သို့​ပေမဲ့အုပ်​စုလိုက်​ပူ
ဇော်​ပသတာမျိုး​တော့အ​တွေ့ရနည်​ပါ
တယ်​။
        ဖွံ့ဖြိုးမှုအလွန်​​နောက်​ကျတဲ့
ကျေးလက်​​ဒေသ​တွေမှာ​တော့အုပ်
စုအလိုက်​ရွာလုံးကျွတ်​ပူ​ဇော်​ပသ
ကြတာ​တွေရှိ​နေပါ​သေးတယ်​။
       ကြုံ​တွေ့ခဲ့ဖူးတာ​လေး​ပြောပြချင်
ပါတယ်​။၁၉၉၆ခုနှစ်​ကစစ်​ကိုင်းတိုင်း
ဗန်း​မောက်​မျြို့နယ်​မံစီအုပ်​စုထဲမှာရှိ
တဲ့နမ့်​​အော့၊နမ့်​မား၊နမ့်​ခင်​ဆိုတဲ့
ရွာ​တွေကို​ရောက်​ဖူးခဲ့ပါတယ်​။အဲဒီ
ရွာ​တွေဟာဖွံ့ဖြိုးမှုအလွန်​​နောက်​ကျ
လှတဲ့ရွာ​တွေပါ​။အဲဒီဖက်​ရိုးရွာ​တွေ
ကအားလုံးအတူတူကြီးပါပဲ။တကယ့်
ကို​ခေါင်​လှတဲ့အရပ်​​ဒေသ​တွေဖြစ်​ပါ
တယ်​။အ​ရှေ့၊အ​နောက်​၊​တောင်​၊
မြောက်​ ဘယ်​ဖက်​ကြည့်​ကြည့်
တောင်​တန်းကြီးကညှို့မှိုင်းစွာကာရံ
ထားကြပါတယ်​။နံနက်​မိုးလင်းတာနဲ့
တောင်​တန်းကြီး​တွေက​မျောက်​အူ
သံကို​နေ့စဉ်​ကြား​နေရပါတယ်​။
       တရက်​မှာကျွန်​​တော်​တို့တည်း
အိမ်​ရှင်​က``လိုက်​မလား´´လို့​ခေါ်
ပါတယ်​။သူ့လက်​ထဲမှာလည်းကြက်
တစ်​​ကောင်​​ပွေ့ကိုင်​ထားတာ​တွေ့
ရပါတယ်​။``ဘယ်​ကိုလဲ´´​မေး​တော့
``နတ်​ကြီးတက်​မှာလိုက်​ချင်​လိုက်
ခဲ့´´ကျွန်​​တော်​လည်းဗဟုသုတအဖြစ်
လိုက်​သွားပါတယ်​။
        ကျွန်​​တော်​တို့ချည်းပဲလားလို့
ထင်​မိခဲ့တာ။ကျွန်​​တော်​တို့လိုပဲနှစ်
ယောက်​တတွဲ၊သုံး​ယောက်​တတွဲ
ရွာပြင်​နတ်​စင်​ရှိရာရွာရဲ့အ​ရှေ့ဖက်
ကိုသွား​နေကြတာ​တွေ့ရပါတယ်​။
      ကျွန်​​တော်​တို့လည်းနတ်​စင်​​ရှေ့
ရောက်​​တော့ကျွန်​​တော်​ရင်​သပ်​ရှု
မောအံ့သြသွားခဲ့ပါတယ်​။လူ​ပေါင်း
၈၀၊၉၀​လောက်ကျွန်​​တော်​တို့ထက်
အရင်​​ရောက်​​နေတာကို​တွေ့ရလို့ပါ။
မီးထဲ့သူထဲ့၊​ရေ​နွေးအိုးတည်​သူတည်
နှင့်​သူအလုပ်​ငါ့အလုပ်​ရှုပ်​​နေကြပါ
တယ်​။
      နတ်​စင်​နတ်​ကွန်းကြီးဟာကြီးမား
လှတဲ့ဘိုင်​ပင်​ကြီးတပင်​နားမှာ​ဆောက်​လုပ်​ထားပါတယ်​။ဝင်းခြံ
လည်းခတ်​ထားတာကို​တွေ့ရပါ
တယ်​။နတ်​စင်​​ရှေ့​မြေကွက်​လပ်​မှာ
ယူလာသမျှကြက်​​တွေ၊ကြက်​ဥ​တွေ၊
ချထားပါတယ်​။ကြက်​​တွေကအရှင်
ထားတာမဟုတ်​ပါဘူး။ရောက်​လာရင်​နတ်​စင်​​ရှေ့သွားနတ်​ကိုးပြီး
လည်​လှီးပြီးမှနတ်​စင်​​ရှေ့စုပုံထား
ကြတာပါ။
တ​အောင့်​​လောက်​ကြာ​တော့အ
သက်​ကြီးသူတစ်ဦးကနတ်​စင်​​ရှေ့
ဦးတိုက်​က​တော့ပါတယ်​။ရှိသမျှလူ
သံ​တွေလည်းတိတ်​သွားကြတယ်​။
နတ်​စင်​​ရှေ့လူကြီးဘာ​တွေ​ပြော​နေ
တယ်​ဆိုတာကျွန်​​တော်​ကြား​နေ
သော်​လည်းဘာ​တွေရွတ်​​နေမှန်း
ကျွန်​​တော်​နားမလည်​ပါဘူး။
ဘာလို့လည်းဆိုရှမ်းဘာသာစကား
နှင့်​​ပြောဆို​နေလို့ပါ။အဲဒီလူကြီး​ပြော
ဆိုလို့ပြီး​တော့စုပုံထားတဲ့ကြက်​​တွေ
အ​မွေးနုပ်​ချက်​စားကြပါတယ်​။
     ``ခုနလူကြီးဘာ​တွေ​ပြောဆို​နေ
တာလဲ´´
     ကျွန်​​တော်​နှင့်​အတူလာသူကို
မေးကြည့်​​တော့
                    ဆက်​ရန်

   ဘဝအ​မော​တွေ​ပြေကြပါ​စေ
                        ဘဝခရီးသည်

0 comments:

Post a Comment