Monday, 14 December 2015
Home »
» ဓလေ့ဆိုး
ဓလေ့ဆိုး
17:28
No comments
ရောက်တတ်ရာရာ အတွေးများ
ဓလေ့ဆိုး
``အဲဒါနတ်ကိုးတယ်လို့ခေါ်တယ်။
သူပြောတာကလယ်ယာချောင်းမြောင်းကောင်းအောင်စောင့်ရှောက်
ပေးဖို့၊ရွာရှိလူတွေကျမ္မာရေးကောင်း
အောင်စောင့်ရှောက်ဖို့၊ရွာရှိကျွဲနွား
များမပျောက်မရှအောင်စောင့်ရှောက်
ပေးဖို့ပြောတာ´´
``အော်´´
ကျွန်တော်ဒါပဲပြောနိုင်ပြီး``သူ
တည်းတစ်ယောက်၊ ကောင်းဖို့
ရောက်မူ၊ တစ်ယောက်သူမှာ၊ပျက်
လင့်ကာတာ၊ ဓမ္မတာတည်း´´ ဆို
သောနန္ဒသူရိယအမတ်ကြီးရဲ့. အ
မျက်ဖြေလင်္ကာကိုသာစိတ်ထဲရွတ်ဆို
မိပါတယ်။
နေ့တနေ့မှာပေါ့။ကျွန်တော်တို့
တည်းခိုအိမ်ကကျွဲမကြီးတစ်ကောင်
ကလေးမွေးပါတယ်။စပါးရိတ်သိမ်း
ချိန်ဆိုတော့လယ်တောကန္နားဖျင်း
အောက်မှာမွေးတာပါ။ကျွဲမကြီးက
အတော်အိုလှပါပြီ။ဒါကြောင့်အား
အင်ချည့်နဲ့နေပါတယ်။ဒီကြားထဲမွေး
ရိုးမွေးစဉ်မွေးတာလည်းမဟုတ်ဖူး
လေ။မွေးရိုးမွေးစဉ်မဟုတ်ဖူးဆိုတာ
ကကျွဲမကြီးကခြေထောက်ကစပြီး
မွေးတာပါ။
ကျွန်တော်တို့လည်းကြုံ ဖူးကြုံ
ထမရှိတော့ ဘာမှလုပ်မပေးနိုင်ကြ
ပဲကျွဲမကြီးရဲ့အသက်ရှူ သံကိုပဲ
နားထောင်ရင်းစိတ်မချမ်းမြေ့စွာစောင့်ကြည့်နေကြတယ်။ကျွဲမကြီး
မှာတော့ထလိုက်အိပ်လိုက်ပေါ့။
``ဘယ်လိုလုပ်ကြမလဲပေါ်လိမ့်´´
ကျွန်တော့် သူငယ်ချင်း ကတည်း
အိမ်ရှင်ကိုမေးလိုက်ပါတယ်။
``ဘယ်သိမလဲ..မောင်.နေကြအုံး၊
ငါအိမ်ပြန်ပြီး အဘိုး အဘွား တွေကို
တိုင်တည် ချေ အုံးမယ်´´
ဆိုပြီးအိမ်ကိုပြန်သွားပါတယ်။
``ဘယ်လိုလုပ်မလဲ´´
ကျွန်တော့် သူငယ်ချင်း ကကျွန်တော့်
ကိုထပ်မေးပြန်ပါတယ်။
``အေးကွ၊ ကြာရင်ဒီကျွဲမကြီးသေ
လိမ့်မယ်။သေမဲ့အတူတူတော့မထူး
ဘူး၊ကြိုးချည်ပြီးဆွဲထုတ်ကြည့်ကြရ
အောင်လား´´
ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်း လည်းပေါင်လယ်လောက်ထွက်နေပြီတဲ့ကျွဲကလေး
ခြေထောက်ကိုကြိုးကြီးကြီးနဲ့ချည်
ပြီးတော့လယ်ထွန်ထမ်းပိုးမှထပ်
ချည်ကာနှစ်ယောက်သားအားကုန်
ဆွဲထုတ်လိုက်ကြပါတယ်။ထွက်လာ
တော့ကျွဲကလေးကသေနေပါပြီ။
ကျွဲမကြီးမှာလည်းနှစ်ရက်လောက်
နေပြီးသေဆုံးသွားပါတယ်။
အထက်ပါဖြစ်ရပ်နှစ်ခုကိုဝေဖန်
စိစစ်ကြည့်ကြပါစို့။
ဆက်ရန်
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment