Friday, 25 December 2015
Home »
» အိမ်နတ်
အိမ်နတ်
16:51
No comments
ရောက်တတ်ရာရာ အတွေးများ
အိမ်နတ်
~~~~~~~~
မြန်မာလူမျိုးတွေရဲ့အိမ်တိုင်းအိမ်
တိုင်းနီးနီးလောက်မှာ ``အိမ်နတ် ´´
ဆိုတာကိုယုံကြည်ကိုးစားကြလိမ့်
မယ်လို့ထင်ပါတယ်။
``ဟေ့..ငါတို့အိပ်ခန်းထဲယောကျားလေးမ၀င်ရဘူး။ငါတို့အိမ်
နတ်မကြိုက်ဘူး။´´
``ဗိုက်ကြီးသည်အိမ်ခေါင်မ
ကျော်နဲ့ ငါတို့ အိမ်နတ်ကိုက်တတ်
တယ်´´
အထက်ပါစကားမျိုးတွေကိုဖွံ့ဖြိုး
မှုနောက်ကျသောရပ်ထဲရွာထဲပြော
ကြဆိုကြတာတွေတွေ့ဖူး၊ကြုံ ဖူးကြ
လိမ့်မယ်ထင်ပါတယ်။စာဖတ်သူတို့
လူကြီးမိဘတွေလည်းပြောကြတာ
ကြားဖူးကြမှာပါ။စာဖတ်သူကိုယ်တိုင်
ပင်အိမ်နတ်ကိုက်လိမ့်မယ် ဆိုတာ
ကိုပြောချင်ပြောဖူးပါလိမ့်မယ်။
ရှေးဘိုး၊ဘေး၊ဘီ၊ဘင်ကစလို့ယုံ
ကြည်လက်ခံခဲ့ကြတဲ့အိမ်နတ်ဆိုသောယုံကြည်ခြင်းဟာယနေ့ထက်
တိုင်တည်မြဲနေဆဲပါ။
အိမ်နတ် ဆိုတာတကယ်ရှိလို့
လားဆိုတာတော့ဘယ်သူမှတိတိပပ
မသိကြပါဘူး။ရိုးရာအစဉ်လာဓလေ့
ထုံးတမ်းမို့သာမချစ်သော်လည်း
အောင့်နမ်းနေကြရတာတွေရှိပါ
တယ်။
``ဟေ့..တံခါးဘောင်ကိုခွပြီး
မထိုင်နဲ့။အပြင်ထွက်ထိုင်ချင်ထိုင်
အထဲဝင်ပြီးထိုင်ချင်ထိုင် ငါတို့အိမ်
နတ်မကြိုက်ဘူး´´
ဒီလိုတွေလည်းရှိပါတယ်။ကြုံဖူး
ကြပါလိမ့်မယ်။တချို့အိမ်တွေဆို
အိမ်ခေါင်ကျော်ပြီးမအိပ်ရ၊အိပ်သည်
ရှိသော်ညညဆိုရင် ခါးထိုးခံရတာတို့
ပုဆိုး ကျွတ်နေတတ်တာတို့ဖြစ်
တတ်တယ်လို့ဆိုကြပြန်တယ်။
အထက်ပါအဖြစ်မျိုးကယုံရခက်
ခက်ရှိလှပါတယ်။လူတစ်ယောက်
ဟာအိပ်ပျော်သွားပြီဆိုကိုယ့်ရဲ့လှုပ်
ရှားမှုကိုဘာဆိုဘာမှမသိတော့ပါ။
ခြုံထားသည့်စောင်ကွာချင်ကွာမယ်။
ဝတ်ထားသည့်ပုဆိုးကျွတ်ချင်ကျွတ်
နေမယ်။ဒါဟာဖြစ်တတ်တဲ့သဘော
သဘာဝပါ။အဲဒီလိုခြုံထားသည့်
စောင်၊၀တ်ထားတဲ့ပုဆိုးကွာချင်ကွာ
ကျွတ်ချင်ကျွတ်နေတတ်တာမျိုးက
သူများအိမ်ခေါင်ကျော်ပြီးအိပ်မှဖြစ်တတ်တာမဟုတ်ပါဘူး။ဘယ်နေရာ
အိပ်အိပ်အအိပ်ကြမ်းရင်ဖြစ်တတ်
ကြပါတယ်။ဒါကိုအိမ်နတ်မကြိုက်
လို့လုပ်တာပြောဆိုကြမည့်အစား
မတော်တဆ ဖြစ်တာပါလို့ပြောရင်
ရောမရပေဘူးလား။
တကယ်လို့ပေါ့လေအိမ်ခေါင်ကျော်အိပ်လို့ပုဆိုးဆွဲကျွတ်တတ်ပါ
တယ်ဆိုတဲ့အိမ်တွေမှာဘောင်းဘီ
ရှည်ဝတ်ခါးပတ် ပတ်ပြီးအိပ်ရင်
ဘယ်လိုဖြစ်လာမလဲ။
[ဆက်ရန်]
ဘဝအမောတွေပြေကြပါစေ
ဘဝခရီးသည်
0 comments:
Post a Comment