~~~~~~~~~~~
စိတ်ထားတွေပြောင်း
အကျင့်ဆိုးများခွာ
ကိုယ်ချင်းစာတရားသိုမှီး
အထက်စီးကကြည့်မပြုံးနဲ့
အားလုံးဟာဂုဏ်သိက္ခာအတူတူ။
မငြူ စူစမ်းပါနဲ့
လွတ်လမ်းကိုအတူမျှော်လို့
နိုင်ငံသစ်တည်ရာ
လိုတာတွေဖြည့်
ပေါက်မည့်နေရာဖာ
ပျက်တာတွေပြု ပြင်
ချစ်ခင်စွာတစ်စိတ်တ၀မ်း
အတူလှမ်းကြပါစို့။
အနာဂတ်၏ကြယ်
တို့လူငယ်သွေးမကြောင်ကြနဲ့
ကျသည့်ဝန်အကျေ ထမ်းဖို့
သုတကိုရှာ
သိပညာဒီဂရီတိုးအောင်
စွမ်းဆောင်ကြကွယ့်။
ဆူးအိမ်လှို...
Sunday, 30 October 2016
Thursday, 6 October 2016
ပြူတင်းတံခါးမှကျော်ကြည့်ခြင်း
03:45
No comments
~~~~~~~~~~~~~~~~~~
``စကားလုံးတွေက
အသံထွက်မမှန်ဘူး။
ငြိမ်နေရင်ချမ်းတယ်။
မငြိမ်နေရင်မချမ်းဘူး။
ဒီလိုနဲ့
ငြိမ်းချမ်းရေးဟာ
အသက်ငင်ကောင်းတုန်း။´´
ငြိမ်းချမ်းရေး.. .ငြိမ်းချမ်းရေး
ဝေးဝေးသွားလိုက်ပုံများအမြီးပင်
မနည်းကြည့်ရှာကြရတယ်။
ဘယ့်နယ်..
လူကြီးလူကောင်းဆန်လိုက်ကြတာ
ဆွေးလေနွေးလေ
တိုက်လေခိုက်လေ။
ပြောကြတော့စကားကြီးစကားကျယ်
ဖြစ်လာတော့ကလေးသူငယ်။
ဒါဆို
ငွေကုန်ကြေးကျ ခံပြီး
ဘာအနှစ်မှမပါတဲ့စကားတွေပြော
ဆိုကြတာမရှက်ဘူးလား။
အော်နေတဲ့ပြည်သူ့အသံ
နာလို့တိမ်ဝင်သွားမယ်။အဲဒီလူတွေ
ကြားမယ်မထင်ဘူး။
``စကားလုံးတွေက
သတ်ပုံမမှန်ဘူး။
ပြောင်းချင်တဲ့သူတွေပြောင်းပြီး
လဲချင်တဲ့သူတွေလဲနေကြတယ်။
ဒီလိုနဲ့
သံယံဇာတတွေပြောင်ပြီး
စာရိတ္တမဏ္ဍိုင်ပြို...