Pages

Tuesday 28 February 2017

၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲ အင်းတော်မြို့တွင် ကျင်းပမည်။

၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲ အင်းတော်မြို့တွင် ကျင်းပမည်။

၁.၃.၂၀၁၇ ရက်နေ့ ၊အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကြိုဆိုထောက်ခံပွဲအား နံနက်၉း၀၀နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်သည်။

အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စတင်ကာ မြို့တွင်းသို့ စီတန်းလှည့်လည်၍ ကြိုဆိုထောက်ခံပွဲအား ဆိုင်းဘုတ်များကိုင်ဆောင်၍လည်ကောင်း၊ကြွေးကြော်သံများဖြင့်လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

အင်းတော်မြို့နယ်အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသော မည်သူမဆို တက်ရောက်ပါဝင်နိုင်ကြောင်း နှိုးဆော်ပါသည်။

တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းအား အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကောက်ညှင်းပေါင်း၊လက်ဖက်ရည်၊အကြော်၊မယမ်းသီးသုပ်တို့်နှင့် ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။
#Maw Luu's Images,
Red Heart Images.

Tuesday 21 February 2017

21.2.2017ရက်​​နေ့ ​မော်​လူးအုပ်​စု အုပ်​ချုပ်ေ​ရးမှူး နှင့်​ ရပ်​ကွက်​(၂)မှ ရပ်​ကွက်​သူ/သားများ ပူး​ပေါင်း၍ ပရဟိတစိတ်​အပြည့်​ဖြင့်​ စု​ပေါင်းလုပ်​​ဆောင်​မှု......

21.2.2017ရက်​​နေ့
မော်​လူးအုပ်​စု အုပ်​ချုပ်ေ​ရးမှူး နှင့်​ ရပ်​ကွက်​(၂)မှ ရပ်​ကွက်​သူ/သားများ ပူး​ပေါင်း၍
ပရဟိတစိတ်​အပြည့်​ဖြင့်​ စု​ပေါင်းလုပ်​​ဆောင်​မှု......

မော်​လူးအုပ်​စု ၊ရပ်​ကွက်​(၂)အ​ရှေ့ဘုန်း​တော်​ကြီး​ကျောင်းအနီး၊​နေထိုင်​​သော ဦးစိန်​​ဖေ+ဒေါ်မဦး တို့မှာ အသက်​(၈၀​)ကျော်​ အဘိုး၊အဖွားများ ဖြစ်​ပြီး သား(၂)ဦးမှာလည်းဆုံးပါး​သွားသည်​မှာကြာပြီဖြစ်​၍ ခိုကိုးရာမဲ့ဖြစ်​​နေရှာသည်​။

မွေးချင်းညီအကို (၃)ဦးမှာလည်း ဆုံးပါးသွားပြီးဖြစ်​၍ ​ဆွေမျိုးသားချင်းတို့၏အကူအညီ မရရှိပဲ နေထိုင်​စား​သောက်​​ရေး အင်​မတန်​မှ အခက်​အခဲ​ဖြစ်​​နေရှာသည်​။

အဘိုး၊အဖွား(၂)ဦး​နေထိုင်​​သောအိမ်​မှာလည်း ​ငွေတိုးယူ စား​သောက်​​နေထိုင်​ရသဖြင့်​ အတိုးပိပြီး အိမ်​လည်းဆုံး ၊နေထိုင်​စရာလည်း မရှိ ဒုက္ခ​ရောက်​​နေရှာသည်​။

အဖိုးဦးစိန်​​ဖေမှာ လမ်းမ​လျှောက်​နိုင်​ပဲအိပ်​ယာထဲလဲ​နေသည်​မှာကြာပြီဖြစ်​ပြီး အဖွား​ဒေါ်မဦးက ယိုင်​နဲ့နဲ့ လမ်း​လျှောက်​နိုင်​​သေးသည်​။သို့​သော်​ ရှာ​ဖွေလုပ်​ကိုင်​နိုင်​ဖို့ အသာထား ထမင်း၊ဟင်းပင်​ ချက်​ပြုတ်​​ရေး မလုပ်​​ဆောင်​နိုင်​​တော့ပါ။

နေ​ရေး၊စား​ရေး အခက်​အခဲဖြစ်​နေရှာ​သော အဘိုး၊အဖွား(၂)ဦးအား ရပ်​ကွက်​​နေလူများမှ မကြည့်​ရက်​နိုင်​၍ ​နေထိုင်​စရာနှင့်​ စား​သောက်​​ကျွေး​မွေး​ရေးအစီအစဉ်​ကို ယ​နေ့ စု​ပေါင်းလုပ်​​ဆောင်​ကြသည်​မှာ ၀မ်းသာပီတိဖြစ်​ရသည်​။

အိမ်​နီးနားချင်း တစ်​အိမ်​​ကျော်​မှ မချိုမိသားစုပိုင်​​နေအိမ်​၀င်းအတွင်း ​​​ဆောက်​လုပ်​​နေထိုင်​ခွင့်​ပြု​ပေးသည်​။

မော်​လူးအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့်​ ဦး​ဆောင်​၍ ရပ်​ကွက်​(၂)ရပ်​ကွက်​သူ/သားများ မှ အဘိုး/အဖွား(၂)ဦး​နေထိုင်​ရန်​ (၂)ခန်းပတ်​လည်​သွပ်​မိုး ၊ ပျဉ်​ခင်း ၊ ထရံကာ အိမ်လေး အား ယေ​န့အပြီး​ ဆောက်​လုပ်​​ပေးကြသည်​။

မော်​လူးလျှပ်​စစ်​၀န်​ထမ်းများမှလည်း အဘိုးအဖွားတို့ ​နေထိုင်​ရာအိမ်​​လေးအား လုပ်​အားခ မယူပဲ လာ​ရောက်​မီးသွယ်​တန်း တပ်​ဆင်​​ပေးကြသည်​။

၂ခန်းပတ်​လည်းအိမ်​အတွင်း အညစ်​အညစ်​အ​ကြေးစွန့်​ရန်​ အိမ်​သာခွက်​နှင့်​ ပိုက်​ပါ အဆင်​​ပြေ​အောင်​ လုပ်​​ဆောင်​​ပေးထားကြသည်​။

အဖိုးအဖွားတို့ ​အရင်​​နေထိုင်​ရာအိမ်​မှ ပစ္စည်းသယ်​ယူ​နေကြပုံများ၊ ရပ်​ကွက်​သူ/သားတို့ ​နေအိမ်​​ဆောက်​လုပ်​​ပေး​နေပုံများ၊ လျှပ်​စစ်​မီး သွယ်​တန်း​​ပေး​သော လျှပ်​စစ်​၀န်​ထမ်းများ ၊ ၀ိုင်းဝန်းကူညီ​ပေးကြ​သော ပုံရိပ်​များအား ကြည့်​၍ ယ​နေ့ ၀မ်းသာပီတိမျက်​ရည်​စို့ရပါသည်​။

ရပ်​ကွက်​(၂)မှ ရပ်​ကွက်​သူ/သားများအား အထူး​ကျေးဇူးတင်​လျှက်​.........

Sunday 12 February 2017

13.2.217ရက်​​နေ့ ​မော်​လူး​ဒေသ၊စီးမော်​အုပ်​စု၊​ညောင်​ပင်​သာ​ကျေး​ရွာ၌ ဗိုလ်​ချုပ်​​မွေး​နေ့ အထိမ်းအမှတ်​ စု​ပေါင်းအမှိုက်​​ကောက်​........

13.2.217ရက်​​နေ့ ​မော်​လူး​ဒေသ၊စီးမော်​အုပ်​စု၊​ညောင်​ပင်​သာ​ကျေး​ရွာ၌ ဗိုလ်​ချုပ်​​မွေး​နေ့ အထိမ်းအမှတ်​ စု​ပေါင်းအမှိုက်​​ကောက်​........

မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​အဖွဲ့ဝင်​များ၊ညောင်​ပင်​သာ​ကျေးရွာ အုပ်​ချုပ်​​ရေးအဖွဲ့ဝင်​များ၊
ညောင်​ပင်​သာ​ကျေးရွာ အရံမီးသတ်​အဖွဲ့ဝင်​များ၊​ညောင်​​ပင်​သာ​ကျေးရွာအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​အဖွဲ့ဝင်​များ၊​ညောင်​ပင်​သာ​ကျေးရွာမှပြည်​သူများ စု​ပေါင်း၍ ​ညောင်​ပင်​သာ​ကျေးရွာအတွင်းသို့ အမှိုက်​​ကောက်​ခြင်းစု​ပေါင်း​ဆောင်​ရွက်​ကြသည်​။

စာသင်​​ကျောင်းပတ်​၀န်းကျင်​​နေရာ နှင့်​ ​ညောင်​ပင်​သာရွာလယ်​လမ်းမကြီးတစ်​​လျှောက်​​ မှ ​ကျေးရွာအတွင်းသို့ ပတ်​၍ အမှိုက်​​ကောက်​ခြင်းအား​ စု​ပေါင်းဆောင်​ရွက်​ကြသည်​။အမှိုက်​များအားစွန့်​ပစ်​ရန်​ ​ညောင်​ပင်​သာဘုန်း​တော်​ကြီး​ကျောင်းမှ တုံဖုံးကားတစ်​စီး၊လူစီးကားအ​သေးတစ်​စီး စုစု​ပေါင်း(၂)စီးဖြင့်​ လိုက်​ပါကူညီ​ပေးသည်​။

အဆိုပါစု​ပေါင်းအမှိုက်​​ကောက်​ခြင်းအား စုစုပေါင်းအင်​အား၄၀ခန့်​ဖြင့်​ ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းဖြစ်​ပြီး ယ​နေ့ နံနက်​ ၇း၃၀ အချိန်​မှ စတင်​ကာ နံနက်​ ၁၀း၃၀အချိန်​တွင်​ ​ဆောင်​ရွက်​ပြီးစီး​ကြောင်း ​မော်​လူးပုံရိပ်​မှ သတင်းရရှိပါသည်​။
#Maw Luu´s Images,
Red Heart Images.

Wednesday 8 February 2017

ကျေးလက်ဖွံ့ဖြိုး​ရေးလမ်းပိုင်း​​​​ဖောက်လုပ်​ပြီးစီးခြင်း.......

ကျေးလက်ဖွံဖြိုး​ရေးလမ်းပိုင်း​​​​ဖောက်လုပ်​ပြီးစီးခြင်း.......

9.2.2017  ရက်​​နေ့  စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊အင်း​တော်မြို့နယ် ၊ နမီးကျေးရွာအုပ်စု၊ ခေါင်းတုံးစီရွာသစ်နှင့်​ နားဖာ​ကျေးရွာကြား ဖွံ့ဖြိုးရေးလမ်းပိုင်းအား 9.2.2017 ရက်နေ့တွင် ဖောက်လုပ်ပြီးစီးသွားပါသည်။

အဆိုပါလမ်းပိုင်းအား ​ကျေး​လက်ဖွံ့ဖြိုးရေးမှ ငွေကျပ် သိန်း (၄၀)ချပေးပြီး ပြည်သူစိုက်ငွေ သိန်းနှစ်ဆယ်ဖြင့် ဖောက်လုပ်ခြင်းဖြစ်​သည်။

လမ်းပိုင်းပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ လာရောက်စစ်ဆေးပြီးဖြစ်​​ကြောင်း ​မော်​လူးပုံရိပ်​မှ သတင်းရရှိပါသည်​။

#Maw Luu's Images,
Red Heart Images.

Tuesday 7 February 2017

Breaking News 7.2.2017ရက်​​နေ့...... ​မော်​လူး စီပိ​န်း​ကျေးရွာ ​"အောင်​"စား​သောက်​ဆိုင်​​ရှေ့ ဆိုင်​ကယ်​ ၂စီး မျက်​နှာချင်းဆိုင်​တိုက်​မှုဖြစ်ပြီး တစ်​ဦး​သေ........

Breaking News
7.2.2017ရက်​​နေ့......
မော်​လူး​ဒေသ၊စီပိ​န်း​ကျေးရွာ ​"အောင်​"စား​သောက်​ဆိုင်​​ရှေ့တွင်​ဆိုင်​ကယ်​ (၂)စီး မျက်​နှာချင်းဆိုင်​တိုက်​မှုဖြစ်ပြီး တစ်​ဦး​သေ........

ယ​နေ့ ည ၆း၅၀အချိန်​ခန့်​ စီပိန်းရွာသို့​မောင်းနှင်​လာ​သောဆိုင်​ကယ်​(၂​​ယောက်​စီး) နှင့်​ ​ရွှေဘိုဘက်​သို့​မောင်းနှင်​​နေ​​သော ဆိုင်​ကယ်​(၂​ယောက်​စီး)တို့ အရှိန်​ဖြင့်​ ​"အောင်​"စား​သောက်​ဆိုင်​​ရှေ့တွင်​ တိုက်​မိကြသည်​။

မော်​လူး​"မေတ္တာအားမာန်"အဖွဲ့သို့ (၇း၀၅)နာရီ အချိန်​တွင်​ ဆက်​သွယ်​အ​ကြောင်းကြားလာသဖြင့်​ သွား​ရောက်​ကူညီ​ပေးကြသည်​။

အဆိုပါဆိုင်​ကယ်​တိုက်​မှုဖြစ်​စဉ်​တွင်​ စီပိန်းရွာ​မှ ​​ဒေါ်ထွေးစိန်အသက်​ (၆၀)နှစ်​မှာ စီပိ​န်းရွာမှ ​မော်​လူးပြည်​သူ့​ဆေးရုံသို့ ​အ​ရေး​ပေါ်ပို့​ဆောင်​ရာ လမ်းတွင်​​သေဆုံး​ကြောင်းသိရသည်​။

တစ်​ဖက်​မှတိုက်​​သောလူ(၂​)ယောက်​မှာ ဆိုင်​ကယ်​အားပစ်​ထားပြီးထွက်​ပြေး​နေ​ကြောင်း ​မော်​လူးပုံရိပ်​ မှ သတင်းရရှိပါသည်​။

#Maw Luu´s Images,
Red Heart Images.

Monday 6 February 2017

7.2.2017ရက်​​နေ့ စစ်​ကိုင်းတိုင်း​ဒေသကြီး ၊အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသ ၊ကိုးတိုက်​နယ်​ ဒီပင်္ကရာ မဟာ​စေတီ​တော်​ ဗုဒ္ဓပူဇနိယ ပွဲ​တော်​ စတင်​​နေပြီဖြစ်​.......

7.2.2017ရက်​​နေ့
စစ်​ကိုင်းတိုင်း​ဒေသကြီး ၊အင်း​တော်​မြို့နယ်​၊​မော်​လူး​ဒေသ ၊ကိုးတိုက်​နယ်​ ဒီပင်္ကရာ မဟာ​စေတီ​တော်​ ဗုဒ္ဓပူဇနိယ ပွဲ​တော်​ စတင်​​နေပြီဖြစ်​.......

နှစ်​စဉ်​ ကျင်​ပမြဲဖြစ်​​သော နာမည်​​ကျော်​ ဒီပင်္ကရာ မဟာ​စေတီဗုဒ္ဓပူဇနိယပွဲ​တော်​ကို 6.2.2017 ရက်​​နေ့ညမှစ​တင်​ကာ ကျင်းပ​ပြုလုပ်​​နေပြီဖြစ်​သည်​။

ယခုနှစ်​ ခင်းကျင်း​ရောင်းချ​သော ​ဈေးဆိုင်​တန်းများမှာ ယခင်​နှစ်​ထက်​ ပိုပိုများပြားစည်​ကားလှ၍ က​လေးများ​ဆော့ကစားနိုင်​သည့်​ ​နေရာများလည်း စုံလင်​စွာ လာ​ရောင်​ ခင်းကျင်းထားသည်​ကို​တွေ့ရ​လေသည်​။

အ၀တ်​အထည်​ဆိုင်​တန်းများ မုန့်​ဆိုင်​တန်းများ လူသုံးကုန်​ပစ္စည်းများ ၊ကစားစရာ ​ရောင်းချသည့်​ဆိုင်​တန်းများစသဖြင့် အမျိုးအစားစုံလင်စွာ လာ​​ရောက်​​ရောင်းချကြသည်​ကိုလည်း​တွေ့နိုင်​သည်​။

ထူးခြားသည်​မှာ ရံပုံ​​​​ငွေကံစမ်းမဲ လက်​မှတ်​များ​ရောင်းချ​သော မဲရုံများမရှိ​တော့ခြင်းပင်​။

အနယ်​နယ်​အရပ်​ရပ်​မှ လာ​ရောက်​​ရောင်းချသည့်​ဈေးသည်​များ၊​ပျော်​ရွှင်​​ဆော့ကစားစရာ​နေရာများ၊နယ်​ခံ ဆိုင်​တန်းများ၊ပွဲ​ပျော်​လာကြသူများဖြင့်
ယခင်​နှစ်​များထက်​ ပိုမိုစည်​ကားသည်​ကိုလည်း ​​​တွေ့ရသည်​။

6.2.2017 ရက်​​နေ့မှ 11.2.2017ထိ
တပို့တွဲလဆန်း(၁၀)ရက်​​နေ့မှ တပို့တွဲ လပြည့်​​နေ့အထိ ၅ရက်​ နှင့်​ ၆ညတိုင်​​အောင်​ "မန္တလာ ထိပ်​​ခေါင်​" ဇာတ်​ပွဲဖြင့်​ ကပြ​ဖြေ​ဖျော်​မည်​ဖြစ်​ပါ၍ ရပ်​နီးရပ်​​ဝေးမှ မိတ်​​ဆွေအ​ပေါင်းအား လာ​ရောက်​ ​ပျော်​ပါးစိတ်​ကြည်​နူးနိုင်​​​စေဖို့ ​မော်​လူးပုံရိပ်​မှ ဖိတ်​​ခေါ်လိုက်​ပါရ​စေခင်​ဗျာ.....။
#Maw Luu´s Images,
Red Heart Images.

Sunday 5 February 2017

ပရဟိတစိတ်ဓာတ်အပြည့်ဖြင့်လမ်းရေဖြန်း

သူရောင်းကျေးရွာလူုငယ်အဖွဲ့မှ
ပွဲလာသူတွေအတွက်ဖုံးမထအောင်
လမ်းရေလောင်း