Pages

Monday 28 August 2017

၂၀၁၇ /၂၀၁၈ ဘဏ္ဍာရေးနှစ် အင်းတော်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ စည်ပင်သာယာရံပုံငွေဖြင့် မော်လူးနှင့်ဟဲနုရပ်ကွက် (၃)နေရာ၌ မြောင်းကူးကွန်ကရစ်တံတား(၃)စင်းတည်ဆောက်.....

28-8-2017ရက်နေ့
မော်လူး

၂၀၁၇ /၂၀၁၈ ဘဏ္ဍာရေးနှစ်
အင်းတော်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ
စည်ပင်သာယာရံပုံငွေဖြင့်
မော်လူးနှင့်ဟဲနုရပ်ကွက် (၃)နေရာ၌ မြောင်းကူးကွန်ကရစ်တံတား(၃)စင်းတည်ဆောက်.....

2017-2018ဘဏ္ဍာရေးနှစ်
မော်လူး ရပ်ကွက်-(၂) ကွန်ကရစ်တံတားတည်ဆောက်ခြင်းအား
ဘုရားကြီးလမ်းနှင့် အရှေ့စုရပ်ကွက်(၂) ဆက်သွယ်ထားသောနေရာ၌ တည်ဆောက်ခြင်းဖြစ်ပြီး
တံတားမှာRCအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ
၂၁'×၃'- ၆'' ×၃' ဖြစ်ပြီး ချပေးငွေ (၂၂)သိန်းဖြစ်သည်။

မော်လူး လေးတန်ရိုးလမ်းပေါ်ရှိ ကျောက်ရိုးစီသစ်တားတံတားတည်ဆောက်ခြင်းအား လေးတန်ရိုးလမ်းထိပ်နှင့် ဗျူဟာလမ်းဆုံရာ အရှေ့ဖက်၌တည်ဆောက်ခြင်းဖြစ်ပြီး
တံတားမှာသစ်သားတံတားအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ
၁၈'×၁၀'×၈' ဖြစ်ပြီး
ချပေးငွေ (၄၈သိန်းခွဲ) ဖြစ်သည်။

မော်လူး ဟဲနု ရပ်ကွက်
လမ်းသွယ် (၂)ပေါ် ကွန်ကရစ်တံတားတည်ဆောက်ခြင်းအား ဟဲနုရွာတွင်းဗျူဟာလမ်းအရှေ့ဖက်၌ တည်ဆောက်ခြင်းဖြစ်ပြီး
တံတားမှာ RCအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ၂၁'×၃'- ၆'' ×၃'
ဖြစ်ပြီး
ချပေးငွေ (၂၂)သိန်း ဖြစ်သည်။

တာဝန်ခံ အင်/ယာမှာ....
ဦီးမင်းမင်းစိုး အငယ်တန်းအင်/ယာ-(၂)
ဖုန်း -၀၇၅ ၂၉၀၁၆

#မော်လူးပုံရိပ်

Sunday 13 August 2017

ရက်​သတ္တပတ်​ တစ်​ပတ်​လျှင် အမှိုက်သိမ်း​ကား ထွက်​ရက် (၆)ရက်​ သတ်​မှတ်​ကာ တနင်္လာ​နေ့တွင်​ ရပ်​ကွက်​ (၂)၊ အင်္ဂါ​နေ့တွင် ​ရပ်​ကွက်​(၃)၊.............

13,August 2017
မော်​လူး။

၂၀၁၇ ခုနှစ်​၊၅လပိုင်း(၁၅)ရက်​​နေ့က စတင်​ခဲ့​သော ​မော်​လူးစည်​ပင်​သာယာ​ရေးအမှိုက်​သိမ်းကား မှာယခုဆိုလျှင်(၃)လပြည့်​​မြောက်​ပြီဖြစ်​သည်​။

မိမိမြို့ရွာ/ရပ်​ကွက်​/လမ်း သန့်​ရှင်းသာယာ​ရေးအတွက်
မော်​လူး၊ကိုယ်ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီဖွဲ့စည်း၍လုပ်​​ဆောင်​​နေကြခြင်းဖြစ်​သည်​။

Dunk ပါ​သော အမှိုက်​သိမ်းကားတစ်​စီးလည်း (11-8-2017)​ ရက်​​နေ့က ​​မော်​လူးသို့​ရောက်​ရှိထားပြီးဖြစ်​သည်​။

ရက်​သတ္တပတ်​ တစ်​ပတ်​လျှင် အမှိုက်သိမ်း​ကား ထွက်​ရက် (၆)ရက်​ သတ်​မှတ်​ကာ
တနင်္လာ​နေ့တွင်​ ရပ်​ကွက်​ (၂)၊
အင်္ဂါ​နေ့တွင် ​ရပ်​ကွက်​(၃)
ဗုဒ္ဓဟူး​နေ့တွင် ​​ရပ်​​ကွက်​(၄)၊
ကြာသပ​တေး​နေ့တွင် ​ရပ်​ကွက်​(၅)၊
သောကြာ​နေ့တွင်​ ရပ်​ကွက်​(၆)၊
စ​နေ​နေ့တွင်​ ရပ်​ကွက်​(၇) များသို့ အသီးသီး ထွက်​ခွာ​ပေးမည်​ဖြစ်​သည်​။
#​မော်​လူးပုံရိပ်

Friday 11 August 2017

မော်​လူး​ဒေသ​မေတ္တာအားမာန်​ ပရဟိတ နာ​ရေးကူညီမှုအသင်း၏ ဒုတိယ​မြောက်​ လူနာတင်​ကားတစ်​စီးထပ်​မံ​ရောက်​ရှိ......

11,August 2017
မော်​လူး။

မော်​လူး​ဒေသ​မေတ္တာအားမာန်​ ပရဟိတ နာ​ရေးကူညီမှုအသင်း၏ ဒုတိယ​မြောက်​ လူနာတင်​ကားတစ်​စီးထပ်​မံ​ရောက်​ရှိ......

အလှူရှင်​ ဦးတင်​လွင်​ + ​(ဒေါ်
အေးမြင့်​)၊ဦး​တင်​​ထွေး + ​ဒေါ်ခင်​နွယ်​၀င်း တို့အား အမှူးထား၍ စီး​မော်​​ကျေးရွာ​နေ ကိုထွန်းမင်းလတ်​+မအိအိခိုင်​ မိသားစု​မှ လှူဒါန်းသည့်​ ဒုတိယ​မြောက်​ လူနာတင်​ယာဉ်​တစ်​စီး 10,8,2017 ရက်​​နေ့မနက်​ (၁း၀၀)နာရီအချိန်​တွင်​ ​မော်​လူးသို့​ရောက်​ခဲ့ပြီဖြစ်​သည်​။

ပထမလူနာတင်​ကား အလှူရှင်​မှာ
မော်​လူးမြို့၊ရပ်​ကွက်​(၃)၊ရတနာလမ်း​နေ ကွယ်​လွန်​သူ ဦးဖိုးနီအားရည်​စူး၍ ​ဒေါ်ပြုံးမိသားစု ဖြစ်​ပြီး
ကားတန်​ဖိုးနှင့်​သယ်​ယူစရိတ်​၊ ပြင်​ဆင်​စရိတ်​ စုစု​ပေါင်းကုန်​ကျ​ငွေ ၃၁၀၀၀၀ိ/အား အလှူရှင်​မိသားစုမှ အပြီးအစီးတာဝန်​ယူလှူဒါန်း​ပေးခြင်းဖြစ်​သည်​။

ဒုတိယကားတန်​ဖိုးမှာ
၂၈၀၀၀၀၀ိ/ကျပ်​ဖြစ်​ပြီး မြ၀တီမှ ​မော်​လူးအ​ရောက်​သယ်​ယူစဉ်​ ကုန်​ကျစရိတ်​မှာ ၈၇၀၆၀၀ိ/ဖြစ်​၍ စုစု​ပေါင်းကုန်​ကျစရိတ်​မှာ ၃၆၇၀၆၀၀ဖြစ်​သည်​။

ဒုတိယလူနာတင်​ယာဉ်​ ​မော်​လူးအ​ရောက်​အ​ထွေ​ထွေကုန်​ကျစရိတ်​ ၈၇၀၆၀၀ိ/အား ​မေတ္တာအားမာန်​အသင်းမှ ကျခံ​ထားခြင်းဖြစ်​သည်​။
#​မော်​လူးပုံရိပ်

Wednesday 9 August 2017

မော်​လူး ကိုယ်​ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီသို့ Dunk ပါ​သော အမှိုက်​သယ်​ယာဉ်​တစ်​စီး ထပ်​မံ​​ရောက်​ရှိ.......

10,August 2017
မော်​လူး။

မော်​လူး ကိုယ်​ထူကိုယ်​ထ
စည်​ပင်​သာယာ​ရေး​ကော်​မတီသို့ Dunk ပါ​သော အမှိုက်​သယ်​ယာဉ်​တစ်​စီး ထပ်​မံ​​ရောက်​ရှိ.......

စစ်​ကိုင်းတိုင်း​ဒေသကြီး အစိုးရအဖွဲ့မှ​ထောက်​ပံ့သည့်​အမှိုက်​သယ်​ယာဉ်​တစ်​စီးအား အင်း​တော်​မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီမှ ​တစ်ဆင့်ေ​​မာ်​လူး ကိုယ်​ထူကိုယ်​ထ
စည်​ပင်​သာယာ​ရေး​ကော်​မတီသို့
ယ​နေ့မနက်​ (၉း၃၀)
နာရီအချိန်တွင်​​ လာ​ရောက်​လွှဲ​ပြောင်း​ပေးအပ်​သည်​။

အင်း​တော်​မြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီ ၊ မြို့နယ်​ဦးစီးမှူး ဦး​အေးမင်းထွန်း နှင့်​အဖွဲ့မှ ​မော်​လူး ကိုယ်​ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီသို့ လှန်​ချနိုင်​​သော အမှိုက်​သယ်​ယာဉ်​တစ်​စီးအား
ယ​နေ့လာ​ရောက်​ လွှဲ​ပြောင်း​ပေးအပ်ရာ ​မော်​လူးအုပ်​ချုပ်​​ရေးမှူးဦးစိုးမြင့်​နှင့်​အဖွဲ့၊ ​မော်​လူးကိုယ်​ထူကိုယ်​ထစည်​ပင်​သာယာ​ရေး​ကော်​မတီမှ အဖွဲ့ဝင်​များ လွှဲ​ပြောင်းရယူသည်​။

မော်​လူးကိုယ်​ထူကိုယ်​ထ စည်​ပင်​သာယာ​ရေး​ကော်​မတီ တွင်​ စုစု​ပေါင်းအမှိုက်​သယ်​ယာဉ်​ နှစ်​စီးနှင့်​ မြို့တွင်းရပ်​ကွက်​များ ၊လမ်းများ
သန့်​ရှင်းသာယာ​ရေးအတွက်​ ​ကော်​မတီဖွဲ့ပြီးလုပ်​​ဆောင်​​နေကြသည်​မှာ (၃)လပြည့်​​တော့မည်​ဖြစ်​သည်​။
#​မော်​လူးပုံရိပ်

Tuesday 8 August 2017

ကချင်​ပြည်​နယ်​၊​မော်​ဟန်​ လွဲခမ်း​တောင်အဆင်း နှစ်​ဆင့်​​ကွေ့​နေရာ၌ ဆိုင်​ကယ်​အားဆွဲလှဲ၍ အိတ်​လုယက်​မှုဖြစ်​ပွား......

9,August 2017
မော်​ဟန်​၊လွှဲခမ်း​တောင်​။

၂၃.၇.၂၀၁၇ ရက်​​နေ့ ည၁၀း၃၀ အချိန်​ ကချင်​ပြည်​နယ်​၊​မော်​ဟန်​ လွဲခမ်း​တောင်အဆင်း နှစ်​ဆင့်​​ကွေ့​နေရာ၌ ဆိုင်​ကယ်​အားဆွဲလှဲ၍ အိတ်​လုယက်​မှုဖြစ်​ပွား......

၂၃ရက်​​နေ့ ည၁၀း၃၀အချိန်ခန့်
ကိုဆန်းဝင်းမှာ မိုး​ညှင်းမှ​မော်​လူးသို့အပြန်​ လွဲခမ်း​တောင်​အဆင်း​ကွေ့​နေရာအ​ရောက် အသက်(၃၀​)ေ​​ကျာ်​ခန့်​ စပို့ရှပ်​နက်​ပြာဝတ် လူတစ်​ဦး ကားလမ်း​ဘေးကပ်​​လျှောက်​​နေသည်​ကို​မြင်​သည်​။ကိုဆန်းဝင်းလည်း ပုံမှန်​အခင်းသွားသူတစ်​ဦးဟုမှတ်​ယူပြီး ​မောင်းနှင်​လာသည်​။

အဆိုပါ​ကွေ့သည်​ လွန်​ခဲ့​သောလက အင်း​တော်​ကြီးအပြန်
တုန်​ဖုံးကားတစ်​စီး​မှောက်​ထား​သော​နေ​ရာလည်းဖြစ်​သည်​​။တောင်​ဆင်းလမ်းဖြစ်​ပြီး အန္တရာယ်​များလှသဖြင့်​ ​ဖြည်းဖြည်း​မောင်းနှင်​လာစဉ်​ အဆိုပါလူအနီး​ရောက်​စဉ်​ ရုတ်တရက် ​​လက်​ကိုင်​အားဆွဲလှဲ​​လေသည်​။ဆိုင်​ကယ်​မှာညာဖက်​သို့လှဲသွားပြီး လူမှာ ဆိုင်​ကယ်​အား​ကျော်​၍ လမ်း​ပေါ်ဟတ်​ထိုးလှဲကျသွားခဲ့သည်​။

နောက်​မှလွယ်​ထား​သောအိတ်​အားဆွဲဖြုတ်​စဉ်​ သတိနှင့်​ကုန်းအထ ဆွဲမသကဲ့သို့ဖြစ်​ပြီး လုယက်​သူဟုသိလိုက်​ရသည်​နှင့်
ကိုဆန်းဝင်းမှာ ၎င်းအားလှည့်​၍မျက်​နှာချင်းဆိုင်​မိသည်​နှင့်​ တစ်​ရစပ်​လက်​သီးနှင့်​ထိုး​တော့သည်​။

အဆိုပါလူမှာ
လမ်း၏အ​ရှေ့ဖက်​​ မြောင်းအားခုန်​​ကျော်​၍​တောင်​​ပေါ်တက်​​ပြေးသွားခဲ့သည်​။

ဆိုင်​ကယ်​မှာဘရိတ်​ကပ်၊ညာဖက်​ဒူးကာပွန်း၊ လူလည်း ဒူး​ခေါင်းပွန်းပဲ့
ရင်​ဘတ်​​အောင့်​ ဒဏ်​ရာများ ရရှိခဲ့သည်​။

ဆိုင်​ကယ်အား​ဖြည်းဖြည်း
စီးနင်းပြီး နန့်​စီး​အောင်​ ဆိုင်​ကယ်​ပြင်​ဆိုင်​​ရောက်​မှ  ဆိုင်​ရှင်​​ပြောပြ၍သိရသည်​မှာ လွန်​ခဲ့​သော (၁၀)ရက်​ခန့်​ကလည်း ထို​နေရာ၌
ပိုက်​ဆံအိတ်​လုယက်​ခံရ​ကြောင်း ညအချိန်​ တစ်​​ယောက်​တည်းမသွားသင့်​​ကြောင်း ​ပြောပြ​လေသည်​။

မော်​လူးနှင့်​ အနီးပါတ်​၀န်းကျင်​ ရွာများမှ ​ဒေသသားတို့အားအသိ​ပေးလိုသည်​မှာ ​မော်​လူးမှနန့်​စီး​အောင်​အ၀င်​နား လွဲကူး​တောင်​ နှင့်​ အဆိုပါ ​မော်​ဟန်​မှမိုးညှင်းအသွား လွဲခမ်း​တောင်​ ​နေရာများသို့ အ​ဖော်​မပါတစ်​​ယောက်​တည်းခရီးသွားခြင်းများ၊ ညအချိန်​မ​တော်​ သွားလာခြင်းများသတိထားကြ​စေရန်​ အသိ​ပေးပါသည်​။

ကချင်​ပြည်​နယ်​ နှင့်​ စစ်​ကိုင်းတိုင်းအထက်​ပိုင်း ကျ​နော်​တို့​ဒေသတွင်​ ​ပေါများ​နေ​သော မူးယစ်​​ဆေးသုံးစွဲသူများ​ကြောင့်​ လုယက်​မှု ခိုးမှု ထိုမှအတင့်​ရဲလာပါက ဓားပြမှု လူသတ်​မှုအထိအထိအန္တရာယ်​ရှိလာနိုင်​ပါသဖြင့်​ ခရီးသွားလာရာ၌ သတိဝိရိယထား၍ ဆိုင်​ကယ်​နှင့်​ ပစ္စည်းများဂရုစိုက်​ကြရန်​ အသိ​ပေးအပ်​ပါသည်​။
#Maw Luu´s Images,
Red Heart Images.

Monday 7 August 2017

မော်​လူး​ဒေသ၊​မေတ္တာအားမာန် ပရဟိတ နာ​ရေး ကူညီမှုအသင်း ၏ ဒုတိယ​မြောက်​ လူနာတင်​ကားတစ်​စီးအား မြ၀တီမြို့မှ ၀ယ်​ယူပြီး ယ​နေ့မနက်​ပိုင်းတွင် မန်းေ​​လးသို့ ထွက်​လာပြီ ဖြစ်​​........

8 August 2017
မော်​လူး​ဒေသ၊
မေတ္တာအားမာန်​အသင်း။

မော်​လူး​ဒေသ၊​မေတ္တာအားမာန် ပရဟိတ နာ​ရေး ကူညီမှုအသင်း ၏ ဒုတိယ​မြောက်​ လူနာတင်​ကားတစ်​စီးအား မြ၀တီမြို့မှ ၀ယ်​ယူပြီး
ယ​နေ့မနက်​ပိုင်းတွင် မန်းေ​​လးသို့
ထွက်​လာပြီ ဖြစ်​​သည်​။

မော်​လူး​ဒေသအတွက်​ အားကိုးရ​သော ​မေတ္တာအားမာန်​အသင်း ဒုတိယ​မြောက်​ကား ၀ယ်​ယူနိုင်​ခြင်းအား  ​​မော်​လူးပုံရိပ်​မှ ၀မ်း​မြောက်ဂုဏ်ယူ​​ပါသည်​။
#Maw Luu´s Images,
Red Heart Images.

Friday 4 August 2017

မ​နေ့ည အ​ရှေ့တောင်ဖက်​ဆီမှ သဲသဲမဲမဲရွာသွန်းခဲ့​သော မိုး​ကြောင့်​ နန့်​ကျဲ​ချောင်း​ရေတိုးသဖြင့်​ ​မော်​လူး​ဒေသ၊​လေးတန်​ရိုးသွားရာလမ်းပိုင်း နန့်​ကျဲ​​ချောင်း​တာရိုးကျိုး​ပေါက်​ကာ ​လယ်​ယာ​မြေ ၁ဧက​ကျော်​ ပျက်​စီးနှစ်​မြုပ်

4.8.2017
မော်​လူး၊​လေးတန်​ကွင်း။

မ​နေ့ည အ​ရှေ့တောင်ဖက်​ဆီမှ
သဲသဲမဲမဲရွာသွန်းခဲ့​သော မိုး​ကြောင့်​ နန့်​ကျဲ​ချောင်း​ရေတိုးသဖြင့်​ ​မော်​လူး​ဒေသ၊​လေးတန်​ရိုးသွားရာလမ်းပိုင်း နန့်​ကျဲ​​ချောင်း​တာရိုးကျိုး​ပေါက်​ကာ
လယ်​ယာ​မြေ ၁ဧက​ကျော်​ ပျက်​စီးနှစ်​မြုပ်​ခဲ့သည်​။

အဆိုပါ​နေရာမှာ နှစ်​တိုင်း​လိုလို ​တာရိုးကျိုး​​​ပေါက်​​နေကျ ​လေးတန်​စိုက်​ကွင်း​​နေရာတစ်​ခုဖြစ်​ပြီး ယ​နေ့ မနက်​ပိုင်း​အချိန်ေ​လာက်​က ကျိုး​ပေါက်​ခဲ့သည်​ဟုသိရပါသည်​။
#​မော်​လူးပုံရိပ်