Pages

Friday 31 March 2017

မော်​လူး​ဒေသ၊​ဟောင်းတုန်း​ကျေးရွာအုပ်​စု၊​ဟောင်းတုန်းရွာတွင်​ အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ၏ ဥပဒေမဲ့လုပ်​ရပ်.........

31.3.2017
မော်​လူး​ဒေသ၊​ဟောင်းတုန်း​ကျေးရွာအုပ်​စု၊​ဟောင်းတုန်းရွာတွင်​ အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ၏ ဥပဒေမဲ့လုပ်​ရပ်.........

လွန်​ခဲ့​သောတစ်​ပတ်​​​ကျော်​လောက် က ​ဟောင်းတုန်းရွာတွင်​ အသက်​၂၄နှစ်​ခန့်​ရှိ ​မောင်​​​ဌေး​အောင်​ လင်​မယားချင်း စကားများရန်​ဖြစ်​​နေ၍ ​ဟောင်းတုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​သောင်းညွန့်​နှင့်​ ဆယ်​အိမ်​မှူးများ ၊အရန်​မီးသတ်​အဖွဲ့ဝင်​များမှ ကြိုးတုပ်​၍ရုံးသို့ခေါ်​ဆောင်​လာခဲ့သည်​။

မောင်​​​ဌေးအောင်​မှာ အရက်​​သေစာ​သောက်​စားထားပြီး ချည်​ထား​သောကြိုးအားဖြေ၍ အုပ်ချုပ်​​ရေးမှူးအား ဆဲဆိုထွက်​​ပြေးပါသည်​။

အုပ်​ချုပ်​​ရေးမှူးနှင့်​အဖွဲ့မှ ၀ိုင်းဝန်းဖမ်း​ဆီးကာ ​နောက်​တစ်​ကြိမ်
အုပ်​ချုပ်​​ရေးမှူးရုံးသို့​ခေါ်​ဆောင်​ပြီး
ဆဲဆိုသည့်​​မောင်​​​ဌေးအောင်​အား ​​နောက်​ပြန်​ကြိုးတုပ်​၍ ထိုးကြိတ်​ ရိုက်​နှက်​ကြသည်​။

ထို့​နောက်​ အုပ်ချုပ်​​ရေးမှူးအားဆဲဆိုသဖြင့်​ ​လျှော်​​ကြေး​ငွေ၎သိန်း​ပေးရန်​ လက်​မှတ်​ထိုး​စေပါသည်​။အုပ်​ချုပ်​​ရေးမှူးမှ ​မောင်​​​ဌေးအောင်​အား
`ကျွဲသင်းပြုတ်​သွားချင်​လား´ဟု​လည်း ခြိမ်း​ခြောက်​​ပြောဆိုပါသည်​။

မောင်​​​ဌေးအောင်​မှာေ​ဟာင်းတုန်း​ကျေးရွာ ဦး​အောင်​​မောင်း+​ဒေါ်နန်းတင်​တို့၏ သားဖြစ်​ပြီး မိဘနှစ်​ပါးလုံး ကွယ်​လွန်​သွားကြပြီဖြစ်​သည်​။

မောင်​​​ဌေးအောင်​၏ရရှိသော ဒဏ်​ရာဒဏ်​ချက်​တို့ကို အများသူဌာမသိ​စေပဲ လင်​မယားနှစ်​​ယောက်​ ​မော်​လူး​ဆေးရုံသို့​နေ့စဉ် ဆိုင်​ကယ်​ဖြင့်
လာ၍ ဆေးကု​နေရသည်​။

ဆေးဘိုးလည်းမရှိ​၊လက်​မှတ်​ထိုးထား​သော ​လျှော်​​ကြေး​ငွေ၎သိန်း​ပေးရမည့်​ရက်​ကလည်းနီးလာနှင့်​ ​မောင်​​​ဌေးအောင်​တို့လင်​မယားနှစ်​ အ​တော်​​ခေါင်းရှူပ်​​နေရှာသည်​။

၎င်း၏ဘကြီး​တော်​စပ်​သူလာမှ တူ​တော်​ဖြစ်​သူ၏ အဖြစ်​ကိုသိရှိပြီး အရိုက်​လည်းခံရ ​အလျှော်​လည်း​ပေးရသည်​မှာ ပုံစံမကျ​ကြောင်း​ပြောဆိုပြီး ​မော်​လူး​ဆေးရုံသို့သွား​​ရောက်​တက်​ခိုင်း​​လေသည်​။

မော်​လူး​ဆေးရုံ၌ နားထဲမှ​သွေးများထွက်​​နေသည်​မှာ မသက်​သာပဲ ဖြစ်​စဉ်​ကို လူအများ အကြောင်းစုံသိရှိကုန်​သဖြင့်
ဟောင်းတုန်း အုပ်​/မှူးမှ ငွေ၁၅သိန်း​လျှော်​​ကြေးပြန်​​ပေးကာ ၂၉.၃.၂၀၁၇ ရက်​​နေ့က မန်း​လေး​​ဆေးရုံသို့ သွား​ရောက်​​ဆေးကု​နေသည်​ဟု သတင်းရရှိပါသည်​။

ဥပ​ဒေအတိုင်းအ​ရေးမယူပဲ
ဒေသခံ ရွာသားတစ်​ဦးအား ထိုးကြိတ်​ရိုက်​နှက်​​သော ဥပဒေမဲ့လုပ်​ရပ်​အား အများသိ​စေရန်​ ​ရေးသား​ဖော်​ပြပါသည်​။
#Maw Luu´s Images,
Red Heart Images.

Thursday 30 March 2017

မော်လူးမြို့ ၊အ​ရှေ့ ဘုန်းတော်ကြီးကျောင်းလမ်း၊ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ​ဆောင်​ရွက်​ပြီးစီး​တော့မည်​ဖြစ်​......

31,march 2017

မော်လူးမြို့ ၊အ​ရှေ့ ဘုန်းတော်ကြီးကျောင်းလမ်း၊ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ​ဆောင်​ရွက်​ပြီးစီး​တော့မည်​ဖြစ်​......

ရတနာလမ်းအစပ်​မှ အ​ရှေ့​ကျောင်းအထိ စုစု​ပေါင်းလမ်းအရှည်​ ၁၃၀၀​ ပေခန့်​အား ထပ်​ပိုးလွှာခင်းခြင်းဖြစ်​သည်​။

ရတနာလမ်းခင်းကြ​သော အလုပ်​သမား ၁၈ ဦးအား လမ်း(၁)ပေလျှင် လုပ်အားခ ၅၀၀နှုန်း၊စုစု​ပေါင်း ၆သိန်းကျပ်​ဖြင့်​ ဌားရမ်းခင်း​ခြင်းဖြစ်​သည်​။

အဆိုပါလမ်းတစ်​​လျှောက်​ရှိ​ နေအိမ်​များမှ တစ်​အိမ်​လျှင် ​၅ ​သောင်းနှုန်းထည့်​ဝင်​၍ စုစု​ပေါင်းရ​ငွေ ၁၀သိန်းကျပ်ဖြင့်​ ကိုယ်​ထူကိုယ်​ထခင်းခြင်းလည်း ဖြစ်​သည်​။

အဆိုပါလမ်းမှာ၂၀၁၅ လွှတ်​​တော်​သက်​တမ်းမှ လမ်းအတွက် ခွင့်ပြုရံပုံ​​ငွေမချ​ပေးခင်​ လမ်းသူ/သားများ ၊အလှူရှင်​များထည့်​ဝင်​​ငွေဖြင့် ကြိုတင်​ခင်းထားခြင်းဖြစ်​သည်​။ချ​​ပေးသည့်​ရံပုံ​​ငွေမှ ပိုလျှံ​သော​ငွေအား ကတ္တယာဝယ်ယူစု​​ဆောင်းထားသဖြင့်​ ယခုထပ်​ပိုးလွှာခင်းရာတွင်​ ​ကျောက်​ဖိုးနှင့်​အလုပ်​သမားခသာ ကုန်​ကျခြင်းဖြစ်​သည်​။

အ​ရှေ့​ကျောင်းလမ်း လမ်းသူ/သားများ ထည့်​ဝင်​​ငွေဖြင့်​ ကိုယ်​ထူကိုယ်​ထ ကတ္တယာထပ်​ပိုးလွှာခင်းခြင်းမှာ ယ​နေ့တွင် ပြီးစီးမည်​ဟု သတင်းရရှိပါသည်​။
#Maw Luu´s Images,
Red Heart Images.

30,March 2017 ​မော်​လူး ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်​ရှူ.......

30,March 2017
မော်​လူး ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်​ရှူ.......

ယ​နေ့နံနက်​၁၁း၄၅အချိန်​ ​မော်​လူးအုပ်​စု အုပ်ချုပ်​​ရေးမှူး ဦးစိုးမြင့်​၊​မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ အဖွဲ့ဝင်​များ၊ ​ဒေသခံ ​တောင်​သူလယ်​သမားများ နှင့်​အတူ ​ကျောက်​ဆည်​ ​ရေကာတာ ​ကျောက်​ထုပ်​​လောင်းခြင်း ​​ဆောင်​ရွက်​​​​နေမှုအား သွား​ရောက်​ကြည့်ရှူကြသည်​။

ကျောက်​ဆည်​​ရေကာတာ သမိုင်းအကျဉ်း........

၁၉၅၈ ခုနှစ်​၊ပြည်တော်သာစီမံကိန်း
ကာလတွင်​(​ယခုလက်​ရှိ​​​တွေ့မြင်​ရ​သော ဆည်​မရှိ​သေး)ချောင်းအားကန့်​လန့်​ဖြတ်​၍ သံလမ်းတိုင်​များစိုက်​ကာ ​ကျောက်​များပုံပြီး ​မော်​လူးမြို့နှင့်​အနီးပါတ်​၀န်းကျင် ​​ကျေးရွာများ သုံး​ရေနှင့်​လယ်​​မြေများ​ရေရရှိရန် ​ရေလမ်း​ကြောင်း လွှဲ​ပေးခြင်းဖြစ်​သည်​။

၁၉၇၆ ၀န်းကျင်​ (ပါတီ​ကောင်​စီ​ခေတ်​)​မော်​လူးဥက္ကဌ ဦးပါ ၊အတွင်း​ရေးမှူး ဦးပွကြီး လက်​ထက်​တွင်​မှ
ယခုလက်​ရှိ​တွေ့မြင်​ရ​သော ဆည်​အား မြို့နယ်​အကူအညီယူ၍ တည်​​ဆောက်​ခဲ့ခြင်းဖြစ်​သည်​။
##############

ရာသီဥတုဒဏ်​​ကြောင့်​ ပျက်​စီးယိုယွင်း​နေ​သော ယခုလက်ရှိ​​ဆည်​အား ပြန်​လည်​ပြုပြင်​ရန်​ သီးသန့်​ရံပုံ​ငွေ ချထား​ပေးခြင်းမရှိပါ။
တင်​ဒါပိုလျှံ​ငွေ သန်း၈၀ထဲမှ ၀န်​ကြီးချုပ်​၏ ခွင့်​ပြုမိန့်​ဖြင့်​ ​ပြောင်းရွေ့သုံးစွဲခြင်း ဖြစ်သည်​။
(ခွင့်​ပြု​ငွေ ကျပ်​ ၆၅ သန်း)
၂၀၁၇၊ဇန်​န၀ါ၇ီလမှ ခွင့်​ပြုမိန့်ကျပြီး ခွင့်​ပြု​ငွေ ပမာဏမှာ ကျပ်​ ၆၅ သန်း ဖြစ်​သည်​။

အ​ပေါ်ဆုံးအလွှာနှင့်​ထပ်​တိုး​အောက်ဆုံး​ကြမ်း​ခင်းအလွှာတို့အား အမြင့်​ ၉ လက်​စီ မြင့်​ထားပြီး အပေါ်ဆုံးအလွှာအား မျက်​နှာပြင်​ညီခင်းမည့်​အတွက်​ စုစု​ပေါင်း အလွှာ ၄ လွှာ ဖြစ်​မည်​ဟုသိရသည်​။

ယ​နေ့ ဒုတိယ​​အလွှာအား ​ကျောက်​ထုပ်​​လောင်းခြင်းလုပ်​ငန်း လုပ်​ကိုင်​​နေသည်​ကို သွား​ရောက်​ကြည့်​ရှူကြခြင်းဖြစ်​သည်​။

သင်္ကြန်​အပြီးတွင်​မှ လုပ်ငန်းပြီးစီးမည်​ ဖြစ်​ပြီး လက်ရှိပြီးစီးမှု ရာခိုင်​နှုန်း
မှာ ၉၃ ရာခိုင်​နှုန်းဖြစ်​သည်​။
#Maw Luu´s Images,
Red Heart Images.

Monday 27 March 2017

လွတ်တော်ကိုယ်စားလှယ်များဖလား ​ဘော့လုံးပြိုင်​ပွဲ ​နောက်​ဆုံး ဗိုလ်​လုပွဲအား ကျင်းပ .....

27.3.2017ရက်​​နေ့
အင်း​တော်

လွတ်တော်ကိုယ်စားလှယ်များဖလား ​ဘော့လုံးပြိုင်​ပွဲ ​နောက်​ဆုံး ဗိုလ်​လုပွဲအား ကျင်းပ ......===========================
ယ​နေ့ည​နေ ၃း၀၀နာရီအချိန်​တွင် လွတ်တော်ကိုယ်စားလှယ်များဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် အင်းတော်(က)အသင်းနှင့်ကသာ(ခ) အသင်းတို့ ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​သည်​။

ဘော့လုံးပွဲ ပြီးသည်​နှင့်​ ဆုပေးပွဲအား တစ်​ဆက်​တည်း ပြုလုပ်​သွားမည်​ဖြစ်​သည်​။

အဆိုပါပွဲသို့ လွတ်တော်ကိုယ်စားများဖြစ်​​သော ဒေါ်ပြုံး၊ ဦးသန်းဝင်း၊ ထွေ\အုပ်ဦးစီးမှူး ဦးမြတ်ကိုထွေး နှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက် ကြည့်​ရှူအား​ပေးကြသည်​။

ဧည့်သည်တော်အဖြစ် ဗန်းမောက်မြို့နယ်၊တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးညီညီဟန် တက်ရောက် အား​ပေးပါသည်။......
Photo မိုးတိမ်​​လေး

Sunday 26 March 2017

26,March,2017ရက်​​နေ့ ​​မော်​လူး ၊ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်းလုပ်​ငန်း ​ဆောင်​ရွက်​​နေမှုသတင်း........

26,March,2017ရက်​​နေ့
မော်​လူး ၊ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်းလုပ်​ငန်း ​ဆောင်​ရွက်​​နေမှုသတင်း........

ယ​နေ့ ​နေ့လည်​ ၁၁း၀၀နာရီအချိန်​တွင်​ အင်း​​တော်​မြို့နယ်​၊ဆည်​​မြောင်း ဦးစီးမှူး ဦးတင်​မျိုး​ဆွေ ၊ ​မော်​လူးအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦးစိုးမြင့်​ ၊ကရင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသန်း​​မောင်​ ၊
မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်အဖွဲ့ဝင်​များနှင့်​အတူ ​မော်​လူးအ​ရှေ့ဘက်​ ၊ ကရင်​ရွာအနီးရှိ ​ကျောက်​ဆည်​​ရေကာတာ ပြန်​လည်​ပြုပြင်​ခြင်း လုပ်​​ဆောင်​​နေမှုအား သွား​ရောက်​ ကြည့်​ရှူ စစ်​​ဆေးကြပါသည်​။

ကျောက်​ဆည်​ ​ရေကာတာပြန်​လည်​ပြုပြင်​ခြင်းအား ၂၀၁၅ ခုနှစ်ကတည်းက လွှတ်​​တော်​တွင် အဆိုတင်ထား​ခြင်းဖြစ်​ပြီး ဖွံ့ဖြိုး​ရေးရန်​ပုံ​ငွေ သိန်း၆၅၀ကျပ်​ ချ​ထား​ပေးမှုဖြင့်​​ဆောင်​ရွက်​​နေခြင်းဖြစ်​သည်​။

လုပ်​ငန်းစတင်​သည့်​ရက်​မှာ ​ဖော်​​ဖော်​၀ါရီလ (၇) ရက်​​နေ့ဖြစ်​သည်​။လုပ်​ငန်းဆောင်​ရွက်​ပြီးစီးမည့်​ကာလမှာ မတ်​လကုန်​အထိ ဖြစ်​​သော်​လည်း စက်​ပစ္စည်း၊ယန္တယားများ အ​ရောက်​​နောက်​ကျခြင်း​ကြောင့်​ သင်္ကြန်​အပြီးတွင်​မှ လုပ်​ငန်းပြီးစီးမည်​ဟု သိရပါသည်​။

လုပ်​ငန်း​ဆောင်​ရွက်​​နေသည့်​ စက်​နှင့်​လူအင်​အားမှာ -ယန္တယားစက်​ကြီး (၂)စီး ၊၀န်​ထမ်း၎​ယောက်​နှင့်​ ပန်းရံသမားအဖွဲ့ (၂၀​)​ယောက်တို့ဖြင့်​ လုပ်​​​ဆောင်ေ​န​ကြောင်း သိရပါသည်​။

ရေကာတာထိပ်​နှစ်​ဖက်​ကြား ​ရေ​ကျော်​မျက်​နှာပြင်​​အကျယ်​မှာ​ ပေ၁၀၀ရှိပြီး ​၊ ချောင်းရေတိုက်​စားမှုမှကာကွယ်​ရန်​ ​ရေ၀ပ်​ဧရိယာ ​ရေထိမ်းနံရံအား ​ကျောက်​စီတမံလုပ်​ခြင်း ၊​ချောင်းအား ​ရေ၀င်​ဧရိယာများ​အောင်​ ​ပေ၂၀ခန့်​ ချဲ့​ခြင်း၊ ​မြေထိမ်းနံရံလုပ်ဆောင်​​နေခြင်းတို့ကို ယ​နေ့​တွေ့မြင်​ရသည်​။

ပျက်​စီး​ယိုယွင်း​နေ​သော ​ရေကာတာအား အမြင့်​ (၇)လက်​မ​ခန့်​တစ်လွှာမြင့်​ပြီး​ ၊ အောက်​ဆုံးတစ်​လွှာထပ်​ခင်းကာ မူလ (၃)လွှာနှင့်​ စုစု​ပေါင်း (၅)လွှာ အထိပြင်​ဆင်​လုပ်​​ဆောင်​ထားသည်​ကိုလည်း ​တွေ့ရသည်​။

လတ်​​တ​လော ဆည်​မှရေအား ​ရေလွှဲ​မြောင်းမှတစ်​ဆင့်​ ကရင်​ရွာနှင့်​​မော်​လူးမြို့တွင်းသို့စီး​စေပြီး ဆည်​​အောက်​တွင်​ ပြုပြင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​​နေခြင်း​ကြောင့်​ ​ရေစီးဆင်းမှုမရှိသည်​ကို​ တွေ့ရသည်​။

မိုးမကျမှီ ​ကျောက်​ဆည်​ပြုပြင်​ခြင်းလုပ်​ငန်းအပြီးသတ်​လုပ်​​ဆောင်​မည်​ဖြစ်​ပြီး လက်ရှိ
ပြီးစီးမှုရာခိုင်​နှုန်းမှာ ၇၅ ရာခိုင်​နှုန်းခန့်​ရှိ​ကြောင်း ​သိရပါသည်​။
#Maw Luu´s Images,
Red Heart Images.

Thursday 16 March 2017

"အင်း​တော်​မြို့နယ်၊ပုန်းဟုန်အုပ်စု၊တောင်ဖီလာ ကျေးရွာတွင် ECCD ဘက်စုံဖွင့်ြိဖိုးရေး​ ကျောင်းဆင်းပွဲပြုလုပ်" **************************

"အင်း​တော်​မြို့နယ်၊ပုန်းဟုန်အုပ်စု၊တောင်ဖီလာ
ကျေးရွာတွင် ECCD ဘက်စုံဖွင့်
ြိဖိုးရေး​ ကျောင်းဆင်းပွဲပြုလုပ်"
**************************
16.3.2017ရက်နေ့။

ယ​နေ့ည 7း00 နာရီအချိန်​တွင်
ပုန်းဟုန်အုပ်စု ၊ တောင်ဖီလာ​ကျေးရွာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဋ္ဌာနECCD ဘက်စုံဖွံ့ဖြိုးရေး​ကျောင်းဆင်းပွဲကို တောင်ဖီလာ​ကျေးရွာ ဘောလုံးကွင်း၌ စည်ကားစွာ ကျင်းပပြုလုပ်​သည်။

တောင်ဖီလာ​ကျေးရွာ၊ကလေးသူငယ်ပြုစုပျိုးထောင်ရေးဋ္ဌာနECCD မှ မူကြိုကျောင်းသား/သူ​လေးများ ၏ အက၊အလှများ ​တေးသံသာများဖြင့် ​ဖျော်ဖြေ တင်​ဆက်​​ပေးပါသည်​။

တက်​​ရောက်​လာ​သောမိဘများမှလည်း သားငယ်​၊သမီးငယ်​တို့နှင့်​အတူ သင်္ကြန်သီချင်းများlမြူးမြူးကြွကြွ အကအလှ
များဖြင့် ပါဝင်​ဆင်​နွဲကြသည်​ကိုလည်း ကြည်​နူးဖွယ်​​တွေ့မြင်​ရသည်​။

ထူးထူးခြားခြားအကများ၊ သီချင်းများ ဖြင့်​ ​ဖျော်​​ဖြေတင်​ဆက်​မှုများ​ကြောင့် လာရောက်ကြည့်ရှူသူများ နှစ်​သက်​သ​ဘောကျကြသည်​ကိုလည်း ​တွေ့ရသည်။

ယ​နေ့ည ကျင်းပ​သော တောင်ဖီလာ​ကျေးရွာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဋ္ဌာနECCD ဘက်စုံဖွံ့ဖြိုးရေး​ကျောင်းဆင်းပွဲ မှ စည်​ကားမှုပုံရိပ်​တို့နှင့်​အတူ မနက်​ဖြန်​ ​နေ့ပွဲကိုလည်းလာ​ရောက်​ကြည့်​ရှူ အပန်း​​ဖြေကြဖို့ ဖိတ်​​ခေါ်အပ်​ပါတယ်​ခင်​ဗျာ.....။
photo.CMZ
#Maw Luu´s Images,
Red Heart Images.

Friday 10 March 2017

10.3.2017ရက်​​နေ့ ည​နေ ၃း၀၀အချိန်​ ​မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ပါတီဝင်​များ ​မော်​လူးပြည်​သူ့​ဆေးရုံ၌ တက်​​ရောက်​​နေ​သော ​ပဲခူး​ကျေးရွာ​နေ ​ဒေါ်လှမြိုင်​အား အာဟာရမုန့်များ ၊​ ဆေးဘိုးကူညီမှု တို့​နှင့်အတူ သွား​ရောက်​အား​ပေးစကား​ပြောကြား......

10.3.2017ရက်​​နေ့
ည​နေ ၃း၀၀အချိန်​ ​မော်​လူးအုပ်​စု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ပါတီဝင်​များ ​မော်​လူးပြည်​သူ့​ဆေးရုံ၌ တက်​​ရောက်​​နေ​သော ​ပဲခူး​ကျေးရွာ​နေ ​ဒေါ်လှမြိုင်​အား အာဟာရမုန့်များ ၊​ ဆေးဘိုးကူညီမှု တို့​နှင့်အတူ သွား​ရောက်​အား​ပေးစကား​ပြောကြား......

မော်​လူးအုပ်စု​​၊ပဲခူး​ကျေးရွာမှ ​ဒေါ်လှမြိုင်​မှာ အစာအိမ်​ရောင်​​ဝေဒနာဖြင့်​​ ဆေးရုံတက်ရောက်​​နေသည်​မှာ တစ်​ပတ်​ခန့်ရှိပြီဖြစ်​သည်​။

ဒေါ်လှမြိုင်​မှာ ​မော်​လူးအုပ်​စု၊အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ်​၏ စည်းရုံးရေး၊လူမှု​ရေးလုပ်​ငန်းများအား တတ်​နိုင်​သည့်​ဖက်​မှ ပါဝင်​ကူညီ​အား​ပေးသူဖြစ်​သည့်​အ​လျှောက်​ ကျ​နော်​တို့ ပါတီဝင်​များမှလည်း ​ကျေးဇူးတရား အပြန်​အလှန်​တုန့်​ပြန်​​သောအားဖြင့်​ လူမှု​ရေးအရ သွား​ရောက်ခြင်းဖြစ်​သည်​။

စေတနာ၊စိတ်​ထားဖြူစင်​လှ​သော ​ဒေါ်လှမြိုင်​ အမြန်​ကျမ်းမာပါ​စေ.......

Thursday 9 March 2017

မံဟဲ​ကျေးရွာအုပ်​စု၊အင်း​တော်​မြို့နယ်။ တရားမ၀င်​ ထန်း​ရေ ​ရောင်းချခြင်းမပြုရန်​ အ​ကြောင်းကြားစာကို ယ​နေ့ မံဟဲ​ကျေးရွာအတွင်း လိုက်​လံ ဖြန့်​ဝေထားသည်​ကို​တွေ့ရ....

မတ်​လ (၉)ရက်​​နေ့ ရက်​စွဲဖြင့်​ ယ​နေ့ထုတ်​ပြန်သောစာ...

မံဟဲ​ကျေးရွာအုပ်​စု၊အင်း​တော်​မြို့နယ်။
တရားမ၀င်​ ထန်း​ရေ ​ရောင်းချခြင်းမပြုရန်​ အ​ကြောင်းကြားစာကို ယ​နေ့ မံဟဲ​ကျေးရွာအတွင်း လိုက်​လံ ဖြန့်​ဝေထားသည်​ကို​တွေ့ရ....

ထန်း​ရေကြိုက်​တဲ့ကိုကို​တွေ​တော့ သွားပြီ....
တရားမ၀င်​တဲ့ဒီထန်း​ရေနဲ့ လုပ်​စား​နေရတဲ့ ထန်းသမားဦးဦး​တွေ ၊ အ​ဒေါ်​တွေနဲ့အမ​တွေလည်းသွားပြီ.......

ကျ​နော်​တို့​ဒေသမှာ ဒီထက်​ပိုအ​ရေးကြီးတဲ့ မူးယစ်​​ဆေးဝါး၊ မီး​သွေး၊သစ်​စက်​​တွေ​တော့ မရှိ​တော့ဘူးလို့​ပြောတာပဲ...

ဒီတရားမ၀င်​တဲ့ထန်း​ရေပဲ ကျန်​​တော့လို့ လူငယ်​​တွေပျက်​စီးမှာ စိုးရိမ်​လို့ လုပ်​​ဆောင်​​ပေးတာ ​ကျေးဇူးတင်​​ကြောင်း​ပြောသံများ ကြားသိရပါတယ်​ခင်​ဗျာ......
#Maw Luu´s Images,
Red Heart Images.

10,March 2017ရက်​​နေ့ ​မော်​လူး၊ရတနာလမ်း ကတ္တယာခင်းခြင်းလုပ်​ငန်း 50% ခန့်​ပြီးစီး......... Maw Luu´s Images.

10,March 2017ရက်​​နေ့
မော်​လူး၊ရတနာလမ်း ကတ္တယာခင်းခြင်းလုပ်​ငန်း 50% ခန့်​ပြီးစီး.........
Maw Luu´s Images.

အင်း​တော်​မြို့နယ်​ ၊စည်​ပင်​သာယာ​ရေး​ကော်​မတီ ၂၀၁၆/၁၇ ဘဏ္ဍာ​ရေးနှစ်​ ​ငွေလုံး​ငွေရင်းလုပ်​ငန်းများထဲမှ ​မော်​လူး ရတနာလမ်း ကတ္တယာလမ်းခင်းခြင်းလုပ်​ငန်းမှာ တစ်​၀က်​ခန့်​ပြီး​စီးပြီဖြစ်​သည်​။

အရှည်​​ပေ-၇၀၀၊အကျယ်​ -၁၂​ပေ၊လမ်းအမြင့်​ -၆လက်မ စံညွှန်းဖြင့်​ ​မော်​လူး ရတနာလမ်း ကတ္တရာ​ခင်းခြင်းခန့်​မှန်းကုန်​ကျ​ငွေမှာ ၈.၁သန်း(၈၁သိန်း)ဖြစ်​သည်​။

လုပ်​ငန်းစတင်​သည့်​ရက်​-၂၁.၂.၂၀၁၇ ၇က်​၊
လုပ်​ငန်းပြီးဆုံးမည့့်ရက်​-၂၂.၃.၂၀၁၇ ရက်​၊
တာဝန်​ခံအင်​/ယာ-ဦးမင်းမင်းစိုး (အငယ်​တန်းအင်​/ယာ-၂)

ပေ-၇၀၀ နှင့်​ဆက်​လျှက်​ကျန်​သော ​ပေ(၅၀၀)လမ်းအရှည်​အတွက်​ လမ်းသူ/သားများနှင့်​ အလှူရှင်​များစု​ပေါင်းထည့်​ဝင်​​ငွေဖြင့်​ ဆက်​ခင်း​မည်​ဖြစ်​သည်​။

ယ​နေ့ ၁၀.၃.၂၀၁၇ ရက်​​နေ့အထိ ​ကောက်​ခံရရှိ​ငွေမှာ သိန်း(၄၀)နီးပါးခန့် ​ရရှိပြီဖြစ်​ပြီး
ကုန်​ကျ​ငွေစာရင်းများအား လုပ်​ငန်းပြီးစီးသည်​နှင့်​ ပွင့်​လင်းမြင်​သာစွာ ထုတ်​ပြန်​​ပေးမည်​ဖြစ်​သည်​။
# Maw Luu´s Images,
Red Heart Images.