Pages

Sunday, 5 June 2016

ရွှေထွက်လို့မြေပျက်တဲ့ ဘက်ဟိုးကား (၃)စီးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ***************

ရွှေထွက်လို့မြေပျက်တဲ့ ဘက်ဟိုးကား (၃)စီးနှင့်
ဆက်စပ်ပစ္စည်းများ ဖမ်းဆီး
*******************************************
ရွှေထွက်လို့မြေပျက်တဲ့ ဘက်ဟိုးကား (၃)စီးနှင့်
ဆက်စပ်ပစ္စည်းများ ဗန်းမောက်မြို့နယ် မံအင်မင်း
ကုန်းအုပ်စု အနောက်ကုန်းကျေးရွာအနောက်
ဖက် (၁)ဖာလုံခန့်အကွာ တောစပ်တွင် (၄)လုံး
ထိုးအဂျင်စက် (၁)လုံးတို့ အားနယ်မြေခံရဲစခန်း
မှူးနှင့်အဖွဲ့ ခလရ (၅၀)တပ်အဖွဲ့မှ ဇွန်
လ (၃)ရက်နေ့ ၁၈.၅၅ အချိန်ခန့်တွင် ဖမ်းဆီး
လိုက်ကြောင်းသတင်းသိရသည်။
ထိုနောက် ခလရ (၅၀)တပ်ရင်းမှ ဗိုလ်မှူးတင်
ထွန်းလင်းမှ ဘက်ဟိုး (၃)စီးအား
ဗန်းမောက်မြို့နယ် မံစီကြီးနယ်မြေ ရဲကင်းစခန်း
မှူး ထွန်းလင်းခိုင်ထံ လွဲပြောင်းပေးခဲ့ပြီး ဘက်ဟိုး
၂စီးပိုင်ရှင် ဦးစံဝင်း (၅၄)နှစ် (ဘ)ဦးဖိုးမြဲ မြနန္ဒရပ်
ဗန်းမောက်မြို့ရှိ အောင်မြင့် (၄၃)နှစ် (ဘ)ဦးကံ
သာ အရှေ့ကုန်းကျေးရွာ မံအင်းမင်းကုန်းအုပ်စု
ဗန်မောက်မြို့နေသူတို့အား အရေးယူရန် ဗန်း
မောက်မြို့မရဲစခန်း ဆက်လက်စစ်ဆောင်ရွက်
နေလျှက်ရှိကြောင်းသတင်းသိရသည်။

0 comments:

Post a Comment