Pages

Wednesday 31 August 2016

30.8.2016 ယနေ့နံနက် 3 : 30 နာရီ အချိန်ခန့် တွင် ပင်လည်ဘူးမြို့ အမြန်ယာဉ် ကားဂိတ် တွင်ြိမို့နယ်ရဲဌာနမှ သတင်းရရှာဖွေ ဖမ်းဆီးလိုက်သည့်အခါ အမျိုးသမီး ငယ်နှင့်အတူဘိန်းဖြူဟု ယူဆရသော ပစ္စည်းများ ဖမ်းဆည်းရမိပါသည်ဟု အတိအကျ သတင်းရရှိပါသည်။

30.8.2016 ယနေ့နံနက် 3 : 30 နာရီ အချိန်ခန့်
တွင် ပင်လည်ဘူးမြို့ အမြန်ယာဉ် ကားဂိတ် တွင်
ြိမို့နယ်ရဲဌာနမှ သတင်းရရှာဖွေ ဖမ်းဆီးလိုက်သည့်အခါ
အမျိုးသမီး ငယ်နှင့်အတူဘိန်းဖြူဟု ယူဆရသော
ပစ္စည်းများ ဖမ်းဆည်းရမိပါသည်ဟု အတိအကျ သတင်းရရှိပါသည်။

Tuesday 30 August 2016

ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးသိန်း(၆၀)ကျော် ဖမ်းဆီးရမိအရေးယူထား

ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးသိန်း(၆၀)ကျော် ဖမ်းဆီးရမိအရေးယူထား
မုံရွာ၊ ဩဂုတ်လ ၃၀ ရက်
၂၀၁၆ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန် ဝန်းသိုမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းကျော်သူ နှင့်အဖွဲ့၊ ဂျိုးတောင်ရဲကင်းရဲစခန်းမှ ရဲအုပ် မောင်သင် နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝန်းသိုမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနေ မခင်ပြုံး၊ ၄၂နှစ်၊ (ဘ)ဦးစောမောင်၊ ဗမာ/ဗုဒ္ဓ၊ တောင်သူ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းဒေါင့်မှ ကြွပ်ကြွပ်အိပ်ဖြင့်ထည့်လျှက် Love Is Flower စာတမ်းပါ ဆပ်ပြာခွက်များအတွင်း ပလပ်စတစ်ဖြင့်ထုပ်လျှက် ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန်(၁၂.၀၅)ဂရမ်ခန့်စီပါဆပ်ပြာခွက် (၂)ခွက် (၂၄.၁၀)ဂရမ်၊ အလေးချိန်(၁၂.၄၃)ဂရမ်ခန့်စီပါ ဆပ်ပြာခွက်(၂)ခွက် (၂၄.၈၆)ဂရမ်၊ အလေးချိန် (၁၂.၇၉) ဂရမ်ခန့်ပါ ဆပ်ပြာခွက်(၁)ခွက်၊ စုစုပေါင်းဘိန်းဖြူအလေးချိန်(၆၁.၇၅)ဂရမ်၊ တန်ဖိုး(၆၁၇၅၀၀ဝိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ထိုသို့ရှာဖွေ စစ်ဆေးတွေ့ရှိစစ်မေးခဲ့ရာ တရားခံ မခင်ပြုံး၏အစစ်ခံထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား ခဲအိုတော်စပ်သူ အောင်စိုး၊ ၄၁နှစ်၊ (ဘ)ဥိးဖိုးထောင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း (လိပ်စာတူ)၏ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်စိုးအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မခင်ပြုံး နှင့် အောင်စိုးတို့(၂)ဦးအား အရေးယူပေးရန် ၂၀၁၆ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရဲအုပ် ဝင်းကျော်သူမှ တရားလိုပြုလုပ်၍ ဝန်းသိုမြို့မရဲစခန်း မယ(ပ)၄၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုရေးဖွင့်ကာ အမှုစစ် ရဲအုပ် မောင်သင်မှ တရားခံများဖမ်းဆီးရမိ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit - ပင်လည်ဘူးမြို့

Sunday 28 August 2016

ကောက်ရတဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးတဲ့ အိမ်ခြေမဲ့အမျိုးသား အလုပ်နဲ့တိုက်ခန်း ဆုချီးမြှင့်ခံရ

ကောက်ရတဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးတဲ့ အိမ်ခြေမဲ့အမျိုးသား အလုပ်နဲ့တိုက်ခန်း ဆုချီးမြှင့်ခံရ

ထိုင်းနိုင်ငံမှာ ဒီဇိုင်နာတစ်ဦးရဲ့ ပိုက်ဆံအိတ်ကို တစ်ပြားမှမသုံးဘဲ ပြန်ပေးတဲ့ အိမ်ခြေမဲ့ အမျိုးသားဟာ သူ့ရဲ့ဖြူစင်တဲ့လုပ်ရပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုပြန်ရခဲ့ပါတယ်။အဲဒါကတော့ အလုပ်လက်မဲ့၊ အိမ်ခြေမဲ့တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အလုပ်နဲ့ တိုက်ခန်းသစ်တစ်ခန်းပါပဲ။

အသက် ၄၄ နှစ်အရွယ် ဝါရာလော့ဟာ ဘတ် နှစ်သောင်း (ဒေါ်လာ ၄၄၀) ပါတဲ့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကတ်တွေပတဲ့ ပိုက်ဆံအိတ်ကို ကောက်ရချိန်မှာ သူ့မှာ တစ်ဒေါ်လာတောင်မပြည့်တဲ့ ထိုင်းငွေ ၉ ဘတ် သာ ရှိပါတယ်။
ဒါပေမဲ့ ဆာလောင်နေတဲ့ ဝါရာလော့ဟာ အဲဒီငွေတွေနဲ့ စားစရာတစ်ခုခု ဝယ်မစားဘဲ ရဲစခန်းကိုသွားကာ ပိုက်ဆံအိတ်ကို ပြန်ပေးခဲ့ပါတယ်။ သူ့ရဲ့မွန်မြတ်တဲ့စိတ်ဓာတ်လေးဟာ လျစ်လျူရှုမခံခဲ့ရပါဘူး။

ပိုက်ဆံအိတ်ပိုင်ရှင် အသက် ၃၀ အရွယ် နယ်တီပွန်ခရင်ယိုဟာ သူ့ပိုက်ဆံအိတ် တွေ့ပြီလို့ ရဲတပ်ဖွဲ့က ပြောတော့ အရမ်းကို ဝမ်းသာသွားခဲ့ပြီး ဝါရာလော့ကို ဘန်ကောက်က သူ့ရဲ့ စက်ရုံမှာ အလုပ်ပေးခဲ့ပါတယ်။
"ကျွန်တော် ပျောက်လို့ပျောက်သွားမှန်းတောင်မသိတဲ့ ပိုက်ဆံအိတ်ကို တွေ့တယ်လို့ ရဲက ပြောတော့ အရမ်းအံ့သြသွားတယ်။ ကျွန်တော်သာ ပိုက်ဆံမရှိချိန် အဲဒီလို ကောက်ရရင် ယူထားလိုက်မိနိုင်တယ်" လို့ နစ်တီက ပြောပါတယ်။

"ဒါပေမဲ့ သူက အိမ်ခြေမဲ့ဖြစ်တဲ့အပြင် လက်ထဲမှာ အကြွေလောက်သာရှိပေမဲ့ပြန်ပေးခဲ့တယ်။ ဒါဟာ ရိုးသားဖြူစင်မှုကို ပြတာပဲ။ ဒါဟာ ကျွန်တော်တို့လိုအပ်နေတဲ့ ဝန်ထမ်းမျိုးဖြစ်နေတယ်လေ" လို့ သူက ဆိုပါတယ်။

နစ်တီက ဝါရာလော့ကို ဘတ် နှစ်ထောင်ပေးမယ်လို့ စဉ်းစားမိပေမဲ့ နောက်မှ အလုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဝါရာလော့ဟာ အခုဆိုရင် နေထိုင်စရာ တိုက်ခန်တစ်ခန်းနဲ့ တစ်လကို ဘတ် တစ်သောင်းတစ်ထောင် (ဒေါ်လာ ၂၄၀) လစာ ရနေပါပြီ။

Source & Photos : Metro

============

Duwun

အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများလိုက်ပါလျှက် ၂၄နာရီ မီးလင်းရေးအတွက် မြေပလ္လင် ကျေးရွာနှင့်ဟောင်းတုန်းကျေးရွာတို့မှ မီးလင်းရေးကော်မတီဝင်များ၊ရွာသူ/သားတို့နှင့်တွေ့ဆုံဆွေးနွေး.......

အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများလိုက်ပါလျှက် ၂၄နာရီ မီးလင်းရေးအတွက် မြေပလ္လင် ကျေးရွာနှင့်ဟောင်းတုန်းကျေးရွာတို့မှ မီးလင်းရေးကော်မတီဝင်များ၊ရွာသူ/သားတို့နှင့်တွေ့ဆုံဆွေးနွေး.......

28.8.2016ရက်နေ့
အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများလိုက်ပါလျှက် မြေပလ္လင်ကျေးရွာ ၂၄နာရီ မီးလင်းရေးအတွက် ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များ၊ရွာသူ/သားတို့နှင့်တွေ့ဆုံဆွေးနွေး.......

အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးတိုးမြင့်နှင့်အဖွဲ့ဝင်များ၊မြို့နယ်လျှပ်စစ်အင်/ယာ မော်လူး မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျှက် နံနက်၁၁း၀၀နာရီအချိန် တွင် မြေပလ္လင်ကျေးရွာသို့ရောက်ရှိလာကြသည်။

မြေပလ္လင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌
၂၄နာရီ မီးလင်းရေးအတွက် ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များ၊ရွာသူ/သားတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။အဆိုပါတွေ့ဆုံပွဲသို့ မြေပလ္လင်ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များ၊ရွာသူ/သား စုစုပေါင်းအင်အား၁၀၀ကျော်တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

ထို့နောက်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၊တာဝန်ရှိသူများသည် ဟောင်းတုန်းကျေးရွာသို့ဆက်လက်သွားရောက်ကြသည်။ နံနက်၁၂း၃၀နာရီအချိန်တွင်ဟောင်းတုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ၂၄နာရီမီးလင်းရေးအတွက် ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များ၊ကျောင်းကော်မတီဝင်များ၊ရွာသူ/သားတို့နှင့်တွေ့ဆုံဆွေးနွေးကြကြောင်းသတင်းရရှိပါသည်။
Maw Luu´s Images
Red Heart Images

အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးတိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များသည် မော်လူးမြို့၊အရှေ့ကျောင်းတိုက် အာစရိယဂုဏပူဇာ ဆွမ်းသင်္ကန်းကပ်မင်္ဂလာ အခမ်းအနားသို့တက်ရောက် ကြည်ညို.........

28.8.2016 ရက်နေ့
အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးတိုးမြင့်နှင့်အဖွဲ့ဝင်များ၊
မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များသည် မော်လူးမြို့၊အရှေ့ကျောင်းတိုက်
အာစရိယဂုဏပူဇာ ဆွမ်းသင်္ကန်းကပ်မင်္ဂလာ အခမ်းအနားသို့တက်ရောက် ကြည်ညို.........

မော်လူးမြို့၊အရှေ့ကျောင်းတိုက်ဆရာတော် ဦးနန္ဒေဘာသ မဟာထေရ်မြတ် ဆရာတော်ဘုရား၏ ဘ၀နတ်ထံပျံလွန်တော်မူခြင်း(၅)နှစ်ပြည့် အာစရိယဂုဏပူဇာ ဆွမ်းသင်္ကန်းကပ်မင်္ဂလာတရားတော်နာ ဖိတ်ကြား၍ အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးတိုးမြင့်နှင့်အဖွဲ့ဝင်များ၊
မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ နံနက်၉း၀၀နာရီအချိန် မော်လူးအရှေ့ကျောင်းတိုက်သို့ရောက်ရှိကြသည်။

ဧည့်သည်တော်များအားကျွေးမွေးသောနေရာ၌ ကိုယ်စားလှယ်တော်နှင့်အတူ အဖွဲ့ဝင်များအား နံနက်စာဖြင့်တည်ခင်းဧည့်ခံကြသည်။

ထို့နောက် နံနက်၁၀း၂၀အချိန် အရှေ့ကျောင်းတိုက်ဆရာတော်အား ၀တ္တုငွေစုပေါင်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်မှ ဆုပေးတရားတော်ချီးမြှင့်၍ အတူတကွနာယူမှတ်သားကြသည်။

ထို့နောက်
အင်းတော်မြို့နယ်၊တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊မော်လူးမြို့နယ်လျှပ်စစ်အင်/ယာနှင့်အဖွဲ့ဝင်များသည် ဟောင်းတုန်းကျေးရွာနှင့်မြေပလ္လင်ကျေးရွာ မီးလင်းရေးအတွက် ဒေသခံများနှင့်တွေ့ဆုံရန်ရှိသဖြင့် ၎င်းကျေးရွာများသို့ နံနက် ၁၀း၄၅အချိန် မော်လူးအရှေ့ကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားကြောင်း တင်လိုက်ပါတယ်ခင်ဗျာ........
ါသည်။
Maw Luu´s Images
Red Heart Images

Saturday 27 August 2016

ကသာမြို့ မီးသတ် ဦးစီးဌာနတွင် ချိတ်ဆွဲထားသည့် သင်္ဘောခေါင်းလောင်းများပြောပြသည့် စစ်အတွင်း က " ကသာ

" ကျွန်တော့်မြို့မှ ခေါင်းလောင်းသံများ "
-------------------------------------

ကျွန်တော့်ဇာတိမြို့လေးမှာ
ငယ်စဉ်ကတည်းက နားယဉ်နေခဲ့ရသည်မှာ
နေ့စဉ်ကြားနေရသော ခေါင်းလောင်းသံများပင်။

အချိန်မှန်နာရီ အချက်ပေး ခေါင်းလောင်းထိုးသံများနှင့်
ကျောင်းတက်ကျောင်းဆင်းခေါင်းလောင်းထိုးသံများကြောင့်
နိစ္စဓူဝ လုပ်ငန်းစဉ်များကို ရဟန်းရှင်လူ မြို့သူမြို့သားတို့ စည်းချက်ညီစွာ
ထိန်းညှိလှုပ်ရှားနိုင်ကြသည်။

သို့သော် ကျွန်တော်တို့မှာ ခေါင်းလောင်းသံနောက်ကွယ်မှ
ခေါင်းလောင်းများ၏ အကြောင်းကိုမူကားသေချာဃနစွာ
မသိခဲ့ပါ။

နောက်ပိုင်းအရွယ်ရောက်လာသောအခါ
ထိုခေါင်းလောင်းများသည် ကျွန်တော်တို့မြို့၏
အလွန်အရေးကြီးသော သမိုင်းအပိုင်းအစများဖြစ်သည်ကို
သိခဲ့ရလေသည်။

" ကသာမြို့ မီးသတ်ဦးစီးဌာနမှ ခေါင်းလောင်းနှစ်လုံး "
-----------------------------------------------

ကသာမြို့ မီးသတ်ဦးစီးဌာနတွင်
စစ်အတွင်း နှစ်မြုပ်ခဲ့သော သင်္ဘောနှစ်စီးမှ ခေါင်းလောင်းနှစ်လုံးအား
ချိတ်ဆွဲ၍ ယနေ့တိုင် အချိန်နာရီအချက်ပေးလျှက်
ရှိနေဆဲဖြစ်သည်။

ထိုခေါင်းလောင်းမျာမှာဒုတိယကမ္ဘာစစ်အတွင်း 1942ခု
မေလတွင်အင်္ဂလိပ်တို့စစ်ဆုပ်ရင်း ဂျပန်စစ်တပ်တို့ အသုံးမချနိုင်စေရန်ကသာမြို့ဧရာဝတီမြစ်တွင်း နစ်မြုပ်ခဲ့သော ဧရာဝတီဖလော်တီလာကုမ္မဏီပိုင်
" JAPAN " နှင့် " TAPING " သင်္ဘောတို့၏ ခေါင်းလောင်းများဖြစ်သည်။

၎င်းသင်္ဘောနှစ်စီး၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

JAPAN IFC STEAMER
------------------------
Built - 1904
Yard No - 733
Length( feet ) - 328
Breadth ( feet ) - 46
-----------------------------

TAPING IFC STEAMER
-------------------------
Built - 1907
Yard No - 820
Length( feet ) - 253
Breadth ( feet ) - 32

ကျွန်တော် ဤသင်္ဘောများအကြောင်းမရှင်းပြခင်
ဧရာဝတီဖလော်တီလာ ကုမ္မဏီအကြောင်းအနည်းငယ်
အကျဉ်းရှင်းပြချင်ပါသည်။
ကျွန်တော်ပြောသည်ထက်   IRRAWADDY FLOTILLA အကြောင်းရေးသားထားသောစာအုပ်များထဲမှကောက်နုတ်ဖေါ်ပြပါမည်။

========================

"ဗမာပြည်မြစ်ကြောင်းလမ်းသယ်ယူပို့ဆောင်ရေး"
----------------------------------------------------------

ဤ ဗမာပြည်မြစ်ကြောင်းလမ်းသယ်ယူပို့ဆောင်ရေး ဇာတ်ထုပ်သည်၁၈၅၂ ခုနှစ်အတွင်းက ပေါ်ပေါက်လာခဲ့သော ဧရာဝတီ စစ်သင်္ဘောအုပ်နှင့်ပတ်သက်သည့် သမိုင်းနောက်ခံ ဇာတ်လမ်းကြောင်းကို ဖော်ပြပါသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ပွဲ စခန်းသိမ်း နိဂုံးချုပ်နိုင်စေရန်အလို့ငှာ ဘင်္ဂါလီရေတပ်သည် ဗမာပြည်သို့ ဒလက်သင်္ဘော(၄)စီးကို ပို့လွှတ်ခဲ့၏။

ဤ စာတမ်းတွင် ထိုသင်္ဘော(၄)စီးသည် ၁၈၆၅ ခုနှစ်အတွင်းက
ကိုယ်ပိုင်ပုဂ္ဂလိက လုပ်ငန်းကိုင်ငန်းအောက်သို့ မည်သို့မည်ပုံလွှဲပြောင်းရောက်ရှိလာခဲ့ပုံ၊

ကမ္ဘာ့အကြီးဆုံးမြစ်ကြောင်းသွားသင်္ဘောအုပ်ကြီး၏
အခြေခံအုတ်မြစ်အဖြစ် မည်သည့်နည်းဖြင့် ရပ်တည်ထူမခဲ့ရပုံ တို့ကိုဖေါ်ပြထားပါသည်...။

ကစ်ပလင် ရေးစပ်ခဲ့သည့် " သဘောင်္အုပ်ကြီး ရှိလေရာ
( Road to Mandalay ) " အစချီ ကဗျာထဲဝယ် အစဉ်သဖြင့် နိစ္စဓူဝရပ်တည်နေခဲ့သော " ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ" ၏ သက်တမ်းသည်(၈၃)နှစ်အထိ အဓွန့်ရှည် ကြာညောင်းခဲ့၏။

ဤစာတမ်းတွင် ကုမ္ပဏီသည် ထိုအချိန်ကာလကြီးအတွင်း၌ မည်ကဲ့သို့မတည်ကြီးပွားခဲ့ရပုံ၊ တိုတောင်းသော ၁၈၈၅ခုနှစ်
အင်္ဂလိပ်- မြန်မာကျူးကျော်စစ်ပွဲအတွင်းကအရေးပါအရာရောက်သည့် အစိတ်အပိုင်း၌ မည်ကဲ့သို့ ပါဝင်ပတ်သက်ခဲ့ရပုံ၊

ဗမာပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍအား မည်ကဲ့သို့ ထောက်ကူပံ့ပိုးပေးခဲ့ရပုံတို့ကို
ဖေါ်ပြထားပါသည်။
ထို့ပြင်တစ်ဝ  ၁၉၄၁ခုနှစ်အတွင်း ဗမာပြည်သို့ ဖက်ဆစ်ဂျပန် ထိုးစစ်မြားဦးလှည့်လာခဲ့စဉ်က ရန်သူကို ခါးခါးသီးသီး ပြင်းပြင်းထန်ထန်
စစ်ထွက်ပြသည့်အနေဖြင့် အစီးရေ(၆၅၀)မျှ အင်အားရှိသော သင်္ဘောအုပ်ကြီးအနက်မှ အများစုအား မည်သို့မည်ပုံ နှစ်မြုပ်ခဲ့ရကြောင်းကိုလည်း
ဖေါ်ပြပါရှိလေ၏။
( Alister McCrae & Alian Prentice တို့ ရေးသားသော
" Irrawaddy Flotilla " ကို  " ကျော်ဦးလှ " ဘာသာပြန်ဆိုသည့်
" ဧရာဝတီဖလော်တီလာ "၏ စကားချီး မှ ကောက်နုတ်ဖေါ်ပြပါသည်။ )
----------------------------------------------------------------------

Irrawaddy Flotilla Company ( IFC ) " ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ"
ကို ၁၈၆၅ ခုနှစ်မှာ မြစ်ကြောင်းသွားသင်္ဘောအုပ်အဖြစ်
စကော့အမျိုးသားများဖြစ်သည့် Robert Findlay နှင့် William Denny တို့က
ထူထောင်ခဲ့ပါတယ်။

၁၉၂၁ခုနှစ်နောက်ပိုင်းမှာ ဧရာဝတီ ဖလော်တီလာ ဟာ ကမ္ဘာ့အကြီးဆုံး
မြစ်ကြောင်းသွားသင်္ဘောအုပ်ကြီးဖြစ်လာခဲ့ပါပြီး
မြန်မာပြည်မြစ်ကြောင်းများအတွင်း တစ်နှစ်ကို ခရီးသည် ၉သန်းအား
အစုန်အဆန်ပို့ဆောင်ပြေးဆွဲခဲ့ပါတယ်။
အဲဒီအချိန်တွေဟာ IFC ရဲ့ ရွှေရောင်တောက်ပနေတဲ့ အအောင်မြင်ဆုံး
အချိန်အခါတွေဖြစ်ပါတယ်.....။
IFC မှာ အရှည်ပေ(၃၀၀)ကျော်တဲ့  နံမည်ကြီးသဘောင်္တွေရှိပါတယ်။
ဒီသင်္ဘောတွေကတော့ Japan, Mysore, Siam, Nepal, Java ,Pekin,
Punjub, Assam , India, Ceylon , Mindoom အစရှိတဲ့သင်္ဘော
တွေဖြစ်ပြီးစစ်အတွင်းမှာ ဂျပန်စစ်တပ်လက်တွင်းမကျဆင်းအောင်
မိမိကိုယ်မိမိ ဖေါက်ခွဲနှစ်မြုပ်ခဲ့တဲ့ သင်္ဘောများဖြစ်ပါတယ်။
ပေ(၃၀၀)ကျော်သင်္ဘောကြီးအများစုဟာ ကသာမြို့မှာ 1942 ခုနှစ်
မေလ မှာနှစ်မြုပ်ခဲ့ပါတယ်။ IFC သင်္ဘောအုပ်ကြီးထဲက အကောင်းဆုံး၊
အမြန်ဆုံး၊ အခမ်းနားဆုံး သင်္ဘော(၃)စင်းရှိပါတယ်။

(1) Japan ( 1906 ခုနှစ်တွင်  နေမ၀င်အင်ပါယာ၏ အိမ်ရှေ့စံ ဝေလမင်းသား၊
နောင် ဂျော့ဘုရင်မင်းမြတ် ( George V) နှင့် ကြင်ယာတော် (နောင်တွင်
မေရီမိဘုရား - Queen Mary ဖြစ်လာမည့်သူ)တို့ မြန်မာပြည်သို့
တိုင်းခန်းလည့်လည်စဉ် ရန်ကုန်မှ မန္တလေးသို့ ပို့ဆောင်ပေးခဲ့ရသော
တော်ဝင်ခရီးစဉ်သုံး အကောင်းဆုံး IFC သင်္ဘော)။

(2) Mysore (1937 ခုနှစ် မြန်မာပြည်ခရီးစဉ်အတွင်း အိန္ဒိယ ဘုရင်ခံချုပ်
စီးနင်းလိုက်ပါခဲ့သော IFC သင်္ဘော )

(3) Siam (1906 ခုနှစ် မြန်မာပြည်ခရီးစဉ်အတွင်း ယိုးဒယား အိမ်ရှေ့မင်းသား
စီးနင်းလိုက်ပါခဲ့သော IFC သင်္ဘော )

ထို သမိုင်းအစဉ်အလာကြီးကြယ်ပြီး ခမ်းနားကောင်းမွန်လှတဲ့ IFC
သင်္ဘောကြီး သုံးစင်းဟာ ကျွန်တော်တို့ မြို့ရဲ့ ဧရာဝတီမြစ်အောက်မှာပဲ
ဖေါက်ခွဲနှစ်မြုပ်စတေးခံခဲ့ရတာပါ...။
ဒါကြောင့် ကသာမြို့ကို ရေသင်းချိုင်းလို့ ခေါ်ခဲ့ကြတယ်။
ကျွန်တော်တို့မြို့ရဲ့ မြစ်ကြမ်းပြင်ပေါ်မှာ စစ်အတွင်းက IFC သင်္ဘော
(၇၀)၀န်းကျင်နဲ့ ဘေးတွဲ ဇက် ပေါင်း ၁၀၀ကျော် အားလုံး အစီး
(၂၀၀) ၀န်းကျင် လဲလျောင်းအနားယူခဲ့ရတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း သင်္ဘောတွေကို အစိုးရက
ကန်ထရိုက်စံနစ်နဲ့ ပုဂလိက အဖွဲ့တွေကို ဖဆပလခေတ်ကတည်းက
တူးဖေါ်ခွင့်ပေးခဲ့ပါတယ်။
အဲဒီအချိန်က ပါလီမန်ခေတ်ပါ။ ကျွန်တော်တို့ ကသာမြို့ရဲ့
အမျိုးသားလွှတ်တော်အမတ်က ဦးဥာဏ်ထွန်း ဖြစ်တဲ့အချိန်အခါတွေပေါ့။

ဒီအချိန်ကတည်းကနေသင်္ဘောပေါင်းများစွာ ကို မြစ်ကြမ်းခင်းက
ဖေါ်ခဲ့ကြတာ ၁၉၉၀ ကျော်ပြီး ကာလတွေအထိ ပါပဲ...။

အဲဒီထဲကမှ ဂျပန်သင်္ဘောက ဖေါ်လို့ရတဲ့ ခေါင်းလောင်းနဲ့
တာပိန် ( Taping ) သင်္ဘောက ဖေါ်လို့ရတဲ့ ခေါင်းလောင်း
ကိုသင်္ဘောဖေါ်သူ ဦးပိုက်က ကသာမြို့ ရဲ့ မီးသတ်ဌာနကို
မြို့အတွက် လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
မီးသတ်ဌာနမှာ ယနေ့တိုင်ချိတ်ဆွဲထားပြီး အချိန်မှန်မှန်
နာရီသံများကို တိတ်ဆိတ်တဲ့အချိန်တွေမှာ ပိုပြီးကြားနေရပါတယ်။

ဒီလိုခမ်းနားကြီးကျယ်ခဲ့တဲ့ သင်္ဘောတွေထဲက ကျွန်တော်တို့မြို့မှာ
နစ်မြုပ်ခံရပြီး သူ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ သင်္ဘောခေါင်းလောင်း
အား ယနေ့တိုင် မီးသတ်ဌာနမှာ ချိတ်ဆွဲထားခြင်းခံရတဲ့ သင်္ဘော
နှစ်စီးအကြောင်းကို သိသလောက်မှီငြမ်းတင်ပြပါ့မယ်။
====================================

TAPING ( တာပိန် ) သင်္ဘော
-----------------------------
တာပိန်သင်္ဘောနှင့်ပတ်သက်ပြီးထွေထွေထူးထူး ကျွန်တော်သိပ်မသိပါ။
သိသလောက်ပြောရရင် တာပိန်သင်္ဘောကို ၁၉၀၉ ခုနှစ်မှာ IFC ကုမ္ပဏီက
တည်ဆောက်ခဲ့ပါတယ်။
မန္တလေး-ဗန်းမော် စာပို့သင်္ဘောအဖြစ်ဧရာဝတီမြစ်ကြောင်းတစ်လျှောက်
စုန်ဆန် သွားလာခဲ့ပါတယ်။
၁၉၄၂ခုနှစ်မှာ ဗန်းမော်မြို့မှာ ဆိုက်ကပ်ထားစဉ် ဂျပန်စစ်တပ်ရဲ့ ဖမ်းဆီး
သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။
၁၉၄၄ခုနှစ်မှာ အမေရိကန်-အင်္ဂလိပ်မဟာမိတ် ဗုံးကြဲလေယာဉ်တွေလက်ချက်နဲ့
ကသာမြို့အောက်နားမှာ နှစ်မြုပ်ခံခဲ့ရတဲ့သင်္ဘောဖြစ်ပါတယ်။
=======================================
ခေါင်းလောင်းနဲ့ပတ်သက်နေတဲ့ နောက်တစ်စီးကတော့
ဂျပန် လို့ အမည်ပေးထားတဲ့ အင်္ဂလိပ်ပိုင် IFC သင်္ဘောတစ်စီးဖြစ်ပါတယ်။
ဒီသင်္ဘောရဲ့အကြောင်းကတော့ တာပိန်သင်္ဘောလို အကျဉ်းရေးလို့မရပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာ့ အကြီးဆုံး မြစ်ကြောင်းသွားသင်္ဘောအုပ်စု
" ဧရာဝတီဖလော်တီလာ ကုမ္ပဏီ " ရဲ့ အကောင်းဆုံးသင်္ဘောကြီးဖြစ်နေလို့ပါပဲ..။
ကျွန်တော်ဖတ်မှတ်ထားသလောက် " ဂျပန်( JAPAN ) " သင်္ဘော အကြောင်း
ရေးသားဖေါ်ပြပါ့မယ်။
==================================

JAPAN ( ဂျပန် ) သင်္ဘော နှင့် မြန်မာပြည် တော်ဝင်ခရီး
--------------------------------------------------------

(၁၉၀၆)ခုနှစ်အတွင်းက ဗမာပြည်သို့တိုင်းခန်းလှည့်လည်တော်မူ
လာခဲ့သော ဗြိတိသျှ အိမ်ရှေ့ဥပရာဇာ မောင်တော်နှမတော်တို့၏
တော်ဝင်ခရီးစဉ်ထက် သာလွန်ထည်ဝါခမ်းနားသည့် မြစ်ကြောင်း
ခရီးစဉ်မျိုးကို ထပ်မံမတွေ့ရှိရတော့ပေ။
(၁၉၀၆)ခုနှစ်တွင် နောင်ပဉ္စမမြောက် ဂျော့ဘုရင်မင်းမြတ်နှင့် မေရီ
မိဘုရားကြီးတို့ ဖြစ်တော်မူလာကြအံ့သော ဝေလမင်းသားနှင့်
ကြင်ရာတော်တို့သည် " ဂျပန် " သင်္ဘောကို စီးနင်းလိုက်ပါတော
်မူကြလျက်မန္တလေးမှ ရန်ကုန်မြို့တော်သို့ စုန်ဆင်းတော်မူ
လာခဲ့ကြဖူးလေသည်။

ဤတော်ဝင်ခရီးစဉ်အတွက် အထူးတလည်စီမံထားသည့်အနေဖြင့်
" ဂျပန် " သင်္ဘော၏ ကိုယ်ထည်ကို အဖြူရောင်နှင့် ခေါင်းတိုင်အား
အ၀ါရောင် ခြယ်သပြုပြင်မွမ်းမံထားခဲ့၏။
ကပ္ပတိန် ဒူးလာတက်စ်တ် ကိုယ်တိုင် ရေတပ်ဗိုလ်မှူးချုပ်အဖြစ်နှင့်
ဤခရီးစဉ်တစ်ခုလုံးကို အုပ်ချုပ်ကွပ်ကဲခဲ့လေသည်။

( Alister McCrae & Alian Prentice တို့ ရေးသားသော
" Irrawaddy Flotilla " ကို  " ကျော်ဦးလှ " ဘာသာပြန်ဆိုသည့်
" ဧရာဝတီဖလော်တီလာ "မှ ကောက်နုတ်ဖေါ်ပြပါသည်။ )
---------------------------------------------------------------
မူရင်း စာပိုဒ်

The splendour of the river journey by the " Japan " in 1906
when the  Prince and Princess of Wales ,afterwards
King George V and Queen Mary, travelled down river from
Mandalay to Rangoon . Captain de la Taste, then Commodore
of the fleet, was in command; the hull was painted  white and
the funnel yellow for this particular occasion .
----------------------------------------------------------------
ဒီလောက်ဆို ဒီသင်္ဘောရဲ့ ခမ်းနားကြီးကျယ်မှုနဲ့ ဂျပန်လို့ အမည်ထိုးထားတဲ့
ကျွန်တော်တို့မြို့မီးသတ်ဌာနက ခေါင်းလောင်းကို နိုင်ငံခြားသားတွေ
ဘာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုတာ သိလောက်ပါပြီ...။

" စစ်အတွင်း စစ်ဆုပ်ခဲ့တဲ့ ဂျပန်သင်္ဘော "
-------------------------------------------
ဂျပန်သင်္ဘောဟာ ၁၉၄၂ခုနှစ် ဧပြီလ(၂၄)ရက် မှာ ဗမာ့လက်နက်ကိုင်တပ်ရင်း
( Burma Battalion )ကို တင်ပြီး မန္တလေးမှ ကသာသို့ ဆုတ်ခွာခဲ့ပါတယ်။
မန္တလေးဟာ ဂျပန်တို့ရဲ့ လေကြောင်းတိုက်ခိုက်ခြင်းဒဏ်ကို
ခံရပြီးချိန်ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကသာမြို့ကို စစ်ပြေးတွေဟာ မီးသင်္ဘောတွေနဲ့ တစ်သုတ်ပြီး
တစ်သုတ်ရောက်ရှိလာပါတယ်။
ဗူးလေးရာဖရုံဆင့်ဆိုသလို စစ်ဘေးနဲ့ အတူ ကပ်ရောဂါတွေပါပါလာပြီး
ကပ်ဘေးပါဆိုက်ကပ်နေကြပါတယ်။
၁၉၄၂ မတ်လမှာကို စစ်ဘေးရှောင် ကုလားလူမျိုးတွေ အိန္ဒိယကိုပြေးဖို့
ကသာမြို့မှာ သောင်တင်နေကြပါတယ်။

အရေးပိုင်ရုံးစာရေးတော်ကြီး ဦးစာရဲ့ နေ့စဉ်ဒိုင်ယာရီမှတ်တမ်းမှာ
" 26.3.1942 တန်ခူးလဆန်း ၁၁ ရက် ကြာသပတေးနေ့ ....
ဗြိတိသျှအစိုးရသည် အောက်မြို့ ကျေးရွာမှ စုပေါင်းပြီး ဟူရီယား ကုလားကူလီ
များကို တင်ဆောင်ယူခဲ့ရာ ပေါင်း ၁၀၀၀ ခန့်ကို လမ်းခရီးတွင် ကာလ၀မ်းဖြစ်၍ ၊
အချို့ ထွက်ပြေး၍ ၊ ကျန် ၇၀၀ ခန့်  ကသာ တစ်ဘက်ဆိပ်ကမ်း သောင်ပေါ်၌
သမ္ဗန် နှင့် ထားသည် " ဟု ရေးသားဖေါ်ပြထားတယ်။

သမ္ဗန် ဆိုသည်မှာ ဖလက်တွဲများကို ဆိုလိုပါတယ်။
ထိုအချိန်ကမီးသင်္ဘောများသည် ဖလက် တွဲ (ဇက်တွဲ ) နှစ်ခု ဘေးကပ်၍ ဆွဲကာ
ခုတ်မောင်းနေကြပြီး ဂျပန်သင်္ဘောသည်လည်း  ဖလက်တွဲနှစ်တွဲဖြင့် ကသာသို့
ဆန်တက်ခဲ့ကြတယ်။
ထိုဂျပန်သင်္ဘောနှင့် ဖလက်တွဲ နှစ်တွဲတွင် ဘားမားရိုင်ဖယ် တပ်မှ
အင်အား (၂၀၀၀)ခန့်ပါရှိသည်။ ဂျပန်သင်္ဘောသည် လူများစွာအားတင်ဆောင်
လာပြီး မြစ်ကျဉ်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ၁၉၄၂ခုနှစ် မေလ (၁)ရက်နေ့တွင်
ကသာမြို့ကို ရောက်ရှိလာပါတယ်။
၁၉၄၂ မေလ(၂)ရက်နေ့ တွင် သင်္ဘော အရာရှိများနှင့် လိုက်ပါလာသူအားလုံး
သင်္ဘောအားစွန့်ခွာ၍ အိန္ဒိယသို့ ဆက်လက်ထွက်ခွာသွားပါတယ်။
---------------------------------------------------------------------
( Alister McCrae & Alian Prentice တို့ ရေးသားသော
" Irrawaddy Flotilla " ကို  " ကျော်ဦးလှ " ဘာသာပြန်ဆိုသည့်
" ဧရာဝတီဖလော်တီလာ "မှ ကောက်နုတ်ထားသော ကသာမြို့သို့ ဆုတ်ခွာခဲ့သည့်
မှတ်တမ်းစာတစ်ပိုဒ်အားလည်း အောက်တွင် ဖေါ်ပြလိုက်ပါတယ်..။ )

ဧပြီလ(၃၀)ရက်၊ ၁၉၄၂ခုနှစ်။

ကျွန်ုပ်တို့သည် သင်္ဘောများကို ထပ်မံ၍ နှစ်မြုပ်လိုက်ကြပါသည်။
ထို့အပြင် တပ်မတော်သည်လည်း ကျွန်ုပ်တို့ တရွေ့ရွေ့ဖြင့် ခဲရာခဲဆစ်
ဆွဲငင်ယူဆောင်လာခဲ့သော လက်နက်ခဲယမ်းမီးကျောက်သင်္ဘောများနှင့်
တွဲသမန်များအားလုံးကို နှစ်မြှုပ်လိုက်ကြပါတယ်။
ကျွန်ုပ်တို့သည် ထောင်ပေါင်းများစွာသော စစ်ဘေးဒုက္ခသည်များကို ကသာ
အထိသယ်ဆောင်လာခဲ့ကြပါသည်။
ကသာ သို့ ဆိုက်ရောက်သွားပြီးသည့်နောက်တွင် သူတို့အတွက် ဘာများ
ဆက်ဖြစ်လာကြမည်နည်း။ ထို့အပြင် ကျွန်ုပ်တို့အတွက်ကော ဘာများ
ဆက်ဖြစ်လာကြဦးမည်နည်း။
ဂျပန်တို့သည် ထိုနည်း နှင်နှင်ပင် ဆက်လက်၍ ချီတက်သိမ်းပိုက်နေကြလေသည်။
ကျွန်ုပ်တို့ အနေဖြင့် ချင်းတွင်းမြစ်အား ဖြတ်ကူးနိုင်ခဲ့သည်ဆိုလျှင်တောင်မှ
တမူးလမ်းပွင့်နေလိမ့်မည်လော ဟူသည်ကို သံသယ ၀င်လာမိပေပြီ။

မေလ(၃)ရက်နေ့တွင် ဂျွန်မော်တန်၏ နောက်ဆုံးသင်္ဘောအုပ်စုသည် ကသာ
သို့ ဆိုက်ရောက်လာခဲ့လေသည်။ ထိုနေ့၌ပင် ဂျပန်တပ်တစ်တပ်သည်
အံ့ဖွယ်သရဲ လျင်မြန်ဖျတ်လတ်သော အရှိန်အဟုန်ဖြင့် ရှမ်းနယ်အထပ်ထပ်ကို ဖြတ်သန်း
လျက် ဗန်းမော်သို့ ရောက်ရှိလာခဲ့၏။ ဤတွင် သင်္ဘောများ အားလုံးကို ဖျက်ဆီး
နှစ်မြှုပ်ပစ်ရန် အလို့ငှာ ဗန်းမော်မြို့ဌာနေကိုယ်စားလှယ်အား သတိပေးရန်အတွက်
အားထုတ်ခဲ့သော မော်တန်၏ကြိုးစားမှုတို့သည် သဲထဲရေသွန် ဖြစ်ခဲ့ရလေသည်။
ဤသို့ဖြင့် ဗန်းမော်၌ကျောက်ချရပ်နားထားကြသည့် များစွာသော ဒလက်သင်္ဘော
များသည် ရန်သူ့လက်တွင်းသို့ ကျရောက်သွားခဲ့ရလေတော့၏။
ဌာနေကိုယ်စားလှယ် ကပ္ပတိန်ဖရန့်ခ် မတ်စ်ဂရေ့ဗ်သည် စစ်ဆုတ်ကြရင်းဖြင့်
ဗမာပြည်အထက်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီးသကာလ ဗန်းမော်တွင် ကိုယ်စားလှယ်
ရာထူးကို ၀င်ရောက်ထမ်းဆောင်နေရသူဖြစ်လေသည်။
ယခုတစ်ချိန်တွင်မူ ကပ္ပတိန် မတ်စ်ဂရေ့ဗ်သည် မြစ်ကြီးနားသို့ ကိုယ်လွတ်ရုန်း၍
ထွက်ပြေးသွားပြီးနောက် ထိုမှတဆင့် အာသံနယ် ဒီဘရူဂါမြို့သို့ ရှောရှောရှူရှူ
လွယ်လွယ်ကူကူပင်လွတ်မြောက်ဆိုက်ရောက်သွားခဲ့၏။
သူသည်မန္တလေးနှင့် ဗန်းမော်တို့အကြားရှိဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း
တို့၏ အခြေအနေများကို မကျက်မိခဲ့ပါချေ။ ထို့ကြောင့်ပင် ကပ္ပတိန် မတ်စ်ဂရေ့ဗ်
သည် ဗြိတိသျှ လူမျိုး ကုမဏီဝန်ထမ်းများအနက်မှ အောင်မြင်စွာထွက်ပြေးလွတ်မြောက်
လာသူဟူ၍ သူတစ်ဦးသ ရှိပေသည်ဟု ထင်မှတ်မှားခဲ့လေသည်။
္ဆဤကောက်နုတ်ယူဆချက်မှာကား အကြောင်းပြချက်အားဖြင့် မလျော်ကန်၍ ရှေ့နောက်
ညီညွတ်မှု မရှိပါဟူ၍ မဆိုနိုင်ချေ။ တကယ်တမ်းသော်မူ ကသာမှ ဆုတ်ခွာထွက်ပြေး
ကြရသော နောက်ဆုံးအသုတ် ဗြိတိသျှများမှာ " ဖလော်တီလာ ကုမဏီ " ၀န်ထမ်းများ
ပင် မဟုတ်ပါလော။ ထို့အတူပင် ချင်းတွင်းမြစ်ဝှမ်းမှ ထွက်ခွာတပ်ခေါက်ကြရသော
အင်္ဂလိပ်လူမျိုးနောက်ဆုံးအသုတ်သည် ကုမဏီ ၀န်ထမ်းများသာဖြစ်ကြကုန်၏။

မေလ(၃)ရက် ၊ ၁၉၄၂ ခုနှစ်
---------------------------

ကသာကို လှမ်း၍ မြင်တွေ့ရချေပြီ ။ သင်္ဘောများသည် (၁၀)စီးစီ ဘေးချင်းယှဉ်ကပ်၍၏
ကျောက်ချရပ်နားထားကြပြီးနောက် အားလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေကြ၏။
နောက်ဆုံးမီးရထားလည်း ထွက်ခွာသွားပြီဖြစ်သောကြောင့် မြို့သည်လူသူကင်းမဲ့နေလေ
သည်။
အဖွဲ့အစည်းများအား လိုက်လံစစ်ဆေးပြီးနောက် သင်္ဘောတိုင်းကို နှစ်မြုပ်ပစ်ရန်မှာကြား
လိုက်ရ၏။
ဦးစွာပထမကျွန်ုပ်တို့ ကား(၃)စီးကို ကမ်းပေါ်သို့ချခိုင်းလိုက်ပါသည်။
ထို့နောက်ကျွန်ုပ်တို့၏ စစ်တကောင်း ၀န်ထမ်းအားလုံးကို လုပ်ခများရှင်းလင်းပေးရန်နှင့်
သူတို့အား လွှတ်ပေးလိုက်ပါရန်ပြောကြားလိုက်၏။
သို့မှသာ သူတို့သည် မဏိပူရသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင်ပြေးနိုင်
ကြပေလိမ့်မည်။ချင်းတွင်းမြစ်သို့ အနည်းဆုံးမိုင်ပေါင်း (၁၅၀)မျှ လှမ်းပါသေးသည်။
ကားများသည် ခရီးသိပ်ဝေးဝေးကိုသွားနိုင်တော့လိမ့်မည် မဟုတ်ပေ။
နေ့ပိုင်းတွင် တိမ်မည်းတိမ်လိပ်ကြီးများဖြင့် မှိုင်းညို့အုံ့ဆိုင်းလာရာ မိုးရိပ်မိုးသက်များသည်
သိပ်မဝေးလှတော့ချေ။ ကျွန်ုပ်တို့သည် ဂျပန်တိုက်လေယာဉ်များ၏ ရန်မှ ကာကွယ်စိမ့်
သောငှာ တိမ်များ နိမ့်ကျအုံ့ဆိုင်းနေခြင်းကို လိုလားပါသည်။
သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် အခြေအနေ (၂)ရပ်စလုံးကို တစ်ပြိုင်နက်တည်း မရရှိ
နိုင်ပါ။
ဂျွန်မော်တန်သည် သူ၏ ဒိုင်ယာရီထဲတွင် အောက်ပါစာမျက်နှာကို နောက်ဆုံးရေးသား၍
မှတ်တမ်းပြုသွားခဲ့လေသည်။

မေလ (၄)ရက်၊ ၁၉၄၂ခှုနှစ်။
-----------------------------

ကျွန်ုပ်တို့သည် ယနေ့နံနက်(၄)နာရီတွင် ပြန်လည်၍ လူစုခဲ့ကြပါသည်။
သင်္ဘောများအား နှစ်မြုပ်ပစ်ခြင်းနှင့် လုပ်ခများအား ရှင်းလင်းပေးခြင်း လုပ်ငန်းများဖြင့်
တစ်ညလုံးအလုပ်ရှုပ်နေခဲ့ကြ၏။ ကျွန်ုပ်တို့သည် မဏိပူရသို့ ခရီးကြမ်းကြီး မစတင်မီ
တစ်နာရီခန့် အိပ်ရာဝင်ကြပါသည်။
ဂျွန်မော်တန်နှင့် သူ၏၀န်ထမ်းများသည် သူတို့ကိုယ်တရိပ်တကြည့်ကြည့်ဖြင့် ဂုဏ်ယူ
ဝင့်ကြွားစွာ အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော သင်္ဘောအုပ်ကြီးတစ်ခု
လုံးကို လက်လွတ်ဆုံးရှုံးခံခဲ့ကြရလေပြီတကား.....။

( မှတ်ချက် - မေလ(၄)ရက်နေ့တွင် ကသာမြို့သို့ ဂျပန်တို့ ဗုံးစချပါသည်။ )
=================================================

ဒါက ကျွန်တော် မီးသတ်ခေါင်းလောင်းကို အကြောင်းပြုပြီး စစ်အတွင်းက
IFC သင်္ဘောများ ဘယ်လိုစတေးခံခဲ့ကြတယ်၊ အိန္ဒိသို့ ကျွန်တော်တို့မြို့က
စစ်ဘယ်လို ဆုတ်သွားရတယ်ဆိုတာကိုဖေါ်ပြတာပါ...။

ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်သင်္ဘောပေါင်းများစွာ၊ လူပေါင်းများစွာ
စစ်ဒဏ်သင့်ခဲ့ရသည်။
တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုသလို လူဆိုး၊သူခိုး၊ဒါးပြ များစွာ၏
လက်ချက်ဖြင့် စစ်ဘေးပြေးလွှားရှောင်တိမ်းနေကြသူအချို့ အတိဒုက္ခရောက်ကြရသည်။
စစ်မီးသည် အတွင်းမီး အပြင်မီး မည်မျှ လောင်ကျွမ်းနိုင်သနည်းကို ကျွန်တော်တို့
နားလည်ခဲ့ရပါသည်။

ကျွန်တော့်မြို့၏ မြစ်မင်းဧရာဝတီကို ကြည့်ရင်းကျွန်တော် မမီလိုက်သည့်
ဒုတိယကမ္ဘာစစ်အတွင်း ကသာမြို့သမိုင်းကို ရေးရေးမမြင် ပြတ်ပြတ်ထင်ထင်မြင်နေရ
ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ဘိုးဘွား ရှေးလူကြီးများ၏မှတ်တမ်းများ၊
ပညာရှိများ၏ မှတ်တမ်းများ ကြောင့် ကျွန်တော်သို့ ရေးရေးမထင် ရှင်းလင်းပြတ်သား
စွာမြင်နိုင်ခဲ့ရသည်။

==============================================