Pages

Wednesday 17 August 2016

အင်းတော်မြို့နယ်အတွင်း  စာသင်ကျောင်း(၅)ကျောင်းဆောက်လုပ်ရန် ချထားပေးခြင်းအား ဆောက်လုပ်ခွင့်ရရန် ကျောင်းကော်မတီနှင့် ဆောက်လုပ်ရေးကုမ္ပဏီ တို့ အပြိုင်ဆွဲနေကြ.......

အင်းတော်မြို့နယ်အတွင်း  စာသင်ကျောင်း(၅)ကျောင်းဆောက်လုပ်ရန် ချထားပေးခြင်းအား ဆောက်လုပ်ခွင့်ရရန် ကျောင်းကော်မတီနှင့် ဆောက်လုပ်ရေးကုမ္ပဏီ တို့ အပြိုင်ဆွဲနေကြ.......

ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြင့် စာသင်ကျောင်းဆောက်လုပ်ရန် ချထားပေးခြင်းအား ဆောက်လုပ်ခွင့်ရရန် ကျောင်းကော်မတီနှင့် ရွှေကြယ် ငွေကြယ် ဆောက်လုပ်ရေးကုမ္ပဏီတို့ ၁၈.၈.၂၀၁၆ရက်နေ့ မြို့နယ် ထွေ/အုပ်ရုံးတွင် ထိပ်တိုက်ဆွေးနွေးကြမည်ဖြစ်သည်။

စာသင်ကျောင်းဆောက်လုပ်ရန် ဒေသဖွံ့ဖြိုးရေးရံပုံငွေ ရရှိသောကျောင်း(၅)ကျောင်းမှာ နမီးကျေးရွာ၊ဥသျှစ်ကုန်းကျေးရွာ၊ဟဲနုကျေးရွာ၊ပင့်တင်ကျေးရွာနှင့်တုံစည် ကျေးရွာမှ စာသင်ကျောင်းများဖြစ်ကြသည်။

မိမိကျေးရွာအတွက်အမှန်တစ်ကယ် စေတနာထားသောအဖွဲ့သာ ဆောက်လုပ်ခွင့် ရရှိစေလိုပါကြောင်း ရွာသူ/သားများပြောကြားချက်အရ သိရပေသည်။
#မော်လူးပုံရိပ်
Red Heart Images

0 comments:

Post a Comment